ယနေ့အထူးဓာတ်ပုံ
မြင်းခေါင်း နက်ဗျူလာ
မြင်းခေါင်း နက်ဗျူလာ သည် အိုရိုင်ယွန် ကြယ်စုတန်းမှ နက်ဗျူလာနက်ဖြစ်သည်။ ယင်းအား ၁၈၈၈ ခုနှစ်တွင် စကော့တလန်လူမျိုး နက္ခတ္တပညာရှင် Williamina Fleming ဆိုသူက ဟာဗတ်ကောလိပ် နက္ခတာရာမျှော်စင်၌ ပထမဆုံး မှတ်တမ်းတင်ခဲ့သည်။ မြင်းခေါင်း နက်ဗျူလာသည် ကမ္ဘာမြေမှ အလင်းနှစ် ၁၅၀၀ နီးပါး ကွာဝေးသည်။ ယင်းနက်ဗျူလာသည် ကမ္ဘာမြေမှ ကြည့်ပါက မြင်းခေါင်းနှင့်တူသောကြောင့် ခွဲခြားမှတ်သားရန် အလွယ်ကူဆုံး နက်ဗျူလာများထဲမှ တစ်ခုဖြစ်သည်။ နက်ဗျူလာ၏ အနီရောင်သမ်းနေသောအပိုင်းသည် နောက်ကွယ်မှ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ကြောင့်ဖြစ်သည်။ မှောင်သော အခြမ်းများမှာ အလင်းအား ကာဆီးနေသည့် ထူထပ်သော ဖုန်မှုန်များကြောင့် ဖြစ်သည်။ဓာတ်ပုံ။ Ken Crawford