အမျိုးသားညီညွတ်ရေး အစိုးရ
အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ၆ ဦးကို နိုင်ငံပေါင်း ၅ နိုင်ငံတွင် ခန့်အပ်ထားသည်။ [၁][၂][၃][၄]
အမျိုးသားညီညွတ်ရေး အစိုးရ National Unity Government | |
---|---|
![]() အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
လက်ရှိ | |
![]() ![]() အစိုးရခေါင်းဆောင်များ | |
ဖွဲ့စည်းရက်စွဲ | ၁၆ ဧပြီ ၂၀၂၁ |
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
နိုင်ငံတော်ခေါင်းဆောင် | ဦးဝင်းမြင့်၊ဦးဒူဝါလရှီးလ, နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ |
ကိုယ်စားပြု | ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ |
အစိုးရခေါင်းဆောင် | ဒေါ်အောင်ဆန်းစုကြည်, ဦးမန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ် |
ဝန်ကြီး ဦးရေ | ၂၈ ဦး |
အဖွဲ့ဝင် ပါတီ | |
အတိုက်အခံ အစိုးရ | အိမ်စောင့်အစိုးရ |
အတိုက်အခံ ခေါင်းဆောင် | မင်းအောင်လှိုင် |
သမိုင်း | |
ပြီးခဲ့သော ရွေးကောက်ပွဲ | ၂၀၂၀ ရွေးကောက်ပွဲ |
ယခင် |
အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီညွတ်ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်။[၅]
နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊[၆] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[၇] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[၈] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[၉]
အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။[၁၂][၁၃]
အရေးပေါ်အခြေအနေ ကြေညာခြင်း
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန် လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စုနိုင်ငံတော် တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းကြေညာပြီးသည်နှင့်တစ်ပြိုင်နက်မြန်မာနိုင်ငံတစ်ဝန်းစစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြင့်မားလာသည်။ [၁၄][၁၅]
အစိုးရအဖွဲ့
ခေါင်းဆောင်များ
စဉ် | ရာထူး | အမည် | ဂုဏ်ဒြပ် | တာဝန်သက်တမ်း | နိုင်ငံရေးပါတီ | ရင်းမြစ် | ||
---|---|---|---|---|---|---|---|---|
စတင် | ပြီးဆုံး | ရက်ပေါင်း | ||||||
၁။ | နိုင်ငံတော်သမ္မတ | ဦးဝင်းမြင့် (အကျဉ်းကျခံနေရ) |
နိုင်ငံတော် အကြီးအကဲ | ၁၆ ဧပြီ ၂၀၂၁ | တာဝန်ထမ်းဆောင်ဆဲ | ၄ နှစ်၊ ၈၅ ရက် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | [၁၆] |
၂။ | နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) | ဒူဝါလရှီးလ | နိုင်ငံတော် ဒုတိယ အကြီးအကဲ | ၁၆ ဧပြီ ၂၀၂၁ | တာဝန်ထမ်းဆောင်ဆဲ | ၄ နှစ်၊ ၈၅ ရက် | ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ / Kachin Political Interim Coordination Team | |
၃။ | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် | ဒေါ်အောင်ဆန်းစုကြည် (အကျဉ်းကျခံနေရ) |
အစိုးရအဖွဲ့ အကြီးအကဲ | ၁၆ ဧပြီ ၂၀၂၁ | တာဝန်ထမ်းဆောင်ဆဲ | ၄ နှစ်၊ ၈၅ ရက် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | |
၄။ | ပြည်ထောင်စု ဝန်ကြီးချုပ် | မန်းဝင်းခိုင်သန်း | အစိုးရအဖွဲ့ ဒုတိယအကြီးအကဲ | ၁၆ ဧပြီ ၂၀၂၁ | တာဝန်ထမ်းဆောင်ဆဲ | ၄ နှစ်၊ ၈၅ ရက် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ပြည်ထောင်စုဝန်ကြီးများ
စဉ် | ဝန်ကြီးဌာန | အမည် | သက်တမ်း | ||
---|---|---|---|---|---|
စတင် | ကုန်ဆုံး | သက်တမ်း | |||
၁။ | ကာကွယ်ရေးဝန်ကြီးဌာန | ဦးရည်မွန် | ၁၆ ဧပြီ ၂၀၂၁ | လက်ရှိ | ၄ နှစ်၊ ၈၅ ရက် |
၂။ | ကျန်းမာရေးဝန်ကြီးဌာန | ဒေါက်တာဇော်ဝေစိုး | |||
၃။ | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန | ဦးတင်ထွန်းနိုင် | |||
၄။ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဒေါ်ဇင်မာအောင် | |||
၅။ | ပညာရေးဝန်ကြီးဌာန | ဒေါက်တာဇော်ဝေစိုး | |||
၆။ | ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန | ဦးလွင်ကိုလတ် | |||
၇။ | ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန | ဒေါက်တာလျန်မှုန်းဆာခေါင်း | |||
၈။ | လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန | ဒေါက်တာဝင်းမြတ်အေး | |||
၉။ | လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန | ဦးအောင်မျိုးမင်း | ၃ မေ ၂၀၂၁ | ||
၁၀။ | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန | ဒေါက်တာတူးခေါင် | |||
၁၁။ | အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန | ဒေါက်တာဆာဆာ | |||
