တောင်ပိုင်းယေမင်နိုင်ငံ
တောင်ပိုင်းယီမင်နိုင်ငံသည် ၁၉၆၇ ခုနှစ် မှ ၁၉၉၀ ခုနှစ် အထိ တည်ရှိခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် ယီမင်နိုင်ငံနှင့် ပေါင်းစည်းခဲ့သည်။
တောင်ပိုင်းယေမင်နိုင်ငံသည် အာရေဗျကျွန်းဆွယ် တောင် ဘက်ဖျားတွင်တည်ရှိသည်။ ထိုနိုင်ငံ၏မြောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့ဘက်တွင် မတ်စကက်နှင့် အိုမန်နိုင်ငံ၊ တောင်ဘက်တွင် အေဒင်ကွေ့၊ အိန္ဒိယသမုဒ္ဒရာနှင့် အနောက်ဘက်တွင် ယီမင်နိုင်ငံနှင့် ပင်လယ်နီတို့ အသီးသီးတည်ရှိ၏။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၁၇,၀၀၀ ဖြစ်၍ လူဦးရေမှာ ၁၉၆၉ ခုနှစ် ခန့်မှန်းခြေအရ ၁,၂၅၀,၀၀၀ ခန့်ရှိလေသည်။ ၁၉၆၉ ခုနှစ်မှ အစပြု၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။
တောင်ပိုင်းယေမင်နိုင်ငံတွင် လယ်ယာစိုက်ပျိုးခြင်းကို လုပ် ကိုင်သော်လည်း အရေးမပါလှပေ။ များသောအားဖြင့် ပြည်တွင်း စားသုံးရန်အတွက်သာဖြစ်၍ ကာဖီနှင့် ဆေးရွက်တို့သာ အနည်းအကျဉ်း အရေးပါသည်။ တောင်ပိုင်းယေမင်နိုင်ငံ၏ အဓိကလုပ်ငန်းမှာ ရေနံချက်လုပ်ငန်း ဖြစ်သည်။ ရေနံထွက် ပစ္စည်းများမှာ ထိုနိုင်ငံ၏ အဓိကထုတ်ကုန်များ ဖြစ်၏။ နိုင်ငံ ခြားသို့ ရေနံထွက်ပစ္စည်းအမျိုးမျိုး တင်ပို့ရောင်းချလေသည်။
တောင်ပိုင်း ယေမင်နိုင်ငံ၏ မြို့တော်မှာ မဒီနာ အယ်အက် ရှဗ်မြို့ ဖြစ်သည်။ ထိုနိုင်ငံ၏ အကြီးဆုံးမြို့ နှင့်အုပ်ချုပ်ရေး ရုံးစိုက်မြို့မှာ အေဒင်မြို့ (လူဦးရေ ၁၉၆၄ ခန့်မှန်းခြေ ၁၅၀Ý၀၀၀) ဖြစ်၏။ နိုင်ငံ၏ ကုန်သွယ်ရေး အချက်အချာဌာန လည်းဖြစ်သည်။
အာရေဗျကျွန်းဆွယ်တောင်ဘက်ဖျားတွင် ရှေးအခါကပင် အေမာစော်ဘွားများ၊ ရှိတ်စော်ဘွားနယ်များနှင့် စူလတန် စော်ဘွားနယ်များရှိနေခဲ့ရာ နောင်အခါ ထိုစော်ဘွားနယ်များ သည် ဗြိတိသျှအစောင့်အရှောက်ခံနယ်များ ဖြစ်လာခဲ့သည်။ ယင်းတို့ကို အရှေ့ပိုင်း အေဒင် အစောင့်အရှောက်ခံနယ်များဟူ၍ ခေါ်ဝေါ်လာခဲ့၏။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် အနောက်ပိုင်းအေဒင်အစောင့်အရှောက်ခံနယ် ခြောက် နယ်-ဗိုင်ဟန်အေမာ စော်ဘွားနယ်၊ ဒါးလအေမာစော်ဘွားနယ်၊ အော်ဒါးလီစူလတန်စော်ဘွားနယ်၊ ဖားဒလီစူလတန် စော်ဘွား နယ်၊ အောက်ပိုင်းယတ်ဖာစူလတန်စော်ဘွားနယ်နှင့် အထက် ပိုင်း အောင်လိတ်ကီရှိတ် စော်ဘွားနယ်တို့ပူးပေါင်း၍ တောင် ပိုင်းအာရပ်စော်ဘွားနယ်ပေါင်းစု ဖွဲ့စည်းခဲ့၏။ ထိုနယ်ပေါင်း စုသို့ ၁၉၅၉ ခုနှစ်တွင်ပင် နောက်ထပ် စော်ဘွားနယ်သုံးနယ် သည်၎င်း၊ ၁၉၆၀ ခုနှစ်တွင်ပင် နောက်ထပ်စော်ဘွားနယ် တစ်နယ်သည်၎င်း၊ ၁၉၆၂ ခုနှစ်တွင် နောက်ထပ်တနယ် သည်၎င်း၊ ၁၉၆၃ ခုနှစ်တွင် (အေဒင်ပြည်နယ် အပါအဝင်) နောက်ထပ်သုံးနယ်သည်၎င်း၊ ၁၉၆၅ ခုနှစ်တွင် နောက်ထပ် သုံးနယ်သည်၎င်း၊ ၁၉၆၂ ခုနှစ် မေလမှအစပြု၍ တောင် အာရေဗျနယ်ပေါင်းစုဟုလည်း အမည်ပြောင်းလိုက်သည်။
၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထိုနယ်ပေါင်းစုကို ဂရိတ်ဗြိတိန်က လွတ်လပ်ရေးပေးလိုက် သည်။ ထိုအခါတောင်ပိုင်းယေမင် ပြည်သူ့သမ္မတနိုင်ငံဟူ၍ တည်ထောင်လိုက် လေသည်။ ထိုစဉ်က တောင်ပိုင်းယေမင် ပြည်သူ့သမ္မတ နိုင်ငံတွင် အာရေဗျကျွန်းဆွယ် တောင်ဘက်ဖျားရှိ စော်ဘွားနယ် ၁၆ နယ်နှင့် အေဒင်ပြည်နယ်တို့ပါဝင်ခဲ့ရာ နောင်အခါ ကျန် စော်ဘွားလေးနယ်သည်လည်း ပူးပေါင်းပါဝင်ခဲ့၏။ တောင်ပိုင်း ယေမင်နိုင်ငံတွင် ကုန်းမရှိစော်ဘွားနယ်နှစ်ဆယ်နှင့် အေဒင် ပြည်နယ်တို့အပြင် ကာမာရန်ကျွန်း၊ ပယ်ရင်ကျွန်းနှင့် ဆိုကို ထရာကျွန်းတို့လည်း ပါဝင်လေသည်။
စော်ဘွားနယ်များကို ပူးပေါင်းကာ တောင်ပိုင်းယေမင်နိုင်ငံ ကို တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း အကယ်စင်စစ် ထိုနယ် များတွင် ၁၉၆ရ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများမှ အစပြု၍ အမျိုးသား လွတ်မြောက်ရေးတပ်ဦးသည် အာဏာ လက်ရှိ ဖြစ်နေခဲ့၏။ ဗြိတိသျှတို့ တပ်စွဲထားသည့် နယ်များက လွဲလျှင် တပ်ဦးသည်အချုပ်အချာအာဏာပိုင်ဖြစ်နေရာ ဗြိတိသျှ တို့သည် ၁၉၆ရ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ဂျီနီးဗားမြို့တွင် တပ်ဦးနှင့်စေ့စပ်ဆွေးနွေးခဲ့ရ၏။ တောင် ပိုင်း ယေမင်နိုင်ငံသို့ စစ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စများအတွက် ခြောက်လမျှ ငွေကြေးအကူအညီပေးရန် သဘောတူညီခဲ့သည်။
ဗြိတိသျှတို့သည် ၁၉၆ရ ခုနှစ် ဧပြီလမှအစပြု၍ မိမိတပ်များကို စတင်ရုပ်သိမ်းလာခဲ့ရာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အားလုံး ရုပ်သိမ်းပြီး ဖြစ်ခဲ့လေသည်။
တောင်ပိုင်း ယေမင်သမ္မတနိုင်ငံဟူ၍ ပေါ်ပေါက်လာသော အခါ အမျိုးသားလွတ်မြောက်ရေးတပ်ဦးက အစိုးရဖွဲ့ကာ အုပ်ချုပ်လာခဲ့သည်။ ထိုအစိုးရကို ဖြုတ်ချရေးအတွက် အာဏာ လက်လွတ်ဖြစ်ခဲ့၇သော ယခင်စော်ဘွားနယ်က ဆအူးဒီနိုင်ငံ တွင် ခြေကုပ်စခန်းထားရှိကာ ထိုနိုင်ငံ၏အကူအညီဖြင့် ၁၉၆၈ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်များ၌ ကြိုးပမ်းအားထုတ်ခဲ့လေသည်။
အမျိုးသားလွတ်မြောက်ရေးတပ်ဦး၏ အတွင်းရေးမှူးချုပ် ကာထန်အယ်-ရှဗ်ဗီသည် တောင်ပိုင်းယေမင်နိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်၏။ ၁၉၆၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် သူ့ကို အရာမှ ချခဲ့ပြီးနောက် အဖွဲ့ဝင်ငါးဦးပါဝင်သော သမ္မတကောင်စီ က အုပ်ချုပ်လာခဲ့၏။ ကောင်စီဝင် မိုဟာမက်အလီဟိုင်ထမ် ဝန်ကြီးချုပ်အဖြစ်ဦးဆောင်သည့် အဖွဲ့ဝင်ဆယ်ဦးပါ အစိုးရ အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ နိုင်ငံအတွက် ဥပဒေပြုရေး အာဏာသည် အမျိုးသားလွတ်မြောက်ရေးတပ်ဦး၏ ဦးစီး အဖွဲ့တွင် တည်ရှိလေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅။