ဆော်ဒီအာရေဗျနိုင်ငံ

ကိုဩဒိနိတ်: 24°N 45°E / 24°N 45°E / 24; 45

ဆော်ဒီအာရေဗျ သို့မဟုတ် ဆော်ဒီအာရေးဘီးယားနိုင်ငံ တရားဝင်အားဖြင့် ဆော်ဒီအာရေဗျ ဘုရင့်တိုင်းပြည် (အင်္ဂလိပ်: Kingdom of Saudi Arabia) သည် အရှေ့အလယ်ပိုင်းတွင် ကုန်းမြေဧရိယာအားဖြင့် တတိယမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး အာရေဘီယံ ကျွန်းဆွယ်၏ အစိတ်အပိုင်း အတော်များများကို နေရာယူထားသည်။ အာရပ်နိုင်ငံများတွင် တတိယမြောက် အကြီးဆုံးနိုင်ငံလည်း ဖြစ်သည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် ဂျော်ဒန်နိုင်ငံနှင့် အီရတ်နိုင်ငံ၊ အရှေ့ဘက်တွင် ကူဝိတ်နိုင်ငံကာတာနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု၊ အရှေ့တောင်ဘက်တွင် အိုမန်နိုင်ငံ နှင့် တောင်ဘက်တွင် ယီမင်နိုင်ငံတို့က ဝန်းရံထားသည်။ ဘာရိန်းနိုင်ငံ နှင့် ကင်းဖာ့ဒ် တံတား (King Fahd Causeway) ကို အသုံးပြု၍ ဆက်သွယ်ထားသည်။ ပါရှန်ပင်လယ်ကွေ့သည် အရှေ့မြောက်ဘက်တွင်ရှိပြီး ပင်လယ်နီသည် အနောက်ဘက်တွင် ရှိသည်။ ဆော်ဒီအာရေဗျတွင် လူဦးရေ ၂၅.၇ သန်း ရှိပြီး ၅.၅ သန်းမှာ နိုင်ငံသားမဟုတ်သူများ ဖြစ်သည်။ အကျယ်အဝန်းမှာ ၂,၁၄၉,၆၉၀ စတုရန်းကီလိုမီတာ (၈၃၀,၀၀၀ စတုရန်းမိုင်) ခန့် ရှိသည်။

ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ
ٱلْمَمْلَكَة ٱلْعَرَبِيَّة ٱلسَّعُوْدِيَّة (အာရပ်)
Al-Mamlakah al-ʿArabīyah as-Saʿūdīyah
ဆော်ဒီအာရေဗျနိုင်ငံ၏ အလံတော်
ဆော်ဒီအာရေဗျနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: لَا إِلٰهَ إِلَّا ٱلله، مُحَمَّدٌ رَسُوْلُ ٱلله
"Lā ʾilāha ʾillā Llāh, Muḥammadur rasūlu Llāh"
"There is no god but God; Muhammad is the messenger of God."[၁][မှတ်စု ၁] (Shahada)
နိုင်ငံတော် သီချင်း: ٱلنَّشِيْد ٱلْوَطَنِي ٱلسَّعُوْدِي
"an-Našīd al-Waṭanīy as-Saʿūdī"
"ဆော်ဒီအာရေဗျနိုင်ငံတော်သီချင်း"
ဆော်ဒီအာရေဗျနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ရီယာ့ဒ်မြို့
24°39′N 46°46′E / 24.650°N 46.767°E / 24.650; 46.767
ရုံးသုံး ဘာသာစကားများအာရပ်[၃][၄]
လူမျိုးစု (၂၀၁၄[၅])၉၀% အာရပ်
၁၀% အာဖရိက-အာရပ်
ကိုးကွယ်မှု
Demonym
အစိုးရပြည်ထောင်စု အစ္စလာမ်မစ် သက်ဦးဆံပိုင်ဘုရင်စနစ်
ဆာမန် ဘင် အဗ္ဗဒူလာဇီ
မိုဟာမက် ဘင် ဆာမန်
ဥပဒေပြုလွှတ်တော်မရှိ[မှတ်စု ၂]
တည်ထောင်ခြင်း
၁၇၄၄ ခုနှစ်
၁၈၂၄
၁၉၀၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်
၁၉၃၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်
၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်
ဧရိယာ
• စုစုပေါင်း
၂,၁၄၉,၆၉၀[၃] km2 (၈၃၀,၀၀၀ sq mi) (အဆင့်: ၁၂)
• ရေထု (%)
၀.၇
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
၃၄,၂၁၈,၁၆၉[၉] (အဆင့် - ၄၀)
• သိပ်သည်းမှု
၁၅/km2 (၃၈.၈/sq mi) (အဆင့် - ၁၇၄)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၁.၉၂၄ ထရီလီယံ[၁၀] (အဆင့် - ၁၄)
• Per capita
$၅၆,၈၁၇[၁၀] (အဆင့် - ၁၂)
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၇၇၉.၂၈၉ ဘီလီယံ[၁၀] (အဆင့် - ၁၈)
• Per capita
$၂၃,၅၆၆[၁၀] (အဆင့် - ၃၅)
Gini (၂၀၁၃)၄၅.9၉[၁၁]
အလယ်
HDI (၂၀၁၉)Decrease ၀.၈၅၄[၁၂]
အလွန်မြင့် · ၄၀
ငွေကြေးဆော်ဒီ ရီယယ် (SR) (SAR)
အချိန်ဇုန်AST (UTC+3)
ရက်စွဲပုံစံdd/mm/yyyy (AH)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၉၆၆
Internet TLD

