တို့ရွာအလိုက်
တို့ရွာအလိုက် ကို ဦးဆောင်း ရေးသားခဲ့သည်။ လွမ်းချင်း ကဗျာအမျိုးအစား ဖြစ်သည်။
တို့ရွာအလိုက်
ပြင်ဆင်ရန်မိုးမသောက်ခင်က
ခလောက်ကယ် ဂျောင်ဂျင်
လုပ်ငန်းငယ်ပြင်သည်
ချောင်းရေယဉ် သွင်သွင်စီးပါလို့
ကောက်ကြီးစပါးနှံက
သန်လှတယ်လေး။
သို့အရာမူ
တို့ရွာအလိုက်၊ ချွေးပြိုက်ပြိုက်ကယ်နှင့်
ကောက်စိုက်မူဟန်၊ သူအပြန်ကို
ထမင်းခံမြေလုပ်၊ အင်စောင်ထုပ်နှင့်
ဆူးပုပ်ကယ်ရွက်ညို
ဆီမခတ်သော်လည်း၊ တလတ်ကယ်ချိုလှတယ်
မင်းပျိုတို့ ခုချိန်ခါကို
စားစရာဝါမပြောပါဘု
ပေါလှတယ်လေး။
ခက်ဆစ်
ပြင်ဆင်ရန်၁။ ဂျောင်ဂျင် = ခလောက်မြည်သံ။
၂။ ကောက်ကြီး = စိုက်သည့်ရက်မှ ရက်ပေါင်း ၁၇၀ − ၂၀၀ အတွင်းမှည့်သော သက်ကြီးစပါးတစ်မျိုး။
၃။ ထမင်းခံ = ထမင်းထည့်စရာခွက်။
၄။ အင်စောင်တုတ် = ဟင်းရံထည့်ထားသော အနားထူထဲသည့် မြေအင်တုံ။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း။
၁)ဖိုးဝဇီရ အတ္ထုပ္ပတ္တိ စာမျက်နှာ ၂၆၉