တိုင်ဖုန်း (ရှေးဟောင်းဂရိ: Tυφώς) သည် ဂရိဒဏ္ဍာရီအရ မူလနတ်ဘုရားမ ဂိုင်အာနှင့် တားတရပ်တို့မှ ပေါက်လာသည့် နောက်ဆုံးသား ဖြစ်သည်။ မကောင်းဆိုးဝါးတို့၏ ဖခင်ဟု လူသိများသည်။ သူ့ဇနီး အိတ်ချီဒနာ သည်လည်း မကောင်းဆိုးဝါးတို့၏ မိခင်ကြီး ဖြစ်သည်။

နတ်မင်းတို့ကို အကျဉ်းချသည့် ဇုကို ဂိုင်အာ၏ အလိုကျ တိုက်ခိုက်ရာ ဇု အရိုးတခြား အသားတခြား ဖြစ်သွားသည်။ ဟာမိက ပြန်စုပေးရသည်။ နောက်တကြိမ်တိုက်ကြရာ တိုင်ဖုန်း ရှုံးပြီး အက်တနာတောင်ခြေ၌ အကျဉ်းချခံရသည်။

သားသမီးများ ပြင်ဆင်ရန်

အိတ်ချီဒနာနှင့် အမျိုးအစားစုံ သားသမီးများ ရသည် −

  • ခေါင်းနှစ်လုံးနှင့် ခွေးနက်ကြီး အော်သရပ်
  • မနုဿီဟ
  • လက်နက်တို့ မဖောက်နိုင်သော အရေရှိသည့် နီမီယာ၌ နေသည့် ခြင်္သေ့ကြီး
  • ခေါင်းသုံးလုံးနှင့် ခွေးနက်ကြီး စာဘီရပ်
  • မြွေနဂါး လက်ဒန်
  • လာနာရေကန်၌ နေသည့် ခေါင်းသုံးလုံးနှင့် ရေနဂါးမ ဟိုက်ဒရာ (ခေါင်းအရေအတွက်ကို ၅ လုံး၊ ၇ လုံး၊ ၉ လုံးဟူ၍လည်း ဆိုကြ)
  • မီးမှုတ်နိုင်သော ချီမာရာ ခြင်္သေ့မ