မဟာဗန္ဓုလ ပန်းခြံ
မဟာဗန္ဓုလ ပန်းခြံ သည် ရန်ကုန်မြို့ရှိ ကျော်ကြားသော အများပြည်သူ အပန်းဖြေရာ နေရာ ဖြစ်သည်။ အရှေ့ဘက်တွင် မဟာဗန္ဓုလ ပန်းခြံလမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်း၊ တောင်ဘက်တွင် ကုန်သည်လမ်း နှင့် မြောက်ဘက်တွင် မဟာဗန္ဓုလလမ်း တို့ကြားတွင် တည်ရှိသည်။ ပန်းခြံပတ်လည်တွင် ဆူးလေဘုရား၊ ရန်ကုန်မြို့တော်ခန်းမ၊ တရားရုံးချုပ်အဆောက်အဦးဟောင်း၊ ဧဝံဂေလိ ဘုရားကျောင်း နှင့် အမေရိကန်သံရုံဟောင်း၊ ဗဟိုဘဏ်အဆောက်အဦး ဟောင်း တို့တည်ရှိသည်။ [၁] ၁၉၄၈ ခုတွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသော အထိမ်းအမှတ် ကျောက်တိုင်လည်း ပန်းခြံတွင်းတွင် တည်ရှိသည်။ ပန်းခြံကို ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) တွင် အသက်စွန့် တိုက်ခိုက်ခဲ့သော စစ်သူကြီး မဟာဗန္ဓုလ အား ဂုဏ်ပြုသော အားဖြင့် အမည် မှည့်ခေါ် ထားသည်။
မဟာဗန္ဓုလ ပန်းခြံ | |
---|---|
မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင် | |
အမျိုးအစား | မြို့ပြပန်းခြံ |
တည်နေရာ | ရန်ကုန်မြို့ |
ကိုဩဒိနိတ် | 16°46′22.88″N 96°09′34.27″E / 16.7730222°N 96.1595194°Eကိုဩဒိနိတ်: 16°46′22.88″N 96°09′34.27″E / 16.7730222°N 96.1595194°E |
ဧရိယာ | ၇.၅ ဧက (၃.၀ ဟက်တာ) |
ဖန်တီး | ၁၈၆၇-၁၈၆၈ |
လုပ်ကိုင်သူ | ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ |
လက်ရှိ အခြေအနေ | တနှစ်ပတ်လုံးဖွင့် |
သမိုင်းကြောင်း
ပြင်ဆင်ရန်ယခင် က ၁၈၆၇ခုနှစ်၊ ၁၈၇၁ ခုနှစ်တို့တွင် ရန်ကုန်မြို့ကို အကွက်ချ ပြုပြင်ခဲ့သော မဟာဝန်ရှင်တော်မင်းကြီး မေဂျာဂျင်နရယ် အဲလ်ဘတ်ဖိုက်ချ် ကို အစွဲပြု၍ ဖိုက်ချ်စကွဲ ဟု ခေါ်သည်။ [၂] ထိုနေရာသည် ယ္ခင်က တင့်စကွဲဟု သိကျသော ညွန်ပေါသော နေရာလွတ်ကြီးတစ်ခုသာဖြစ်ပြီး အများပြည်သူ အပန်းဖြေရာနေရာအဖြစ် ရှင်းလင်းအကွက်ချခဲ့ရသည်။ [၃] ရန်ကုန်ရှိ ချမ်းသာသော အမေရိကန်ကုမ္ပဏီတစ်ခုမှ စကျင်ကျောက်တို့ဖြင့် ထုလုပ်ထားသော ဝိတိုရိယ ဘုရင်မကျောက်ရုပ်ကို လက်ဆောင်အဖြစ်ပေး၍ ပန်းခြံ၏ အလယ်တွင် ၁၈၉၆ ခုနှစ်တွင် ထားရှိခဲ့သည်။ [၄][၅] ၁၉၃၅ ခုနှစ်လွန်ခဲ့ပြီးနောက် အမျိုးသားစိတ်ဓာတ်များ ရင့်သန်လာသောအခါတွင် ထိုရင်ပြင်အား ဗန္ဓုလရင်ပြင်ဟု အမည့်ပြောင်းလဲခဲ့သည်။ [၅]အင်္ဂလိပ်ခေတ်က ညနေစောင်းအခါများ၌ ပန်းခြံတွင်းတွင် အင်္ဂလိပ်ဘင်ခရာ အဖွဲ့သာ ဖျော်ဖြေရပြီး နောင်တွင်မှ မြန်မာအငြိမ့် များပါ ဖျော်ဖြေခဲ့ကြသည်။ [၆]
ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသော အထိမ်းအမှတ် ကျောက်တိုင်ကို ၁၉၄၈ ခုတွင် ယခင် ဝီတိုရိယဘုရင်မကြီး ရုပ်တုနေရာ၌ ထားရှိခဲ့သည်။ ဝီတိုရိယဘုရင်မကြီးရုပ်တုကို မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံသို့ ပြန်သယ်သွားခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်၏ ဗိသုကာပညာရှင်မှာ စည်သူဦးတင်ဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမကို ဆောက်လုပ်ခဲ့သော ပညာရှင်လည်းဖြစ်သည်။[၇] ပန်းခြံအား ၂၀၁၂ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။ [၈]
ကိုးကား
ပြင်ဆင်ရန်- ↑ Let's Go Southeast Asia။ Macmillan။ 2005။ ISBN 0-312-33567-9, 9780312335670
|isbn=
တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)။ - ↑ Thant Myint-U။ "Forgotten treasures"၊ 2 December 2011။ 6 October 2013 တွင် ပြန်စစ်ပြီး။
- ↑ Fytche Square, Rangoon။ The British Library (26 March 2009)။ 13 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2015 တွင် ပြန်စစ်ပြီး။
- ↑ "Indian Engineering" (1904) XXXV: 122.
- ↑ ၅.၀ ၅.၁ Cernea၊ Ruth Fredman (2007)။ Almost Englishmen: Baghdadi Jews in British Burma။ Lexington Books။ pp. 11, 22, 130။ ISBN 9780739116470။
- ↑ နဂါးဗိုလ် ထိပ်တင်ဒွေး၊ ရန်ကုန်ရာဇဝင်၊ စာမျက်နှာ ၆၈
- ↑ Seekins၊ Donald M. (2014)။ State and Society in Modern Rangoon။ Routledge။ pp. 36, 73။ ISBN 9781317601548။
- ↑ Zon Pann Pwint။ "Parks and recreation"၊ Myanmar Times၊ 30 June 2014။ 13 July 2015 တွင် ပြန်စစ်ပြီး။