ထမင်းချဉ်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ထမင်းချဉ် သည် မြန်မာအစားအစာ တစ်မျိုး ဖြစ်ပြီး အချဉ်ဖောက်ထားသော ထမင်း ဖြစ်သည်။ ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ အင်းသားလူမျိုးတို့၏ အစားအစား တစ်ခု ဖြစ်သည်။
အင်းလေးစားသောက်ဆိုင်တစ်ခုမှ ထမင်းချဉ် | |
အဓိကသုံးဆောင်မှု | နံနက်စာ၊ နေ့လယ်စာ |
---|---|
မူရင်းနိုင်ငံ | မြန်မာနိုင်ငံ |
ဒေသ | အင်းလေးကန်၊ ရှမ်းပြည်နယ် |
အဓိက ပါဝင်ပစ္စည်း | ထမင်းချဉ်၊ ငါး၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဆီချက် |
Cookbook: ထမင်းချဉ် Media: ထမင်းချဉ် |
ထမင်းချဉ်တွင် လတ်ဆတ်သော သို့မဟုတ် အချဉ်ဖောက်ထားသော ထမင်း၊ ငါးအသားပြုတ် (အင်းလေးတွင် ဖမ်းဆီးရမိနိုင်သော ငါးမြစ်ချင်းကဲ့သို့သော ငါး)၊ ခရမ်းချဉ်သီးအနှစ်၊ ချေထားသော အာလူးပြုတ်အနှစ်၊ ကြက်သွန်မြိတ် စသည်တို့ ပါဝင်သည်။
ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူနီဆီချက်တို့ကို ထမင်းအပေါ်မှ တင်ကာ သုံးဆောင်ကြသည်။ ထမင်းချဉ်ကို ငရုတ်သီးဆီချက်ဖြင့်လဲ ပြုလုပ်ကြသည်။
အခြားကြည့်ရန်
ပြင်ဆင်ရန်
ဤ မြန်မာ့ အစားအစာအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |