တရုတ်အလယ်ပိုင်း

ပထဝီဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဒေသ

တရုတ်အလယ်ပိုင်း (အင်္ဂလိပ်: Central China; ရိုးရှင်းတရုတ်: 华中; ရိုးရာတရုတ်: 華中; ပင်ယင်: Huázhōng) သည် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်ဟူပေပြည်နယ်နှင့် ဟူနန်ပြည်နယ်တို့ ပါဝင်သော ရောထွေးနေသည့် ယဉ်ကျေးမှုများ ရှိသည့် ပထဝီဝင်ဒေသတစ်ခု ဖြစ်သည်။ ရံဖန်ရံခါတွင် ကျန်းရှီးပြည်နယ်ကို ဤဒေသ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရည်ညွှန်းလေ့ရှိသည်။ တရုတ်အလယ်ပိုင်းဒေသသည် ယခုအခါ တရုတ်တောင်အလယ်ပိုင်းဒေသ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ချမှတ်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ၏ တရုတ်အလယ်ပိုင်း တိုးတက်ရေး အစီအစဉ် (Rise of Central China Plan) အရ ဆန်းရှီးပြည်နယ်နှင့် အန်းဟွေးပြည်နယ်အပါအဝင် ပတ်ဝန်းကျင် ပြည်နယ်များကို တရုတ်အလယ်ပိုင်းဒေသ ဖွံ့ဖြိုးရေးဇုန်များအဖြစ် သတ်မှတ်ထားသည်။

တရုတ်အလယ်ပိုင်းဒေသ
အစိမ်းရောင် = တရုတ်အလယ်ပိုင်း တိုးတက်ရေး အစီအစဉ်

အုပ်ချုပ်ရေးအပိုင်းအခြားများ ပြင်ဆင်ရန်

GB[၁] အိုင်အက်စ်အို အမှတ်[၂] ပြည်နယ် တရုတ်အမည် မြို့တော် လူဦးရေ သိပ်သည်းမှု ဧရိယာ အတိုကောက်/သင်္ကေတ
HA 41 ဟဲနန်ပြည်နယ် 河南省
Hénán Shěng
ကျင့်ကျိုးမြို့ ၉၄,၀၂၃,၅၆၇ ၅၆၃.၀၁ ၁၆၇,၀၀၀
HB 42 ဟူပေပြည်နယ် 湖北省
Húběi Shěng
ဝူဟန်မြို့ ၅၇,၂၃၇,၇၄၀ ၃၀၇,၈၉ ၁၈၅,၉၀၀
È
HN 43 ဟူနန်ပြည်နယ် 湖南省
Húnán Shěng
ချန်ဆားမြို့ ၆၅,၆၈၃,၇၂၂ ၃၁၂.၇၇ ၂၁၀,၀၀၀
Xiāng

မြို့ပြလူဦးရေ တစ်သန်းကျော်သော မြို့ကြီးများ ပြင်ဆင်ရန်

ပြည်နယ်မြို့တော်များအား စာလုံးထူဖြင့် ပြထားသည်။

# မြို့ မြို့ပြဧရိယာ[၃] District area[၃] City proper[၃] ပြည်နယ် သန်းခေါင်စာရင်း
ဝူဟန်မြို့ ၇,၅၄၁,၅၂၇ ၉,၇၈၅,၃၈၈ ၉၇၈၅,၃၈၈ HB ၂၀၁၀ နိုဝင်ဘာ ၁
ကျင့်ကျိုးမြို့ ၃,၆၇၇,၀၃၂ ၄,၂၅၃,၉၁၃ ၈,၆၂၇,၀၈၉ HA ၂၀၁၀ နိုဝင်ဘာ ၁
ချန်ဆားမြို့ ၂,၉၆၃,၂၁၈ ၃,၀၉၂,၂၁၃ ၇,၀၄၀,၉၅၂ HN ၂၀၁၀ နိုဝင်ဘာ ၁
လို့ယန်မြို့ ၁,၅၈၄,၄၆၃ ၁,၉၂၆,၀၇၉ ၆,၅၄၉,၉၄၁ HA ၂၀၁၀ နိုဝင်ဘာ ၁
ရှန်းဖန်မြို့[note ၁] ၁,၄၃၃,၀၅၇ ၂,၁၉၉,၆၉၀ ၅,၅၀၀,၃၀၇ HB ၂၀၁၀ နိုဝင်ဘာ ၁
ဟန်းယောင်မြို့ ၁,၁၁၅,၆၄၅ ၁,၁၃၃,၉၆၇ ၇,၁၄၈,၃၄၄ HN ၂၀၁၀ နိုဝင်ဘာ ၁
ရီချန်းမြို့ ၁,၀၄၉,၃၆၃ ၁,၄၁၁,၃၈၀ ၄,၀၅၉,၆၈၆ HB ၂၀၁၀ နိုဝင်ဘာ ၁

မှတ်စု ပြင်ဆင်ရန်

  1. ၂၀၁၀ ဒီဇင်ဘာ ၂ တွင် ရှန်းဖန်မြို့ကို ရှန်းယောင်မြို့ဟု အမည်ပြောင်းခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. တရုတ်နိုင်ငံ၏ ပြည်နယ်များအတွက် GB/T 2260 ကုဒ်များ
  2. ISO 3166-2:CN (တရုတ်နိုင်ငံ၏ ပြည်နယ်များအတွက် ISO 3166-2 ကုဒ်အမှတ်များ)
  3. ၃.၀ ၃.၁ ၃.၂ 国务院人口普查办公室、国家统计局人口和社会科技统计司编 (2012)။ 中国2010年人口普查分县资料။ Beijing: 中国统计出版社 [China Statistics Press]။ ISBN 978-7-5037-6659-6