Morinda coreia
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Rubiaceae
မျိုးဇာတ်: Morindeae
မျိုးစု: Morinda
မျိုးစိတ်:
M. coreia
ဒွိနာမ
Morinda coreia

နီပါးဆေးပင် (တောရဲယို)သည် Rubiaceae မျိုးရင်းတွင် ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် Aal သို့မဟုတ် Indian Mulberry ဟု ခေါ်ကြပြီးအပွင့်ပွင့်သည့် အပင်မျိုးဖြစ်သည်။

ပုံသဏ္ဌာန်

ပြင်ဆင်ရန်

အခေါက်အဝါရောင်ရှိ ၏ ။ အတွင်းခေါက် နီဝါရောင် ရှိသည်။

ရွက်လွှဲထွက် သည်။ ဘဲဥပုံ ရှိ၍ အဖျားချွန်သည်။ ရဲယိုရွက် နှင့်တူသည်။ သို့သော်အနည်းငယ် သေး သည်။ ရွက်ပြားပေါ် တွင် အမွေးနု ကလေးများ ရှိသည်။ ရွက်ရင်းတွင် ရွက်စွယ်ရှိ သည်။

အဖြူရောင် ရှိ၏ ။ မွှေး၏ ။ တန်ခူးလ မှ ဝါဆိုလ အတွင်းပွင့် ၏။

ရဲယိုသီး အငယ်နှင့် တူသည်။ လုံးဝိုင်းသည်။ အသားထူ သည်။ တန်ခူးလ မှ ဝါဆိုလ အတွင်းသီး ၏။

တွေ့နိုင်သောနေရာများ

ပြင်ဆင်ရန်

မြန်မာနိုင်ငံ အပူပိုင်း ဒေသနှင့် ပဲခူး ရိုးမ တောင်ခြေ များ အတွင်း အများ အပြား ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

ပြင်ဆင်ရန်

မြန်မာ ဆေးကျမ်း များ အလို အရ နီပါးဆေး သည် ဝဖြိုးစေ၏ ၊ အဖျားကို ပယ်တတ်၏ ၊ မီးယပ်ကို မှန်စေ၏။ သွေးဝမ်း ၊ ရိုးရိုးဝမ်း သက်ခြင်းတို့ ၌ များစွာ အကျိုးရှိ၏။ အသက်ကို ရှည်စေ တတ်၏။

  • အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။
  • အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးဝမ်း သွားသော် တိုက်ရ၏။
  • အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်အ ဆက် ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း၏။
  • အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ၏။
  • အနာမှ သွေးစိမ်းယို သောအခါ တွင်၎င်းအ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။
  • အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ်ဖော် စပ်အသုံး ပြု၏ ။