ဇွဲဝင်းမြင့်
ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (၁၉၆၈ ဖွား) သည် တပ်မတော်(ရေ) ၏ ၁၆ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်သည်။[၃] ယင်းမတိုင်မီက သူသည် စစ်ဦးစီးအရာရှိချုပ်(ရေ)ဖြစ်ခဲ့သည်။
ဇွဲဝင်းမြင့် | |
---|---|
ကာကွယ်ရေးဦးစီးချုပ်(ရေ) | |
တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၂၄ – ဇူလိုင် ၂၀၂၄ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး မိုးအောင် |
ဆက်ခံသူ | ဗိုလ်ချုပ်ကြီး ထိန်ဝင်း [၁] |
စစ်ဦးစီးအရာရှိချုပ်(ရေ) | |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး မိုးအောင် |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး [၂] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၈ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ဆုတံဆိပ်များ | ဇေယျကျော်ထင်ဘွဲ့ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ရေ) |
အမှုထမ်းကာလ | ၁၉၈၈-၂၀၂၄ |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
တပ် | ကက(ရေ) |
တပ်မတော်တာဝန်
ပြင်ဆင်ရန်သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) ဆင်း ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ ၃၄၇၄ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ်တွင် အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ရေယာဉ်စုမှူး တာဝန်၊ ၂၀၁၆ ခုနှစ်အရောက်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှူး[၄] ၊ယင်းနောက်တွင် ဗိုလ်မှူးချုပ်အဆင့်တိုးပြီး ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး[၅] ၊ဒလတပ်နယ်မှူး စသည့်တာဝန်များထမ်းဆောင်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ဗိုလ်ချုပ်ကြီး မိုးအောင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာစဉ် သူသည် စစ်ဦးစီးအရာရှိချုပ်(ရေ) တာဝန်အား လွှဲပြောင်းဆက်ခံရသည်။[၆] ယင်းနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက် တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် အရပ်ဘက် ဝန်ကြီးဌာန သို့ ကူးပြောင်းသွားသောအခါ သူသည် ၁၆ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့သည်။[၇]သူသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်အား ၆လ ခန့် ထမ်းဆောင်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ တွင် နှုတ်ထွက်စာတင်ခဲ့သည်။[၈]
ထင်ရှားဖြစ်ရပ်များ
ပြင်ဆင်ရန်သူသည် ၂၀၁၅ ခုနှစ် က နေရပ်ပြန်ရန်ခက်ခဲနေသည့် မလေးရှားနိုင်ငံရောက်မြန်မာလုပ်သား ၁၀၂ ဦးအား စစ်ရေယာဉ် မဟာသီဟသူရ ဖြင့် ခေါ်ဆောင်လာရာတွင် ဦးဆောင်ခဲ့သည်။[၉] ထို့အပြင် ၂၀၂၀ပြည့်နှစ်က ပြုလုပ်သော တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) အား တာဝန်ရေတပ်မမှူး အဖြစ် တာဝန်ယူသည်။[၁၀]
ချီးမြှင့်ခံရသည့်ဘွဲ့
ပြင်ဆင်ရန်၎င်း သည် ၂၀၂၂ ခုနှစ် တွင် တပ်မတော်ဆိုင်ရာဆုတံဆိပ်ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းခံရသည်။ [၁၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ရေတပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်။ The Irrawaddy (၁၃ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်ထိန်ဝင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာ။ BBC Burmese (၁၅ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၃)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပ။ MOI Myanmar (၂၅ ဇန်နဝါရီ ၂၀၂၄)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲနှင့် သဘောတူ လက်မှတ်ရေးထိုး။ ဆင်ဟွာသတင်း (၁၉ မေ ၂၀၁၆)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒလမြို့နယ်၌ သောက်သုံးရေရှားပါးသော ဒေသခံပြည်သူများအား သောက်သုံးရေဂါလန်ပေါင်း(၂၂၀ဝဝ) ဖြန့်ဝေလှူဒါန်း။ Myanmar Digital News (၆ မေ ၂၀၂၀)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ The best guarantee for perpetuation of the sovereignty of the State is possessing the dynamic and capable defence force, says Senior General။ Global New Light Of Myanmar (25 Dec 2021)။ 5 May 2024 တွင် ပြန်စစ်ပြီး။
- ↑ ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ထွက်စာတင်။ BBC Burmese (၁၂ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့တပ်မတော်(ရေ)စစ်ရေယာဉ် မဟာသီဟသူရ မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ ပြန်လည်ခေါ်ဆောင်ရောက်ရှိ။ ၂၀၁၅ခုနှစ် မတ်လ ၃၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၇) (၃၀ မတ် ၂၀၁၉)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်- မင်းရဲသိင်္ခသူပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်ဆောင်ရွက်။ CINCDS Myanmar (၁၅ အောက်တိုဘာ ၂၀၂၀)။ ၅ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၂)။ MOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။