စားတော်ချက်ကျမ်း ကို ဟံသာဝတီ ပုံနှိပ်တိုက်က ၁၉၆၅ ခုနှစ်တွင် မြန်မာဘာသာဖြင့် ထုတ်ဝေသည်။ [၁]

မန္တလေးမြို့၊ အနောက်ခင်မကန် ပါဠိတက္ကသိုလ်နေ ကျောက်ဆောင်ကျောင်းဆရာတော် အရှင် ဝါသေဝ ပေးပို့လာသော ပေမူကို ဟံသာဝတီ ပါဠိဆရာများအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော ဦးခင်စိုး (သာသနဓဇ သီရိပဝရ စမ္မာစရိယ)၊ ဦးသိန်းဟန်၊ ဦးတင်နွယ်၊ ဦးဟန်ထွန်း၊ ဦးပု၊ ဦးရွှေဖူး နှင့် ဦးသိန်းဟန် တို့က တည်းဖြတ်ကာ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

ပါဝင်သော ဟင်းနည်းများ ပြင်ဆင်ရန်

ဤစာအုပ်တွင် ပါဝင်သောနည်းများကို ဟင်းမျိုးဆယ်ပါးအရ [၂] ခေါင်းစဉ်ခွဲရာ အောက်ပါအတိုင်း တွေ့ရသည် -

အချက် ပြင်ဆင်ရန်

  • ဝက်သား ဟင်းလေးချက်နည်း
  • ဝက်သားပေါင်း ဟင်းလေးချက်နည်း
  • ထောပတ်ထမင်း ချက်နည်း
  • အမဲချဉ်ခါး ချက်နည်း
  • အမဲဝမ်းတွင်းသား ချက်နည်း
  • ငါးပတ် ချက်နည်း
  • ဟင်းချို ချက်နည်း
  • ထန်းမြစ်ဟင်း ချက်နည်း
  • အရက် ချက်နည်း
  • ကုလားပဲဟင်း ချက်နည်း
  • ဒရယ်ချေးခါး ချက်နည်း
  • ချဉ်ပေါင် ချက်နည်း

အပြုတ် ပြင်ဆင်ရန်

  • ထမနဲ ကျိုနည်း

အဖုတ် ပြင်ဆင်ရန်

  • ငါးပိသမြိုင်ဖုတ်နည်း
  • ငါးလူး၊ ငါးလဲ၊ ငါးပတ်တစ် တို့ကို ဖုတ်နည်း
  • ငါးပိဿားရေကရာ ဖုတ်နည်း

အလှော် ပြင်ဆင်ရန်

  • ပဲကြီး လှော်နည်း
  • ကုလားပဲ လှော်နည်း

အကြော် ပြင်ဆင်ရန်

  • သရက်ရွက် ကြော်နည်း
  • ကြက်ဥ ကြော်နည်
  • ပိန္နဲရွက် ကြော်နည်း
  • မက်မန်းဥ ကြော်နည်း

အကျစ် ပြင်ဆင်ရန်

အကင် ပြင်ဆင်ရန်

  • ပုစွန်ထုပ် ကင်နည်း

အပေါင်း ပြင်ဆင်ရန်

  • ငါး ပေါင်းနည်း
  • အမဲ ပေါင်းနည်း

အထောင်း ပြင်ဆင်ရန်

  • ငရုတ် ထောင်းနည်း

အသုပ် ပြင်ဆင်ရန်

  • ကျွဲသား သုပ်နည်း
  • နွားသား သုပ်နည်း
  • ဝက်ခေါင်း သုပ်နည်း
  • အမဲစဉ်းကော သုပ်နည်း
  • အမဲအကြော သုပ်နည်း
  • ကြက်ဥ သုပ်နည်း
  • နှမ်းဖတ်ချဉ် တည်နည်း
  • သံပရာသီးချဉ် တည်နည်း
  • တမာရွက်ချဉ် တည်နည်း
  • ကင်းပုံသီးချဉ် တည်နည်း
  • ခရမ်းသီးချဉ် တည်နည်း
  • သရက်ရွက်ချဉ် တည်နည်း
  • ငါးချဉ် တည်နည်း
  • အမဲချဉ် တည်နည်း
  • ငါးချဉ်ဖြူ တည်နည်း
  • မန်ကျည်းရွက်ချဉ် တည်နည်း
  • သရက်သီးချဉ် တည်နည်း (အစို)
  • သရက်သီးချဉ် တည်နည်း (အခြောက်)
  • ငရုတ်ချဉ် တည်နည်း
  • ပဲသီးနုချဉ် တည်နည်း
  • ကြက်ဟင်းခါးသီးချဉ် တည်နည်း
  • ပေါက်ပန်းဖြူသီးချဉ် တည်နည်း
  • မျှစ်ချဉ် တည်နည်း
  • ဆိတ်ဖူးချဉ် တည်နည်း
  • ချင်းစိမ်းချဉ် တည်နည်း
  • မုန်လာခေါင်းချဉ် တည်နည်း
  • မုန်လာခေါင်းအရွက်ချဉ် တည်နည်း
  • ကတက်ရွက်ချဉ် တည်နည်း
  • ဟင်းကလာချဉ် တည်နည်း
  • ခရမ်းချဉ်သီးချဉ် တည်နည်း
  • သခွားသီးချဉ် တည်နည်း
  • ဖရဲသီးချဉ် တည်နည်း
  • ငါးကလေးချဉ် တည်နည်း
  • ဝက်သားချဉ် တည်နည်း
  • ကုလားပုန်းရည် တည်နည်း
  • ယုန်သားချဉ် တည်နည်း
  • ငါးပိကောင် လုပ်နည်း
  • ငါးပိ လုပ်နည်း
  • အမဲသနပ် လုပ်နည်း
  • ကြက်ဥမုန့် လုပ်နည်း
  • ရှားစောင်းကြီးသနပ် လုပ်နည်း
  • နာရီဆုပ် လုပ်နည်း
  • ကင်းပုံသီး သိပ်နည်း

အခြား မီးဖိုချောင်သုံးနည်းများဖြစ်သည့် အောက်ပါတို့ကိုလည်း တွေ့ရသည် -

  • မန်ကျည်းရွက်နု ထားနည်း
  • ပဲပင်ပေါက် ပျိုးနည်း
  • ဆားငန် နုတ်နည်း
  • နနွင်းနိုင်သည်ကို နုတ်နည်း
  • အသား တာရှည်ခံအောင် စီမံနည်း

ကိုးကား ပြင်ဆင်ရန်

  1. "စားတော်ချက်ကျမ်း"၊ ဒုတိယအကြိမ်။ ဟံသာဝတီ စာစဉ် (၆၃၅)။ ဟံသာဝတီ ပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၆၅၊ မေ။
  2. အာဒိစ္စရံသီ၊ မုံရွေးဇေတဝန်ဆရာတော်။ "မုံရွေးမှတ်စု "၊ ဒုတိယအကြိမ်။ ဟံသာဝတီ ပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၆၅ ဒီဇင်ဘာ။