ဆော်ဒီအာရေဗျနိုင်ငံကို အဘဒူလ် အာဇစ် ဘင် ဆော့ဒ် က ၁၉၃၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အမှန်တကယ်တွင် ၁၉၀၂ ခုနှစ် သူ၏ မျိုးနွယ်စု တို့ အစဉ်အဆက် ပိုင်ဆိုင်ခဲ့သော ရီယာ့ဒ်မြို့ကို သိမ်းပိုက်စဉ် အချိန်ကပင် နိုင်ငံထူထောင်ခြင်းကို စတင်ခဲ့သည်။ ဆော်ဒီနိုင်ငံကို အထွတ်အမြတ် ဗလီနှစ်ခု ရှိရာ နိုင်ငံဟု တစ်ခါတစ်ရံတွင် ရည်ညွှန်းခေါ်ဆိုလေ့ ရှိသည်။ အစ္စလာမ်ဘာသာ အထွတ်အမြတ် နေရာနှစ်ခုဖြစ်သော မက္ကာနှင့် မဒီနာကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံပြင်ဆင်

ဆော်ဒီ အာရေဗျနိုင်ငံသည် အာရေဗျ ကျွန်းဆွယ်အတွင်း ရှိ နိုင်ငံတစ်ခုဖြစ်၏။ အနောက်ဘက်တွင် ပင်လယ်နီ၊ တောင် ဘက်တွင် ယေမင်နိုင်ငံနှင့် ဗြိတိသျှအစောင့်အရှောက်ခံ အေဒင် နယ်များ အသီးအသီးတည် ရှိကြသည်။ အရှေ့ဘက်တွင် အိုမန် နိုင်ငံနှင့် ပါရှန်ပင်လယ်ကွေ့တို့ တည်ရှိလျက်၊ မြောက်ဘက် တွင်မူ ကူဝိတ်နိုင်ငံ၊ အီရတ်နိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့ တည်ရှိ ကြသည်။


