တောင်ခွင်ဆရာတော်
တောင်ခွင်ဆရာတော် ဦးဝိသုဒ္ဓ သီလာစာရဟာ သည် မြန်မာသာသနာပိုင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ဆုံးရဟန်းတစ်ပါး ဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် ဆရာတော်ပျံလွန်တော်မူပြီးနောက်တွင် သာသနာပိုင်ရာထူးကို ဆက်ခံခဲ့သူ မရှိတော့ပေ။
တောင်ခွင်ဆရာတော် | |
---|---|
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ဓမ္မအမည် | ဝိသုဒ္ဓာစာရ |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား/လူမျိုး | မြန်မာ |
မွေးဖွား | မောင်လွှတ် ၁၈၄၄ နိုဝင်ဘာ ၁၃ အမရပူရ, ကုန်းဘောင်ခေတ် |
ကွယ်လွန် | 1938 | (အသက် ၉၄)
ရာထူး တာဝန် | |
ဂုဏ်ဒြပ် | သာသနာပိုင် |
ဂုဏ်ပြုခံရမှုများ | စာပေပါရဂူဘွဲ့(D.Litt)(ရန်ကုန်တက္ကသိုလ်) |
ဆရာတော်ကို ၁၈၄၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မွေးဖွားပြီး ငယ်မည်မှာ မောင်လွှတ် ဖြစ်သည်။ ဖွားမြင်ရာနေရာမှာ အမရပူရဖြစ်ပြီး ထင်ရှားသည့် ဗမာမိသားစုမှ ဖွားမြင်လာသူ ဖြစ်သည်။ အဖေဖြစ်သူသည် ဦးပို ဖြစ်ပြီး စစ်ကဲ တစ်ဦး ဖြစ်သည်။ မိခင်ဖြစ်သူမှာ မိရွှေဝ ဖြစ်ပြီး ရာထူးမြင့်မားသည့် ကျောက်ဆောက်မင်းကြီး မဟာသီဟဟူ၏ သမီးတော်စပ်သူ ဖြစ်သည်။ ဖခင်ဖြစ်သူသည် သုံးနှစ်သားအရွယ်တွင် ဆုံးပါးခဲ့သည်။ ဆရာတော်သည် ကိုးနှစ်သားအရွယ်တွင် ဦးအာဒိစ္စ (U Adicca) ၏ အုပ်ထိန်းမှုအောက်တွင် တပည့်အဖြစ် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ခဲ့သည်။
အသက် ၁၄ နှစ်အရွယ်တွင် U Maida ထံတွင် ကိုရင်ဝတ်ခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် မြင့်မြတ်သည့် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ အသက် ၁၅ နှစ်ရောက်သည့်အခါတွင် မန္တလေးသို့ ပြောင်းရွှေ့ခဲ့ပြီး မောင်းထောင်ဆရာတော်၏ ညွှန်ပြမှုအောက်တွင် နေထိုင်ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် မင်းတုန်းမင်းသည် ဆရာတော်ဟူသည့် ဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့သည်။ ထို့နောက်တွင် ဆရာတော်သည် ဘုရင်မခေါင်ကြီးက လှူဒါန်းသည့် ကျောင်းတော်တွင် သီတင်းသုံးခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် တောင်ခွင်မင်းကြီး၏ ဖိတ်ကြားချက်အရ ဆရာတော်သည် တောင်ခွင်ကျောင်းတိုက်၏ ထင်ရှားသည့် ကျောင်းတိုက်တွင် ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။
ရဟန်းများအကြားရှိ ဝိနည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆုံးဖြတ်ရန်အတွက် တောင်တော်ဆရာတော်သည် သာသနာပိုင်ဖြစ်သည့်အခါတွင် တောင်ခွင်ဆရာတော်အား သူ၏ လက်ထောက်အဖြစ် ထားရှိခဲ့သည်။ တောင်တော်ဆရာတော်ကို ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းကိုယ်တိုင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
၁၉၀၁ ခုနှစ်တွင် ရဟန်းအပါး ၂၀၀၀ ပါဝင်သည့်အစည်းအဝေးက မိုးတား(မိုးထား) ဆရာတော်ကို သာသနာပိုင်အဖြစ် ရွေးချယ်ခဲ့သည်။ ထိုသာသနာပိုင်နေရာသည် တောင်တော်ဆရာတော် ပျံလွန်တော်မူပြီး ၁၈၉၅ ခုနှစ်ကတည်းက လွတ်လပ်နေသည့် နေရာဖြစ်သည်။ သို့သော်လည်း သာသနာပိုင်အဖြစ် ခန့်အပ်ခံရသော်လည်း များမကြာမီ မိုးတားဆရာတော် ပျံလွန်တော်မူခဲ့သည်။ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ တွင် ဗမားဂေဇတ်က တောင်ခွင်ဆရာတော်အား သာသနာပိုင်အဖြစ် ကြေညာခဲ့သည်။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံတစ်ခုတည်းကိုသာ စီရင်ပိုင်ခွင့်ရှိခဲ့သည်။
ဆရာတော်ကို ဝါတော် (၃၉) ဝါမြောက်တွင် ၁၉၀၃ (၁၂၆၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် သောကြာနေ့) တွင် မြန်မာနိုင်ငံဘုရင်ခံ 'ဆာ စဟျူးဗန်း' က မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်၌ ကြီးကျယ်စွာ မင်းပွဲသဘင်ဆင်ယင်ကျင်းပလျက် တောင်ခွင်ဆရာတော်အား ဆာနပ်အမိန့်တော်နှင့်တကွ ဝိသုဒ္ဓသီလာစာရသီရိပဝရဓမ္မသေနာပတိမဟာ သံဃရာဇာ ဘွဲ့တံဆိပ်တော်ကိုကပ်လှူအပ်နှင်း၍ သံဃိဿရ သံဃဦးကိုင်သာသနာပိုင် ဖြစ်လာခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာစွယ်စုံကျမ်း၊ အတွဲ (၁၃)
- Bennett, Charles Henry Allan (November 1904). "The Thathanabaing". Buddhism: A Quarterly Illustrated Review 1 (4): 177–208. Rangoon: International Buddhist Society.
- Gates, F.C. (21 November 1903). "Proceedings of the Darbar Held for the Purpose of Recognizing A Thathanabaing for Upper Burma". Supplement to the Burma Gazette (47): 929–934. Rangoon: Government of Burma.
- Ghosh၊ Parimal (2000)။ Brave Men of the Hills။ University of Hawaii Press။ ISBN 978-0-8248-2207-1။CS1 maint: ref=harv (link)
- Harris၊ Ian (2001)၊ Buddhism and Politics in Twentieth-century Asia၊ Continuum International Publishing Group၊ ISBN 0-8264-5178-0CS1 maint: ref=harv (link)
- Scott၊ J. George (1900)။ Gazetteer of Upper Burma and the Shan states (PDF)။ 2။ Superintendent, Government Printing။CS1 maint: ref=harv (link)
- Twomey, D.H.R. (January 1904). "The Thathanabaing, Head of the Buddhist Monks of Burma". The Imperial and Asiatic Quarterly Review XVII (33/34): 326–335. Oriental Institute.