ဦးထင်လင်းအောင်သည် မြန်မာနိုင်ငံသား နည်းပညာရှင်၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ နိုင်ငံတကာ ဆက်ဆံရေးရုံး၏ အထူးကိုယ်စားလှယ်လည်း ဖြစ်သည်။[၁]

ဦးထင်လင်းအောင်
ပြည်ထောင်စုဝန်ကြီး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဇွန် ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၆-05)
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးရုံး အထူးကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၁ ဖေဖော်ဝါရီ ၂၀၂၁ (၂၀၂၁-၀၂-၂၁) – ၅ ဇွန် ၂၀၂၁ (၂၀၂၁-၀၆-၀၅)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်
လူမျိုးမြန်မာ
မိခင်ကျောင်းမေရီလန်းတက္ကသိုလ်
အလုပ်အကိုင်နည်းပညာရှင်၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဦးထင်လင်းအောင်ကို ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မွေးဖွားသည်။[၂] ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုရှိ မေရီလန်းတက္ကသိုလ်မှ ကွန်ပျူတာကွန်ရက်နှင့် လုံခြုံရေးဆိုင်ရာ သိပ္ပံဘွဲ့ရသည်။[၂]

နိုင်ငံရေးလှုပ်ရှားမှု ပြင်ဆင်ရန်

RIT တက်နေစဉ် တက္ကသိုလ်ကျောင်းသားဘဝကပင် ၁၉၉၆၊ ၁၉၉၈ ကျောင်းသားအရေးအခင်းများ၌ ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားအရေးအခင်း၌ ပါဝင်မှုကြောင့် ထောင် ၇နှစ် ကျခံရသည်။

ရွှေဝါရောင် အရေးတော်ပုံတွင် ပါဝင်ပြီးနောက် ၂၀၀၈တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်သို့ ထွက်ခွာခဲ့သည်။[၃]

၂၀၂၁ ဖေဖော်ဝါရီ ၂၂တွင် CRPH က နိုင်ငံတကာ ဆက်ဆံရေးရုံးကို မေရီလန်း၌ ဖွင့်လှစ်သောအခါ[၄][၅] ဦးထင်လင်းအောင်သည် အထူးကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[၆] ဇွန်လ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. "CRPH နိုင်ငံတကာဆက်ဆံရေးရုံးဖွင့်" (in my-MM)၊ BBC News မြန်မာ 
  2. ၂.၀ ၂.၁ "CRPH ကုလ အထူးသံတမန်များအဖြစ် ဒေါက်တာဆာဆာနှင့် ဦးထင်လင်းအောင်ကို တာဝန်ပေး"၊ ဧရာဝတီ၊ 23 February 2021။ 
  3. "Committee of Ousted Myanmar Lawmakers Appoints International Envoys"၊ The Irrawaddy၊ 23 February 2021။ 
  4. "လွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်ခန့်အပ်" (in en)၊ Radio Free Asia 
  5. "ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်နှင့် နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် CRPH ခန့်အပ်" (in en)၊ DVB Burmese၊ 22 February 2021။ 
  6. Appointment of Special Representative (in en) (2021-02-23)။
  7. အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း - CRPH (5 ဇွန် 2021)။ 12 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2021 တွင် ပြန်စစ်ပြီး။