ဆော်ဒီ အာရေဗျနိုင်ငံမှာ ဟက်ဂျက်နိုင်ငံနှင့် နက်ဂျနိုင်ငံ နှစ်နိုင်ငံကို ပူးပေါင်းထားခြင်းဖြစ်၏။ ၁၉၂၆ ခုနှစ်၌ ထို နှစ်နိုင်ငံကို ပူးပေါင်းပြီးလျှင်၊ သူ၏ အမည်ကိုအစွဲပြုကာ၊ ဆော်ဒီ အာရေဗျနိုင်ငံဟု တွင်စေ၏။ ဟက်ဂျက်နိုင်ငံ၏ နယ်နိမိတ်ကို အတိအကျမကန့်သတ်ရသေးသောကြောင့် ဆော် ဒီအာရေဗျနိုင်ငံ အကျယ် အဝန်းသည် စတုရန်းမိုင် ၉၇၂ဝဝဝ ထက်မပိုဟုခန့်မှန်းကြသည်။ နက်ဂျနိုင်ငံ၏ အလယ်ပိုင်းရှိ ကုန်းမြေမြင့်သည် ပါရှန်ပင်လယ်ကွေ့ဖက်သို့ နိမ့်ဆင်းသွား သည်။ ပါရှန်ပင်လယ်ကွေ့တစ်ဝိုက်၌ ကျယ်ပြန့်သော မြေနိမ့် လွင်ပြင်ရှိသည်။ အနောက်ဘက်ရှိ ပင်လယ်နီကမ်းခြေမှာ ကျဉ်း မြောင်းသော သဲကန္တာရ မြေနိမ့်ပိုင်းဖြစ်၏။ ထိုကမ်းမြောင်ဒေသ အနောက်ဘက်တွင် ဟက်ဂျက်တောင်တန်းရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံ၌ မြစ်ကြီးများမရှိချေ။ ချောင်းငယ် တို့မှာလည်း ခန်းခြောက်နေသည်သာများ၏။ ရာသီဥတုမှာ ခြောက်သွေ့လှသည်။ နှစ်စဉ်ရွာသွန်းသော မိုးရေချိန်မှာ ပျမ်းမျှ ခြင်းအားဖြင့် ၁ဝ လက်မအောက်သာဖြစ်၏။ ရံဖန်ရံခါရွာသော မိုးကြောင့် သစ်ပင်ငယ်များ ကျိုးကျဲပေါက်ရောက်၏။ အိုအေစစ်များတွင် စမ်းချောင်းနှင့် ရေတွင်းများရှိသဖြင့် စိုက်ပျိုးရေး အနည်းငယ်ဖြစ်ထွန်းသည်။ တစ်နိုင်ငံလုံးမှာ သဲကန္တာရမြေချည်း လိုလိုပင်ဖြစ်၏။ သို့သော် ထိုသဲမြေများအောက်ရှိ ရေနံကြောင့် ဆော်ဒီအာရေဗျနိုင်ငံမှာ ကမ္ဘာတွင် အရေးပါအရာရောက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ ရေနံတွင်းများကို နိုင်ငံတဝှန်းလုံး တွင်တွေ့ရ၏။ ရေနံတူးဖော်ရေးလုပ်ငန်းကို ဂရိတ်ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အီဂျစ်နိုင်ငံတို့မှ ရေနံကုမ္ပဏီကြီး များက ဦးစီးလုပ်ကိုင်နေပေသည်။ ထိုနိုင်ငံမှ ထွက်ကုန်မှာ ပျားရည်၊ စွန်ပလွံသီး၊ သားရေစိမ်း၊ သိုးမွေး၊ မီးသွေးနှင့် ထောပတ်တို့ဖြစ်၏။

ဆော်ဒီ အာရေဗျနိုင်ငံ၏ လူဦးရေမှာ ဟက်ဂျက်နိုင်ငံ အပိုင်းတွင် ၂ဝဝဝဝဝဝ ကျော်ခန့်၊ နက်ဂျနိုင်ငံဖက်တွင် ၄ဝဝဝဝဝဝ ကျော်ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ နှစ်ရပ် ပေါင်းသော် ၇ဝဝဝဝဝဝ ခန့်ရှိမည်ဟု ၁၉၅၂ ခုနှစ် မှန်းခြေ အရသိရသည်။ လူမျိုးမှာ အများအားဖြင့် မွတ်စလင်များသာ ဖြစ်ကြသည်။ လူနေမှု အဆင့်အတန်းသည်လည်း အလွန် ရှေးဆန်လျက်ရှိသည်။ လမ်းပမ်းအဆက်အသွယ်လည်း ညံ့ဖျင်းလျက်ပင်ရှိသေး၏။ ဂျစ်ဒါနှင့် မက္ကာမြို့အကြားရှိ လမ်းတစ်ခုသာလျှင် ကောင်းမွန်ပေသည်။ အရေးပါသောမြို့ကြီး များတွင် လေကြောင်းခရီးလမ်းများ ဖွင့်ထား၏။ မြေပြင်၌ ကူးသန်း သွားလာရာတွင် ကုလားအုပ်များကို အသုံးပြုကြ သည်။

ဘုရင်ကြီး အစ်ဗင်ဆုအူးသည် ဤနိုင်ငံကို စည်းရုံးတည် ထောင်ခြင်းမပြုသေးမီကာလက ဗက်ဒူးအင်း လူမျိုးများသည် နိုင်ငံတဝှန်းတွင် လှည့်လည်ကျက်စားနေကြ၏။ ယင်းလူမျိုးတို့ သည် အုပ်စုဖွဲ့၍၊ မကြာခဏ အုပ်စုတစ်စုနှင့်တစ်စု ရန်စစ် ဖြစ်ပွားလျက် ရှိခဲ့ကြသည်။ သို့သော် အာရပ်အမျိုးသားရေး လုပ်ငန်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သဖြင့်၊ တစ်ဖြည်းဖြည်း ညီညွှတ်လာကြသည်။ ဘုရင်ကြီး အစ်ဗင်ဆုအူး၏ အပြင်း အထန် ကြိုးပမ်းမှုများကြောင့်လည်း အကွဲကွဲအပြားပြား ဖြစ်နေ ခဲ့သော လူမျိုးစုများ၏ စည်းရုံးရေးသည် ပိုမိုလျင်မြန်ခဲ့လေ သည်။

