ထင်လင်းအောင်
ဦးထင်လင်းအောင်သည် မြန်မာနိုင်ငံသား နည်းပညာရှင်၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ နိုင်ငံတကာ ဆက်ဆံရေးရုံး၏ အထူးကိုယ်စားလှယ်လည်း ဖြစ်သည်။[၁]
ဦးထင်လင်းအောင် | |
---|---|
ပြည်ထောင်စုဝန်ကြီး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၅ ဇွန် ၂၀၂၁ | |
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးရုံး အထူးကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂၁ ဖေဖော်ဝါရီ ၂၀၂၁ – ၅ ဇွန် ၂၀၂၁ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် |
လူမျိုး | မြန်မာ |
မိခင်ကျောင်း | မေရီလန်းတက္ကသိုလ် |
အလုပ်အကိုင် | နည်းပညာရှင်၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား |
ငယ်ဘဝနှင့် ပညာရေး
ပြင်ဆင်ရန်ဦးထင်လင်းအောင်ကို ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မွေးဖွားသည်။[၂] ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုရှိ မေရီလန်းတက္ကသိုလ်မှ ကွန်ပျူတာကွန်ရက်နှင့် လုံခြုံရေးဆိုင်ရာ သိပ္ပံဘွဲ့ရသည်။[၂]
နိုင်ငံရေးလှုပ်ရှားမှု
ပြင်ဆင်ရန်RIT တက်နေစဉ် တက္ကသိုလ်ကျောင်းသားဘဝကပင် ၁၉၉၆၊ ၁၉၉၈ ကျောင်းသားအရေးအခင်းများ၌ ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားအရေးအခင်း၌ ပါဝင်မှုကြောင့် ထောင် ၇နှစ် ကျခံရသည်။
ရွှေဝါရောင် အရေးတော်ပုံတွင် ပါဝင်ပြီးနောက် ၂၀၀၈တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်သို့ ထွက်ခွာခဲ့သည်။[၃]
၂၀၂၁ ဖေဖော်ဝါရီ ၂၂တွင် CRPH က နိုင်ငံတကာ ဆက်ဆံရေးရုံးကို မေရီလန်း၌ ဖွင့်လှစ်သောအခါ[၄][၅] ဦးထင်လင်းအောင်သည် အထူးကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[၆] ဇွန်လ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ "CRPH နိုင်ငံတကာဆက်ဆံရေးရုံးဖွင့်" (in my-MM)၊ BBC News မြန်မာ။
- ↑ ၂.၀ ၂.၁ "CRPH ကုလ အထူးသံတမန်များအဖြစ် ဒေါက်တာဆာဆာနှင့် ဦးထင်လင်းအောင်ကို တာဝန်ပေး"၊ ဧရာဝတီ၊ 23 February 2021။
- ↑ "Committee of Ousted Myanmar Lawmakers Appoints International Envoys"၊ The Irrawaddy၊ 23 February 2021။
- ↑ "လွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်ခန့်အပ်" (in en)၊ Radio Free Asia။
- ↑ "ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်နှင့် နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် CRPH ခန့်အပ်" (in en)၊ DVB Burmese၊ 22 February 2021။
- ↑ Appointment of Special Representative (in en) (2021-02-23)။
- ↑ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း - CRPH (5 ဇွန် 2021)။ 12 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2021 တွင် ပြန်စစ်ပြီး။