တိလောရာကု သည် နီပေါနိုင်ငံတောင်ပိုင်း၊ ကပိလဝတ်ခရိုင်၊ လုမ္ဗိနီဇုန်တွင် တည်ရှိသည့် ကျေးရွာတစ်ခု ဖြစ်သည်။ ၁၉၉၁ ခုနှစ် နီပေါနိုင်ငံ၏ လူဦးရေစာရင်းအရ ကျေးရွာတွင် အိမ်ထောင်စု ၉၄၄ စု ရှိပြီး လူဦးရေ ၅၆၈၄ ဦး နေထိုင်သည်။ သက္ကတိုင်း၏ ရှေးဟောင်းမြို့တော် ကပိလဝတ်ရှိ အဓိကကျသည့်နေရာတစ်ခု ဖြစ်သည်။[၁] ထိုနေရာတွင် ဂေါတမြတ်စွာဘုရားသည် ၂၉ နှစ် သီတင်းသုံးနေထိုင်ခဲ့သည်။ ထိုနေရာသည် လုမ္ဗိနီတောအုပ်၏ အနောက်ဘက်တွင် တည်ရှိပြီး ဂေါတမမြတ်စွာဘုရား၏ မွေးဖွားရာနေရာအဖြစ် ပွဲတော်များ ကျင်းပသည်။ ဤနေရာကို ယူနက်စကိုစမ်းသပ်နေရာဖြစ် သတ်မှတ်ပေးရန် ၁၉၉၆ ခုနှစ်တွင် နီပေါနိုင်ငံအစိုးရက စာရင်းသွင်းခဲ့သည်။[၂]

တိလောရာက
ုTilaurakot

तिलौराकोट
Village development committee
The east gate at the Tilaurakot archaeological site.
The east gate at the Tilaurakot archaeological site.
တိလောရာက ုTilaurakot သည် နီပေါနိုင်ငံ တွင် တည်ရှိသည်
တိလောရာက ုTilaurakot
တိလောရာက
ုTilaurakot
တိလောရာက ုTilaurakot သည် South Asia တွင် တည်ရှိသည်
တိလောရာက ုTilaurakot
တိလောရာက
ုTilaurakot
Location in Nepal
ကိုဩဒိနိတ်: 27°35′N 83°05′E / 27.58°N 83.08°E / 27.58; 83.08ကိုဩဒိနိတ်: 27°35′N 83°05′E / 27.58°N 83.08°E / 27.58; 83.08
နိုင်ငံ နီပေါ
ဇုန်Lumbini Zone
ပြည်နယ်Province No. 5
တိုင်းKapilvastu District
လူဦးရေ (1991)
 • စုစုပေါင်း၅၆၈၄
အချိန်ဇုန်Nepal Time (UTC+5:45)

သမိုင်း ပြင်ဆင်ရန်

၁၉ ရာစုတွင် တရုတ်လူမျိုးဗုဒ္ဓဘာသာရဟန်းများ ဖြစ်ကြသည့် Faxian နှင့် နောက်ပိုင်းကာလတွင် Xuanzang တို့က ဖော်ပြထားခဲ့ကြသည့် အချက်အလက်များကို ကပိလဝတ်သမိုင်းဝင်နေရာတွင် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြသည်။ ထိုရဟန်းနှစ်ပါးသည် ဤနေရာသို့ ဘုရားအဖူးအဖြစ် အချိန်ကာလစောစွာကပင် လာရောက်ခဲ့ကြသူများ ဖြစ်သည်။[၃][၄][၅][၆] အချို့သော ရှေးဟောင်းသုတေသနပညာရှင်များက တိလောရာကုရှေးဟောင်းအမွေအနှစ်နေရာအား ကပိလဝတ်သမိုင်းဝင်နေရာဟု သတ်မှတ်ကြသည်။[၇] အချို့ကမူ အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်ရှိ Piprahwa မှ ၁၆ ကီလိုမီတာအကွာတွင် ရှိသည်ဟု ဆိုကြသည်။[၈][၉]

