ထိန်ဝင်း
ဗိုလ်ချုပ် ထိန်ဝင်း (၁၉၆၉ ဖွား) သည် တပ်မတော်(ရေ) ၏ ၁၇ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်သည်။[၁]ယင်းမတိုင်မီက သူသည် ရန်ကုန်၊ သန်လျင် အခြေစိုက် အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်ဌာနချုပ်မှူး ဖြစ်ခဲ့သည်။
ဗိုလ်ချုပ် ထိန်ဝင်း | |
---|---|
ကာကွယ်ရေးဦးစီးချုပ်(ရေ) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ဇူလိုင် ၂၀၂၄ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၇ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ရေ) |
အမှုထမ်းကာလ | ၁၉၈၉ - လက်ရှိ |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
တပ် | ကက(ရေ) |
တပ်မတော်သားဘဝ
ပြင်ဆင်ရန်သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၉ ) ဆင်း ဖြစ်သည်။တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၂၀ပြည့်နှစ် နောက်ပိုင်း တွင် ဗိုလ်ချုပ် အဆင့် တိုးမြင့်ခံရသည်။၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်နေ့ တွင် ပြုလုပ်သည့် တပ်မတော်(ရေ)၏ ရေငုပ်သင်္ဘောစစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) တွင် လေ့ကျင့်ခန်းကြီးကြပ်ရေးမှူး တာဝန်ယူရသည်။[၂]ယင်းနောက် အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဖြစ်လာသည်။[၃]၂၀၂၄ ခုနှစ် ဇူလိုင်လ တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် နှုတ်ထွက်သွားပြီးနောက် သူသည် နိုင်ငံ၏ ၁၇ ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာသည်။[၄][၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ဗိုလ်ချုပ်ထိန်ဝင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာ။ BBC Burmese (၁၅ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောစစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) လေ့ကျင့်ဆောင်ရွက်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁ ဧပြီ ၂၀၂၁)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို စစ်ရေယာဉ်တစ်စင်းနှင့် MCL ကုမ္ပဏီပိုင်ရေယာဉ်တို့ဖြင့် ထပ်မံပို့ဆောင်။ Eleven Media Group (၂၆ မေ ၂၀၂၃)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ထွက်စာတင်။ BBC Burmese (၁၂ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေတပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်။ The Irrawaddy (၁၃ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။