တရုတ်ပြည် အပ်ရောင်းသွား
တရုတ်ပြည် အပ်ရောင်းသွား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်အပ်ပေါများသော တရုတ်ပြည်သို့ အပ်သွားရောင်းသကဲ့သို့ ဒေသတစ်ခုတွင် ပေါများစွာ ရှိနေသော အရာမျိုးကို ထိုဒေသသို့ သွားရောက်ဖြန့်ဖြူးရန် အကြောင်းမတန် အားထုတ်သည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "ရှေးခါပုံစံ၊ ထုံးနည်းပြန်အံ့၊ နှိုင်းစံပုံထုတ်၊ တရုတ်ပြည်မှာ၊ အပ်ရောင်းပါအံ့၊" [၈၄၂] တောင်တွင်း * ၆။
- "ဂန္ဓာရတိုင်းပြည်၊ တရုတ်မြေမှာ၊ ရွှေနှင့်ကပ်၍၊ အပ်ကိုရောင်းသော်လည်း အကြောင်းမလျော်သကဲ့သို့ ရှိမည်ကြောင့်၊" [၁၂၂၅-ခန့်] ပုည။ ၁၃၁။