တိလောရာကုကို ၁၈၉၉ ခုနှစ်တွင် PC Mukherji ထိုတရုတ်ရဟန်းနှစ်ပါး၏ သမိုင်းကြောင်းကို လေ့လာရင်းဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုရဟန်းနှစ်ပါးသည် တိလောရာကုသို့ ၃ ရာစုနှင့် ၆ ရာစုများက လာရောက်လည်ပတ်ခဲ့ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များ၏ ဘီစီ ၉ ရာစုနှ အေဒီ ၃ ရာစုအထိ တိလောရာကုသည် မြို့ပြုနေရာဖြစ်ခဲ့သည်ဟု ဆိုကြသည်။ ပညာရှင်များသည် နန်းတော်များ၊ ကျောင်းတော်များ၊ အဆောက်အဦများ၊ ပန်းပုများ၊ ရေကန်များ၊ လမ်းများတွေ့ရှိခဲ့ကြပြီး ၎င်းသည်ပင် သက္ကတိုင်း၏ မြို့တော်နှင့် မြတ်စွာဘုရား၏ မွေးရပ်မြို့အဖြစ် သက်သေထူနေသည်။ တူးဖော်ရှာဖွေမှုများ ပြုစဉ်က တွေ့ရှိခဲ့သည်များမှ အချို့ကို လည်ပတ်သူများ ကြည့်ရှုနိုင်ရန် တိလောရာကု အနီးရှိ ကပိလဝတ်ပြတိုက်တွင် ထိန်းသိမ်းပြသထားသည်။

ယူနက်စကိုယာယီစာရင်းနေရာ ပြင်ဆင်ရန်

တိလောရာကုတွင် ယနေ့အချိန်ထိတိုင်အောင်ပင် တူးဖော်မှုများကို လုပ်ဆောင်နေပြီး ဤနေရာသည်လည်း မြတ်စွာဘုရား၏ ခမည်းတော် သုဒ္ဓေါဒနဘုရင်ကြီး၏ နန်းတော်နေရာဖြစ်ကြောင်းကို သက်သေထူနိုင်ခဲ့သည်။ နန်းတော်နေရာသုံးခုကို တူးဖော်ပြီး ဖြစ်ပြီး မြို့တစ်ခုလုံး၏ အခြားသော နန်းတော်များကိုလည်း တူးဖော်မှုအတွင်း တွေ့ရှိဦးမည် ဖြစ်ပြီး ၎င်းအပြင် အခြားများစွာသော အနုပညာများ၊ ဗိသုကာများ၊ ဘဝဆိုင်ရာများနှင့် ဆက်ခံသူများ၏ ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိမည် ဖြစ်သည်။ ထို့အပြင် နောက်ဆုံးအဖြစ် တူးဖော်မှုပြီးဆုံးသွားပါက ရှာဖွေမှုများမှ ရရှိသည်များကို စုပေါင်း၍ ဤနေရာကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းဝင်ရန် အကူအညီအထောက်အပံ့ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ ဤနေရာကို နီပေါနိုင်ငံအစိုးရက ၁၉၉၆ ခုနှစ်ကတည်းက ယူနက်စကိုယာယီစာရင်းတွင် စာရင်းတင်သွင်းထားပြီး ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Nepal Census 2001Nepal's Village Development CommitteesDigital Himalaya။ 14 December 2008 တွင် ပြန်စစ်ပြီး။
  2. https://whc.unesco.org/en/statesparties/np
  3. Beal, Samuel (1884). Si-Yu-Ki: Buddhist Records of the Western World, by Hiuen Tsiang. 2 vols. Translated by Samuel Beal. London. 1884. Reprint: Delhi. Oriental Books Reprint Corporation. 1969. Volume 1
  4. Beal, Samuel, trans. (1911). The Life of Hiuen-Tsiang. Translated from the Chinese of Shaman (monk) Hwui Li. London. Reprint Munshiram Manoharlal, New Delhi. 1973.
  5. Li, Rongxi (translator) (1995). The Great Tang Dynasty Record of the Western Regions. Numata Center for Buddhist Translation and Research. Berkeley, California. ISBN 1-886439-02-8
  6. Watters၊ Thomas (1904)။ On Yuan Chwang's Travels in India, 629-645 A.D. Volume1။ Royal Asiatic Society, London။
  7. Tuladhar၊ Swoyambhu D. (November 2002)၊ "The Ancient City of Kapilvastu - Revisited" (PDF)Ancient Nepal (151): 1–7
  8. Srivastava, KM (1980). "Archaeological Excavations at Piprāhwā and Ganwaria and the Identification of Kapilavastu". The Journal of the International Association of Buddhist Studies 13 (1): 103–10. 
  9. Shailvee Sharda (May 4, 2015). UP’s Piprahwa is Buddha’s Kapilvastu? Times of India