ဒေါက်တာတူးခေါင် (ခ) ခလင်တူးခေါင်သည် ကချင်လူမျိုး[၁] ရုက္ခဗေဒပညာရှင်၊ တစ်သီးပုဂ္ဂလသုတေသီ၊[၂] ခရစ်ယာန်ဓမ္မဆရာ၊ နိုင်ငံရေးသမား ဖြစ်သည်။

ဒေါက်တာတူးခေါင်'
ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၄-16)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကချင်ပြည်နယ်၊ မြန်မာ
လူမျိုးမြန်မာနိုင်ငံသား
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ
မိခင်ကျောင်းမြစ်ကြီးနားဒီဂရီကောလိပ်
ခွန်ကန်တက္ကသိုလ်
အလုပ်အကိုင်သုတေသီ
နိုင်ငံရေးသမား
ဝက်ဘ်ဆိုဒ်monrec.nugmyanmar.org

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ခလင်ဂါဒေသတွင် မွေးဖွားပြီး၊ ဂျိန်းဖောမျိုးနွယ်စု၊ ခလင်ဒူဝါ မျိုးနွယ်ဝင် (Hkalen Duwa) ဖြစ်သည်။ ကချင်လက်နက်ကိုင်တပ်ရင်း ၁(ကသာ)မှ ဖခင်ဖြစ်သူ အငြိမ်းစားယူပြီးနောက် မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ကေအိုင်အေထံ ရိက္ခာထောက်ပံ့မှုနှင့် စွပ်စွဲခံရကာ ဖခင်ဖြစ်သူ မြစ်ကြီးနားထောင်၌ အကျဉ်းကျစဉ် မိခင်၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[၃]

တက္ကသိုလ်ကျောင်းသားဘဝ၊ ၁၉၈၈ ခုနှစ်တွင် ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ကချင်ဘာသာဖြင့် နှစ်စဉ် ကချင်မဂ္ဂဇင်းထုတ်ဝေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်လက်အောက်ရှိ မြစ်ကြီးနားဒီဂရီကောလိပ်မှ ရုက္ခဗေဒဘာသာရပ် သိပ္ပံဘွဲ့ရရှိသည်။[၃]

မြန်မာဓမ္မသင်တန်းကျောင်း (MIT)၊ အင်းစိန်မှ မဟာဓမ္မပညာဘွဲ့ ရရှိပြီး စီတာပူ နှစ်ခြင်းအသင်းတော်တွင် ဓမ္မဆရာ၊ လူငယ်ဒါရိုက်တာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[၃]

နိုင်ငံရေးလှုပ်ရှားမှု ပြင်ဆင်ရန်

၂၀၀၇ ခုနှစ်မှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်း၊ လူငယ်များကို အမြင်ဖွင့်သင်တန်းပေးခြင်းတို့ကြောင့် စသုံးလုံး၏ စောင့်ကြည့်ခြင်းခံရသည်။[၃] ၂၀၁၀ အစောပိုင်းနှစ်များတွင် ထိုင်းနိုင်ငံ၌ တိမ်းရှောင်နေစဉ် ခွန်ကန်တက္ကသိုလ်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့ကာ လူမှုရေးသိပ္ပံ ပါရဂူသင်တန်းသားအဖြစ် ဆက်လက်တက်ရောက်ခဲ့သည်။[၄]

၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကန်းဆပ်ရှိ ဗဟို နှစ်ခြင်းအသင်းတော် ဓမ္မကျမ်းစာသင်ကျောင်းနှင့် MIT တို့ ပူးပေါင်းစီစဉ်သည့် Doctor of Ministry Program တွင် ပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ငြိမ်းချမ်းရေးလေ့လာမှုပညာ ပါရဂူဘွဲ့ရရှိသည်။[၅]

၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသောအခါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၆][၇][၈][၉]

ကိုးကား ပြင်ဆင်ရန်