Calendula officinalis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Asterales
မျိုးရင်း: Asteraceae
မျိုးဇာတ်: Calenduleae
မျိုးစု: Calendula
မျိုးစိတ်:
C. officinalis
ဒွိနာမ
Calendula officinalis
Synonyms[၁]
  • Calendula aurantiaca Kotschy ex Boiss.
  • Calendula eriocarpa DC.
  • Calendula hydruntina (Fiori) Lanza
  • Calendula prolifera Hort. ex Steud.
  • Calendula × santamariae Font Quer
  • Caltha officinalis (L.) Moench

ထပ်တရာပန်းပင်၏ ရုက္ခဗေဒအမည်မှာ 'ကလင်ဒျူလာ အော့ဖီဆီနဲလစ်'ဖြစ်သည်။ ထိုအပင်သည် တစ်နှစ်ခံပင်ပျော့ မျိုးဖြစ်၍၊ 'ကွန်ပေါ်ဇီတီ'မျိုးစဉ်တွင် ပါဝင်သည်။ ဥရောပ တိုက်တောင်ပိုင်းတွင် မူလပေါက်ရောက်သည်။ ထိုအပင်သည် ချုံပင်ဆန်သည့် အပင်မျိုးဖြစ်သည်။ အမြင့် ၁၂ လက်မခန့်ရှိ သည်။ အရွက်ရှည်မျောမျောရှိသည်။ အပွင့်များမှာ ကြီး၍ လိမ်မော်ရောင်ဖြစ်၏။ နွေကူးဥတုမှ ဆောင်းကူးဥတုတိုင် အောင် အပွင့်မြောက်မြားစွာပွင့်သည်။ ပွင့်ဖတ်များသည် နေဝင်သည်နှင့် တပြိုင်နက် ငုံသွားကြသည်။ ထပ်တရာပင်ကို ရှရကာရည်ပြုလုပ်ရာ၌လည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင် ပြုလုပ် ရာ၌လည်းကောင်း အသုံးပြုကြသည်။

မက္ကဆီကိုတွင် မူလပေါက်ရောက်သော ပြင်သစ်ထပ်တရာ ပင်နှင့် အာဖရိကန် ထပ်တစ်ရာပင်တို့သည် မျိုးစုတစ်မျိုးတွင် ပါဝင်ကြသည်။ ပြင်သစ် ထပ်တစ်ရာပန်း၏ ရုက္ခဗေဒအမည်မှာ 'တဂျီတီ ပတ်တျူလာ' ဖြစ်သည်။ ထိုထပ်တစ်ရာပန်းပင်သည် တစ်ပေမျှသာမြင့်သော ချုံပင်မျိုးဖြစ်သည်။ ပန်းပွင့်အရောင် သည် ရွှေဝါရောင်ဖြစ်၍ အနီကြောင်းများပါရှိသည်။ အာဖရိ ကန် ထပ်တစ်ရာပန်း၏ ရုက္ခဗေဒအမည်မှာ 'တဂျီတီ အီရက် တာ'ဖြစ်သည်။ ထိုထပ်တစ်ရာပင်မျိုးသည် ၂ ပေမှ ၃ ပေထိ မြင့်သည်။ ပန်းပွင့်အရောင်သည် အဝါဖျော့မှ လိမ်မော်ရောင် ရင့်ထိ အရောင်အမျိုးမျိုးရှိတတ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. The Plant List, Calendula officinalis L.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)