တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်
တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်တောင်တို့သည် မည်မျှပင် မြင့်မားစေကာမူ တောင်တက်သူတို့၏ ဖဝါးအောက် ရောက်ရသည်။ လှိုင်းလုံးတို့ မည်မျှပင် ကြီးမားစေကာမူ လှေ၏အောက်သို့ ရောက်ရသည်။ ထို့အတူ အခက်အခဲ မည်မျှပင် ကြီးမားစေကာမူ ကြိုးစားအားထုတ်မှု၏ အောက်၌ ပပျောက်သွားသည်။ အခြားဆိုလိုရင်းတစ်ခုမှာ ဂုဏ်ရှိန်မည်မျှ ကြီးမားသည့် အမျိုးသမီးဖြစ်စေကာမူ လင်ယောက်ျား၏ ဦးဆောင်မှုကို ခံယူရသည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက် ဆိုစကားကဲ့သို့ အခက်အခဲ ဟူသမျှတို့ကား ပညာရှင်တို့၏ ရှေ့မှောက်သို့ ရောက်လျှင် ပျောက်ပြယ်ကုန်ကြရစမြဲတည်း။" [၁၃၃၄] ရှေ့သို့၊ ၁၂၁၊ ၁။ ၇။
- "စကားလုံးများလိုက်တာ ကြားချပ်စရာမရှိ။ စကားလုံး စေ့ပါပေ၏။ သို့သော်လည်း တောင်ကြီး ဖဝါးအောက် နင်းလိုက်ရင် ပျောက်ကရောပေါ့။ ကြောက်စရာမရှိ။" [၁၃၁၇] ဘိုးတင့်။ ၆၆။
- "စကြာမင့်းသမီး၊ ဖြစ်တပြီးလည်း၊ တောင်ကြီးဖဝါးအောက်၊ လင့်နောက်လိုက်ရ၊" [၁၂၆၆] မဃ * ၃၀၃။
- "တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်တဲ့။ အလှဂုဏ်မောက်နေတဲ့ ငါးသိုင်းမယ်လေးဟာလည်း တစ်နေ့ကျရင် ကျွန်တော် ငါးနောက် သွားအောက် ရောက်ရစေမပေါ့။" [၁၃၁၂] ကိုတံငါ။ ၂၀၁။
ဆိုရိုးအသုံး
ပြင်ဆင်ရန်- တောင်ကြီး ဖဝါးအောက် ဟူ၍ မြန်မာဆိုရိုးစကားလည်းရှိသည်။