ဆော်ဒီအာရေဗျနိုင်ငံ ဖြစ်ပေါ်လာပုံမှာ အာရပ်အမျိုးသားရေးစိတ်ဓာတ်ပြင်းပြလှုပ်ရှားမှုကြောင့် ဖြစ်၏။ ၁၉ဝဝ ပြည့်နှစ် မတိုင်မီကပင် အာရပ်လူမျိုးခေါင်းဆောင်များသည် အာရပ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးကို ကြိုးပမ်းခဲ့ကြသည်။ ထိုကြောင့် အီဂျစ်၊ ပါလက်စတိုင်း၊ အီရတ်နှင့် အာရေဗျနိုင်ငံ များရှိ သန်းပေါင်းများစွာသော မွတ်စလင်များကို စည်းရုံးရန် 'ပန်အာရပ်စီမံကိန်း'ကို ရေးဆွဲခဲ့၏။ သို့သော် ဆော်ဒီအာရေဗျနိုင်ငံသာလျှင် ထိုသို့စည်းရုံးနိုင်ခဲ့လေသည်။

ပထမကမ္ဘာစစ်အပြီးတွင် ဆော်ဒီအာရေဗျနိုင်ငံမှ တူရကီလူမျိုးများ ထွက်ခွာသွားရသည်တွင် အာရပ်လူမျိုးများအဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရခဲ့၏။ ၁၉၂၁ ခုနှစ်၌ နက်ဂျနိုင်ငံ၏ စူလတန်ဘုရင် ဖြစ်လာသော အစ်ဗင်ဆုအူးသည် ၁၉၂၆ ခုနှစ်တွင် ဟက်ဂျက်နိုင်ငံကို သိမ်းယူလျက် နက်ဂျနိုင်ငံနှင့် ပူးပေါင်းကာ၊ ထို ၂ နိုင်ငံတို့၏ ဘုရင်အဖြစ်အုပ်စိုးသည်။ ၁၉၂၇ ခုနှစ်တွင် ဂျက်ဒါမြို့၌ ဂရိတ်ဗြိတိန်နှင့် ဘုရင်အစ်ဗင်ဆုအူးတို့ စာချုပ်ချုပ်ဆိုပြီးသည့်နောက် ထိုနိုင်ငံ၏လုံးဝလွတ်လပ်ရေးကို ဗြိတိန်က အသိအမှတ်ပြုခဲ့၏။ ၁၉၃၂ ခုနှစ်တွင် ဘုရင်အစ်ဗင်ဆုအူးသည် မိမိ၏ နိုင်ငံတာ်ကို ဆော်ဒီအာရေဗျနိုင်ငံဟူ၍ ပြောင်းလဲကြေညာခဲ့၏။ မြို့တော်များကိုမူကား၊ ယခင် ဟက်ဂျက်နှင့် နက်ဂျနိုင်ငံများ၏ မြို့ဟောင်းများဖြစ်သော မက္ကာမြို့နှင့် ရီယတ်မြို့ နှစ်မြို့စလုံးကိုပင် ဆက်လက် ထားရှိပေသည်။ သို့သော် မက္ကာမှာ သာသနာရေးဆိုင်ရာ မြို့တော်ဖြစ်၍၊ ရီယတ်မှာ စီရင်အုပ်ချုပ်ရေးဆိုင်ရာ မြို့တော်ဖြစ်သည်။


၁၉၂၆ ခုနှစ်၌ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ကို ရေးဆွဲခဲ့သည်။ များမကြာမီပင် ထိုအခြေခံဥပဒေ၌ အကြံပေးကောင်စီအဖွဲ့များဖွဲ့စည်းရန် ပြင်ဆင်ဖြည့်စွက်ခဲ့၏။ သို့သော် ကောင်စီအဖွဲ့ဝင်များကို ဘုရင်၏ သဘောတူညီချက် ဖြင့်သာ ခန့်အပ်နိုင်၏။ ဘုရင်မှာ သက်ဦးဆံပိုင်ဖြစ်လေသည်။ နိုင်ငံသုံး ဥပဒေမှာ အစ္စလာမ်အယူဝါဒဆိုင်ရာ ပညတ်ချက်များ ဖြစ်သည်။ အမှုအခင်းများကိုလည်း သာသနာရုံးတော်များ၌ စီရင်ဆုံးဖြတ်၏။ ၁၉၅၃ ခုနှစ် အောက်တိုဘာလတွင် ဘုရင် မင်းမြတ်ထံ တာဝန်ယူရသော ဝန်ကြီးများကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့၏။

ဆော်ဒီအာရေဗျနိုင်ငံသည် ၁၉၃၇ ခုနှစ်၌ နိုင်ငံတော်နယ်နိမိတ်များ အရေးနှင့်စပ်လျဉ်း၍ ယေမင်နိုင်ငံနှင့် သဘောတူညီချက်ကို ရယူခဲ့သည်။ ၁၉၄၂ ခုနှစ်၌ ကူဝိတ်နိုင်ငံနှင့် ချစ်ကြည်ရေးစာချုပ်ကို ချုပ်ဆို ခဲ့သေးသည်။ ၁၉၅၅ ခုနှစ် အောက်တိုဘာလ၌ အီဂျစ်နိုင်ငံနှင့် စစ်စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုနှစ်တွင်ပင် ဆော်ဒီအာရေဗျနိုင်ငံရှိ ဗူရေမီအိုအေစစ်ဒေသနှင့်စပ်လျဉ်း၍ အဗာဒါဗီနှင့် မက်စက်နိုင်ငံတို့က ပိုင်ဆိုင်ခွင့်ရှိသည်ဟုဆိုသဖြင့် ဗြိတိန်နိုင်ငံနှင့် ပဋိပက္ခဖြစ်ကြရ၏။ ယင်းသည့်ပဋိပက္ခမှုကို အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ် ရေး ရုံးတော်သို့တင်ပြ၏။ ရုံးတော်၌ စစ်ဆေးနေစဉ်အတွင်း ဗြိတိသျှတို့က ဆော်ဒီအာရေဗျသည် ရုံးတော်မှ လက်ခံအတည် ပြုထားသော အချက်အလက်များကို မလိုက်နာသဖြင့် တရားမျှ တသော အဆုံးအဖြတ်မရနိုင်တော့ဟုဆိုကာ အဗာဒါဗီနှင့် မတ်စကက်နိုင်ငံမှ စစ်တပ်များကို ဦးစီးလျက် ဗူရေမီအိုအေစစ်ဒေသကို ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် ဝင်ရောက် တိုက်ခိုက် သိမ်းယူလေသည်။ ဆော်ဒီအာရေဗျ အစိုးရသည် ဗြိတိသျှအစိုးရထံ ကန့်ကွက်လွှာပို့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂ သို့လည်း တိုင်ကြားခဲ့လေသည်။ အာရပ်အမျိုးသားအဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ၏ ကန့်ကွက်လွှာကို ထောက်ခံ၍၊ ကုလ သမဂ္ဂခုံရုံးတော်သည် ထိုအရေးကို ပြန်လည်ဆွေးနွေးဆုံးဖြတ် ပါရန် တောင်းဆိုထားသည်။[၁၃]

မှတ်စုပြင်ဆင်

  1. The Shahādah (Statement of faith) is sometimes translated into English as 'There is no god but Allah', using the romanization of the Arabic word Allāh instead of its translation. The word Allāh (အာရပ်: ٱلله‎) literally translates as the God, as the prefix 'Al-' is the definite article.[၂]
  2. There is a Consultative Assembly, or Shura Council, which has no legislative power.[၇] As its role is only consultative it is not considered to be a legislature.[၈]

ကိုးကားပြင်ဆင်

  1. About Saudi Arabia: Facts and figures။ The Royal Embassy of Saudi Arabia, Washington, DC။
  2. * GodIslam: Empire of Faith။ PBS။
    • 'Islam and Christianity', Encyclopedia of Christianity (2001): Arabic-speaking Christians and Jews also refer to God as Allah.
    • L. Gardet။ "Allah"။ Encyclopaedia of Islam Online
  3. ၃.၀ ၃.၁ Saudi Arabia. The World Factbook. Central Intelligence Agency.
  4. Basic Law of Governance။ Ministry of Education – Kingdom of Saudi Arabia။
  5. The World Factbook (2 July 2014)။
  6. Saudi Arabia - The World Factbook။ CIA။
  7. Hefner၊ Robert W. (2009)။ Remaking Muslim Politics: Pluralism, Contestation, Democratization။ Princeton University Press။ p. 202။ ISBN 978-1-4008-2639-1
  8. Analysts: Saudi Arabia Nervous About Domestic Discontent။ VoA News - English။
  9. The total population – General Authority for Statistics
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ Saudi Arabiaအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
  11. The World FactbookCentral Intelligence Agency
  12. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  13. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)