၁၂။ | အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန | နော်ဆူဇန်နာလှလှစိုး | |||
၁၃။ | အလုပ်သမား ဝန်ကြီးဌာန | နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ | ၃ မေ ၂၀၂၁ | ||
၁၄။ | တရားရေး ဝန်ကြီးဌာန | ဦးသိန်းဦး | |||
၁၅။ | ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန | ဦးထင်လင်းအောင် | |||
၁၆။ | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | ဦးစိုးသူရထွန်း | |||
၁၇။ | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဒေါ်ခင်မမမျိုး | ၂၅ ဩဂုတ် ၂၀၂၁ | လက်ရှိ |
ဒုတိယဝန်ကြီးများ
တာဝန်ထမ်းတောင်သည့်ကာလ | ||||||
---|---|---|---|---|---|---|
စဉ် | ဝန်ကြီးဌာန | အမည် | နိုင်ငံရေးပါတီ | စတင် | ကုန်ဆုံး | သက်တမ်း |
၁။ | ကာကွယ်ရေးဝန်ကြီးဌာန | နိုင်ကောင်းရွက် | မွန်ပြည်သစ်ပါတီ | |||
၂။ | ကျန်းမာရေးဝန်ကြီးဌာန | ဒေါက်တာရွှေပုံ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | |||
၃။ | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန | ဦးမင်းဇေယျာဦး | မွန်ညီညွတ်ရေးပါတီဝင်ဟောင်း | |||
၄။ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဦးမိုးဇော်ဦး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | |||
၅။ | ပညာရေးဝန်ကြီးဌာန | ဂျာထွယ်ပန် | Kachin Political Interim Coordination Team | |||
ဒေါက်တာစိုင်းခိုင်မျိုးထွန်း | တစ်သီးပုဂ္ဂလ | ၃ မေ ၂၀၂၁ | ||||
၆။ | ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန | ခူထဲဘူး | ကရင်နီအမျိုးသားတိုးတက်ရေးပါတီ | |||
၇။ | ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန | ဦးချစ်ထွန်း | ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး | |||
မိုင်းဝင်းထူး | တအောင်း(ပလောင်)အမျိုးသားပါတီ | |||||
၈။ | လူသားချင်းစာနာထောက်ထားရေးနှင့်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန |
ဒေါက်တာငိုင်းတမ်မောင်း | ||||
၉။ | လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန | ဦးအောင်ကျော်မိုး | ၃၀ ဇွန် ၂၀၂၃ | လက်ရှိ | ၂ နှစ်၊ ၁၀ ရက် | |
၁၀။ | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန |
ခွန်စောဖူး | ကယန်း အမျိုးသားပါတီ | |||
၁၁။ | အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန | ဒေးဗစ်ဂွမ်အောင် | ||||
၁၂။ | အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန | ဒေါ်အိသဉ္ဖာမောင် | လူ့ဘောင်သစ်ဒီမိုကရက်တစ်
ပါတီဝင်ဟောင်း |
|||
၁၃။ | အလုပ်သမား ဝန်ကြီးဌာန | ဦးကျော်နီ (ခ) ဦးကျော်ကျော် | ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမား
သမဂ္ဂများအဖွဲ့ချုပ် |
၃ မေ ၂၀၂၁ | လက်ရှိ | |
၁၄။ | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | လဖိုင်မော်ထွန်းအောင် | ရှမ်းတိုင်းရင်းသားများ |
ဝေဖန်မှုများ
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ရန် လက်ရှိ NUG အစိုးရသည် ခေါင်းဆောင်မှုစွမ်းရည် လုံလောက်မှုမရှိသေးသောကြောင့် အချိန်မီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။” ဟု ရေးသားထောက်ပြသည်။[၁၇]
အခြားဖတ်ရန်
ကိုးကား
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
- ↑ Opponents of Myanmar's junta set up national unity government (2021-04-16)။ 2021-04-16 တွင် ပြန်စစ်ပြီး။
- ↑ Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar: National unity government must be recognised (in en)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်။ PVTV။
- ↑ Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။
- ↑ "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။
- ↑ CRPH ၊ NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် (in my)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ စက်တင်ဘာ ၇ ရက်မှစ၍ အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း NUG အစိုးရကြေညာ (in en) (7 စက်တင်ဘာ 2021)။ ၇ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ (in en)။ ၇ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "Who's Who in Myanmar's National Unity Government"၊ The Irrawaddy၊ 16 April 2021။
- ↑ NUG မဖြစ်မနေ ပြောင်းလဲရန် လိုအပ်ဟု ဒေါက်တာတေဇာဆန်း ထောက်ပြ။ DVB Burmese။ ၁၀ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။