ရန်ကုန်မြို့ရှိ ယခင်တရားရုံးချုပ် အဆောက်အအုံသည် ကိုလိုနီခေတ်ပြယုဂ် ဗိသုကာ အဆောက်အအုံဖြစ်ပြီး အမှတ် ၈၉/၁၃၃ ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ [၁]
တရားရုံးချုပ်ဟောင်း |
---|
အင်္ဂလိပ်: High Court Building |
|
|
အထွေထွေ အချက်အလက်များ |
---|
ဗိသုကာစတိုင် | အန်းနီဘုရင်မခေတ်ဗိသုကာလက်ရာ |
---|
တည်နေရာ | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
---|
နိုင်ငံ | မြန်မာနိုင်ငံ |
---|
လက်ရှိ အငှားနေထိုင်သူ | ရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ် |
---|
တည်ဆောက်မှု စတင် | ၁၉၀၅ |
---|
ပြီးစီး | ၁၉၁၁ |
---|
ဖောက်သည် | ဗြိတိသျှဘားမားအစိုး |
---|
ပိုင်ဆိုင်သူ | မြန်မာနိုင်ငံတော်အစိုးရ |
---|
ဒီဇိုင်းနှင့် တည်ဆောက်မှု |
---|
ဗိသုကာပညာရှင် | James Ransome |
---|
၂၀၀၆ ခုနှစ် မတိုင်မီထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ထို တရားရုံးချုပ်အဆောက်အအုံဝင်းအတွင်းတည်ရှိသည်။
တရားရုံးချုပ်အဆောက်အအုံကို ဗိသုကာပညာရှင် James Ransome မှ ဒီဇိုင်းဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၁၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ [၂][၃]ထိုအဆောက်အအုံသည် ဗြိတိသျှ အန်းနီဘုရင်မခေတ် ဗိသုကာလက်ရာ ပုံစံဖြစ်ပြီး နာရီစင်ပါဝင်ကာ အုတ်နီများဖြင့် အဆောက်အအုံကို တည်ဆောက်ထားသည်။
တရားရုံးချုပ်ဟောင်း အဆောက်အအုံသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် ပါဝင်ပြီး မြို့တော်ခန်းမအနီး လွတ်လပ်ရေးကျောက်တိုင်နှင့် မဟာဗန္ဓုလ ပန်းခြံတို့၏ မျက်နှာချင်းဆိုင်တွင်တည်ရှိသည်။
Panoramic view over the western side of Square ward building
| Yangon High Court |
| Yangon High Court |
| Front lobby of the High Court shortly after World War II |
| Lobby staircase in 2012 |
|
- ↑ Reid & Grosberg (2005), p.105
- ↑ Falconer et al. (2000), p. 78
- ↑ World and Its Peoples: Eastern and Southern Asia By Marshall Cavendish, p. 633