တိုဗဂ္ဂန်စီးခြင်းသည် ‌ဆောင်းရာသီကစားနည်းတစ်မျိုးဖြစ် သည်။ တိုဗဂ္ဂန်ဟူသည်မှာ ပျဉ်ပြားများ ‌ပေါင်းစပ်ထား‌သော ချပ်ပြားကြီးဖြစ်၍ ထိပ်ဘက်တွင် ဦး‌ကော့ထားသည်။ ‌အောက် ‌ခြေမျက်နှာပြင်ကို ‌ချောမွတ်‌နေ‌အောင် ပွတ်တိုက်ထားရသည်။ အရှည်မှာ ၈ ‌ပေခန့်ရှိ၍၊ အကျယ် ၁ ‌ပေခွဲခန့်ရှိသည်။ အများ အားဖြင့် လူ ၄ ‌ယောက်စီးကြသည်။ ‌နောက်ဆုံးလူက ပဲ့ကိုင် ၏။ တိုဗဂ္ဂန်တွင် ဘီးများမပါ‌ချေ။ ‌ရေခဲပြင်နှင့် နှင်းဖုံး‌နေ‌သော ‌တောင်ကုန်းများ‌ပေါ်မှ အရှိန်နှင့်‌လျှောဆင်းရသည်။ ‌မြေပြန့်များ သည့်‌ဒေသ၌ အရှိန်များများရ‌စေရန် ကုန်း‌လျှောသဖွယ် ပြုလုပ်ထားရ၏။ တိုဗဂ္ဂန်ကို တစ်နာရီလျှင် ၆၁ မိုင်နှုန်းစီးနိုင် သည့် စံချိန်ရှိသည်။ အင်ဒီးယန်းအမဲလိုက်မုဆိုးများသည် တိုဗဂ္ဂန်ကို သစ်‌ခေါက်ဖြင့် စတင်ပြုလုပ်ခဲ့ကြသည်။

နှင်းထူထပ် ‌သော‌နေရာ၌ အမဲသား‌ကောင်များကို တိုဗဂ္ဂန်တွင်တင်၍ ယူ ‌ဆောင်‌လေ့ရှိ သည်။ အက်စကီးမိုး လူမျိုးများကမူ တိုဗဂ္ဂန်ကို ‌ဝေလငါးရိုးဖြင့်လုပ်သည်။ တိုဗဂ္ဂန်စီး၍ ကစားခြင်းကို ဆွစ်ဇာလန်နိုင်ငံ၌ ၁၉ ရာစုနှစ်ခန့်တွင် စတင်ပြုလုပ်ခဲ့၏။ ယခုအခါ ထိုကစားနည်းသည် အ‌မေရိကနှင့် ဥ‌ရောပတိုက်တို့တွင်ပြန့်ပွား လျက်ရှိ‌နေသည်။

‌ဗော့ဗစလက်ကစားနည်းမှာ တိုဗဂ္ဂန် ကစား နည်းတစ်မျိုး ပင်ဖြစ်သည်။ ကိုယ်ထည်မှာ ပျဉ်ချပ်ဖြင့်မဟုတ်ဘဲ သံမဏိ ဖြင့်လုပ်ထားခြင်းသာ ကွာခြား၏။ တစ်နာရီလျှင် မိုင် ၃၀ မှ ရဝ အထိ‌ရောက်နိုင်သည်။ ကိုယ်ထည်အရှည်မှာ ၉ ‌ပေ မှ ၁၂ ‌ပေ ခန့်အထိရှိ၍ ၂ ‌ယောက်ထိုင်၊ ၄ ‌ယောက်ထိုင်ဟူ၍ အစားစားရှိ‌လေသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)