ဦးဆောင်း
ဦးဆောင်း (၁၁၆၀ ခန့်) သည် ဘကြီးတော်ဘုရားလက်ထက်တွင် ထင်ရှားခဲ့သည့် စာဆိုတော်တစ်ဦး ဖြစ်သည်။ ဦးဆောင်းသည် ဦးကြင်ဥ၊ ဦးအိ၊ ဦးလွမ်းပြေ၊ ဦးရွှန်းတို့နှင့် တစ်ခေတ်တည်း ထင်ရှားခဲ့သူ ဖြစ်သည်။ ဦးဆောင်းသည် သဘာဝကို ဖွဲ့ဆိုသော လွမ်းချင်းများကို ရေးသားပြုစုသဖြင့် ထင်ရှားသည်။[၁]
နှစ်သက်ဖွယ်ရာ ချဉ်ပေါင်ဖူး၊ လက်ပံပွင့်တို့၏ ဂုဏ် ကိုသာ ချီးကျူး၍ရေးစပ်သည်။ ထို့ပြင် ဦးဆောင်းသည် ရိုးရိုး မြင်၍ ရိုးရိုးသိတတ်သူ လည်းဖြစ်သေးသည်။ ခန်းနားသော နန်းမူနန်းလေ့တို့ကို ဦးဆောင်းသည် စိတ်ဝင်စားဟန်မတူချေ။ ရိုးသားသော တောမူတောဓလေ့တို့ကိုသာ ဦးဆောင်းသည် နှစ်သက်မြတ်နိုးသည်။
ထို့ကြောင့် ဦးဆောင်းသည်
"အယဉ်ငယ်ကြီးပါတဲ့၊ ဇနီး ရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စ ဖူးရယ်နှင့်၊ ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင်ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကယ် ကျယ်ကျယ်နှင့် မင်းဘွယ်စိုးရ လောက်ပေလေး။"
ဟူ၍ ရိုးဂုဏ် ရှိသော ချဉ်ပေါင်ဖူးကို၎င်း၊
"လာဟေ့ဒွါး၊ သွားကောက်ချည်စို့၊ ပွင့်ခြောက် ကယ်အနားလန်၊ ဆက်ရက်ကယ်ညံ၊ ပင်လက်ပံ ကြွေချိန်ကျပြီမို့၊ မိဘံလှနင်လိုက်အုံးမလား၊ သုံးစိတ်ဝင်ထန်း လျှော်တောင်းရယ်နှင့်၊ ပေါင်းလန်မှပြန်ကြမယ်လေး။"
ဟူ၍ ယဉ်ဂုဏ်ရှိသော လက်ပံပွင့်ကို၎င်း၊ ရိုးရိုးနှင့် ယဉ်သောအဖွဲ့ အနွဲ့ဖြင့် ဖွဲ့နွဲ့ခဲ့ပေသည်။ ထို့ပြင် ဦးဆောင်းသည် တောသဘာဝ ၏ သာယာသော ရှုခင်းများနှင့် တောသားတောသူတို့၏ တောမူတောလေ့များကိုလည်း
"မိုးမသောက်ခင်က၊ ခလောက် ကယ်ဂျောင်ဂျင်၊ လုပ်ငန်းငယ်ပြင်သည်၊ ချောင်းရေယဉ်သွင်သွင် စီးပါလို့၊ ကောက်ကြီးစပါးနှံက၊ သန်လှတယ်လေး။"
ဟူ၍ မြင် လျှင်မြင်သည့်အတိုင်း ရိုးရိုးနှင့်ယဉ်ယဉ် ရေးစပ်ခဲ့လေသည်။ ဦးဆောင်းကား ရိုးသားသောတောသူတောင်သားတို့၏ ပင်ကို သဘာဝကို ဖွဲ့နွဲ့သူ စာဆိုတစ်ဦးဖြစ်သည်။[၂]
ကိုးကား
ပြင်ဆင်ရန်
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |