ယခု ဖြည့်ဆွက်နေပြီ ဖြစ်သည်။

ပြင်ဆင်ရန်

စည်းချပ် တွေးစစ်ဗေဒ (Formal Logic) တွင် သုံးသော အကြောင်းအရာ(ညွှန်း) သို့မဟုတ် တွေးစစ်(ဗေဒ)သုံး အကြောင်းချိတ် သင်္ကေတ (ခေါ်) အကြောင်းချိတ် သင်္ကေတ (အင်္ဂလိပ်: logical connective) ဆိုသည်မှာ (ပညာရပ်သုံး) စည်းချပ်စနစ် ဘာသာစကားအဖို့ အခြင်းအရာညွှန်း ဝေါဟာရ အစအနလေးများကို ဆိုလိုရာ အကြောင်းအဓိပ္ပါယ်အလျောက် ချိတ်ဆက် ညွှန်းလုံးဝါကျဖွဲ့ရန် လေ့လာသူချင်း ညှိယူသတ်မှတ်ထားသော သင်္ကေတများကို ခေါ်ဆိုသည်။

အသုံးအများဆုံး အကြောင်းအရာညွှန်း (အကြောင်းချိတ် သင်္ကေတများ)

ပြင်ဆင်ရန်

အသုံးများသော သတ်မှတ်ထားသည့် အကြောင်းချိတ် သင်္ကတေ (logical connective) များမှာ ဤသည်တို့ ဖြစ်သည်။[၁]

  • "မဟုတ်" (not):  ,  ,   (ရှေ့ဆက်များ) တို့အနက်   က အခုလက်ရှိ ခေတ်အစားဆုံး၊ ထို့ပြင်   သည်လည်း အထိုက်အလျောက် အသုံးများတတ်။
  • "နှင့်"၊ "...လည်း ဖြစ်ပြီး" (and):  ,  ,   (ရှေ့ဆက်များ) တို့အနက်   က အခုလက်ရှိ ခေတ်အစားဆုံး။
  • "သို့မဟုတ်"၊ "မဟုတ်လျှင်" (or):  ,   (ရှေ့ဆက်များ) တို့အနက်   က အခုလက်ရှိ ခေတ်အစားဆုံး။
  • "ဖြစ်လျှင်"၊ "ဖြစ်သော်"၊ "...လျှင်" (if...then):  ,  ,  ,   (ရှေ့ဆက်များ) တို့အနက်   က အခုလက်ရှိ ခေတ်အစားဆုံး၊   သည်လည်း အထိုက်အလျောက် အသုံးများတတ်။
  • "မှသာလျှင်" (if and only if):  ,  ,  ,  ,   (ရှေ့ဆက်များ) တို့နက်   iက အခုလက်ရှိ ခေတ်အစားဆုံး။

သာဓက အသုံးပြပုံများ (အတွေးဝါကျဖွဲ့)

ပြင်ဆင်ရန်

  = မိုးရွာ
  = (ကိုယ်)အိမ်ထဲမှာနေ
ဟူသော အခြင်းအရာ၂ခုကို အခြင်းအရာညွှန်း ဝေါဟာရအစအနလေးများ (ဤတွင် ရိုမန်အင်္ဂလိပ်စာလုံး p နှင့် q) ဖြင့် စည်းချပ်စနစ် ဘာသာစကားအတွင်း သင်္ကေတပြုပြီ ဆိုပါစို။ ၎င်း အခြင်းအရာညွှန်း ၂ခုကို အမျိုးမျိုးသော အကြောင်းချိတ် သင်္ကေတ တို့နှင့် ဝါကျဖွဲ့၍ အဓိပ္ပါယ်၊ အခြေအနေ အမျိုးမျိုး ထွက်ပေါ်လုံပုံကို ဤသို့ သာဓက ကြည့်နိုင်၏။

 
ပြင်ဆင်ရန်

မိုးရွာခြင်း မဟုတ်
မိုးရွာနေ။ ဒီ၁ခု ဖြစ်မနေ။

 
ပြင်ဆင်ရန်

မိုးရွာခြင်း နှင့်/...လည်းဖြစ်ပြီး (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုးလည်း ရွာနေပြီး၊ ကိုယ်လည်း အိမ်ထဲမှာပဲ နေနေ။

 
ပြင်ဆင်ရန်

မိုးရွာခြင်း သို့မဟုတ် (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုး ရွာရင်ရွာ၊ ဒါမှမဟုတ် ကိုယ် အိမ်ထဲမှာနေ။ ဒီ၂ခုလုံး ဖြစ်ရင်လည်း ဖြစ်မယ်... ၁ခုတော့ သေချာပေါက် ဖြစ်ပျက်တယ်

 
ပြင်ဆင်ရန်

မိုးရွာခြင်း ဖြစ်လျှင် (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုးရွာရင်၊ ကိုယ် အိမ်ထဲပဲ နေမယ်။ မိုးရွာမရွာကို မူတည်ပြီး ကိုယ် အိမ်ထဲနေမနေ ဆုံးဖြတ်ဖြစ်ပေါ်မယ်

 
ပြင်ဆင်ရန်

(ကိုယ်)အိမ်ထဲမှာနေခြင်း ဖြစ်လျှင် မိုးရွာခြင်း
ကိုယ် အိမ်ထဲမှာ နေရင် မိုးရွာမယ်။ မိုးရွာမရွာက အိမ်ထဲနေမနေအပေါ် မူတည်နေတယ်လို့တော့ ဒီအတွေးဝါကျက သဘောသက်ရောက်။

 
ပြင်ဆင်ရန်

မိုးရွာခြင်း မှသာလျှင် (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုးရွာမှ အိမ်ထဲမှာ နေမယ်။ မိုးမရွာရင် သေချာပေါက် အပြင်ထွက်မယ်၊ အိမ်ထဲမှာမနေဘူး၊   လို့ ဆိုလို။

အကိုးအကား

ပြင်ဆင်ရန်
  1. Chao၊ C. (2023)။ 数理逻辑:形式化方法的应用 [Mathematical Logic: Applications of the Formalization Method] (Chineseဘာသာစကားဖြင့်)။ Beijing: Preprint.။ pp. 15–28။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)