ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ

ထိုင်းနိုင်ငံတွင် ကိုးကွယ်သော ဗုဒ္ဓဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၉၄.၆ ရာခိုင်နှုန်း ကိုးကွယ်ကြသည်။ []ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာ ကိုးကွယ်သူများထဲတွင် တရုတ်လူမျိုးများကြောင့် ရိုးရာကိုးကွယ်သူများလည်းရှိသည်။[][]ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ စေတီများမှာ မြင့်မားပြီးရွှေရောင်ရှိသည်။ ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာလက်ရာများမှာ အခြားအရှေရ့တောင်အာရှနိုင်ငံများနှင့် တူညီသည်။ အထူးအားဖြင့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများနှင့်တူညီကာ ထိုနိုင်ငံ ၂ ခုမှာ ထိုင်းနှင့် ယဉ်ကျေးမှု၊ သမိုင်းကြောင်းများ တူညီသည်။

Wat Phra Kaew

ဗုဒ္ဓဘာသာသည် ထိုင်းနိုင်ငံသို့ BCE ၂၅၀ မတိုင်မီ အိန္ဒိယဘုရင် အသောကမင်းလက်ထက်က ရောက်ရှိလာသည်ဟု ယုံကြည်ကြသည်။ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် လူနေမှုစနစ်တွင် ဗုဒ္ဓဘာသာသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည်။ ဗုဒ္ဓဘာသာနှင့် ထိုင်းဘုရင်များသည် တစ်ခါတစ်ရံရောတတ်သည်။ ထိုင်းဘုရင်များသည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာကိုးကွယ်သူများ၏ အကြီးအကဲဖြစ်သည်။ ထိုင်းနိုင်ငံ၏ သမိုင်းတွင် များသောအားဖြင့် နိုင်ငံရေးနှင့် ဘာသာရေးကို ခွဲခြားထားတတ်သည်။

သမိုင်းကြောင်းနောက်ခံ

ပြင်ဆင်ရန်

အစောပိုင်း

ပြင်ဆင်ရန်

ထိုင်းနိုင်ငံသို့ ဗုဒ္ဓဘာသာသည် ထိုစဉ်က အိန္ဒိယဘုရင် အာသောကမင်းကြီးလက်ထက်တွင် အိန္ဒိယနိုင်ငံမှ ရောက်ရှိလာကြောင်း တချို့ပညာရှင်များက ယုံကြည်ကြသည်။ []၅ ရာစုမှ ၁၃ ရာစု အတောအတွင်းတွင် အရှေ့တောင်အာရအင်ပါယာများသည် အိန္ဒိယမှ မဟာယာနဗုဒ္ဓဘာသာ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။ တရုတ်လူမျိုး ခရီးသွားဘုန်းကြီးဖြစ်သော ယီကျင်းက သူခရီးသွားခဲ့သော ထိုဒေသများတွင် အိန္ဒိယ၏ ဗုဒ္ဓဘာသာများဖြင့် စည်ပင်နေကြောင်း မှတ်သားခဲ့ဖူးသည်။ []တောင်ဘက်အထိတွင် ဆရီဗီဂျားရား နှင့် မြောက်ဘက်အထိတွင် ခမာအင်ပါယာအထိ ဩဇာလွှမ်းမိုးမှု ယှဉ်ပြိုင်ခဲ့ပြီး သူတို့၏ အနုပညာများသည် မဟာယန ဗောဓိသတ်များ ကြွယ်ဝကြောင်း ဖော်ပြနေသည်။ ခမာအင်ပါယာ၏လက်အောက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စေတီပေါင်း ၉၀၀ ကျော် တည်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ကျဆင်းလာပြီးနောက် ဆင်ဟာလ ဘုန်းကြီးများသည် မွန်လူမျိုးများနှင့် ပျူမြို့ပြနိုင်ငံများကို အရည်းကြီးများမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ နောက်ထပ် ရာစုနှစ် ၂ ခုအကြာတွင် ထေရဝါဒဗုဒ္ဓဘာသာသည် ဗမာလူမျိုးများထံပါ ပျံ့နှံ့လာပြီး ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားတွင်လည်း ထေရဝါဒဗုဒ္ဓဘာသာဖြင့် အစားထိုးလာသည်။ [] ထေရဝါဒဗုဒ္ဓဘာသာကို ဆူခိုထိုင်းနိုင်ငံထူထောင်သည့် ၁၃ရာစုတွင် နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့သည်။

၁၃-၁၉ ရာစု

ပြင်ဆင်ရန်

ထိုင်းနိုင်ငံတွင် ၁၃ ရာစုမှ ၁၉ ရာစုအတွင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာအချက်အလက်များမှာ သိပ်မထင်ရှားပေ။ အဘယ်ကြောင့်ဆိုသော် မြန်မာတို့မှ အယုဒ္ဓယမြို့တော်ကို ၁၇၆၇ ခုနှစ်တွင် ဖျက်ဆီးခဲ့သဖြင့် အနည်းငယ်သော သမိုင်းမှတ်တမ်းများသာ ကျန်ရှိခဲ့သည်။ မနုဿဗေဒပညာရှင် တမ်ဘီးယက်က ထိုခေတ်က ယေဘူယျနည်းလမ်းမှာ ဗုဒ္ဓဘာသာမှ သံဃာနှင့်တစ်ဖက် ဘုရင်နှင့်တစ်ဖက်ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ အခြား ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံတွင်လည်း ဘုရင်သည် သာသနာ၏ အထွတ်အထိပ်ဖြစ်ကာ သံဃာများအား စောင့်ရှောက်သူလည်းဖြစ်သည်။ သာသနာနှင့် သံဃာမှာ လူအဖွဲ့အစည်း၏ ရတနာဖြစ်သည်။

နှောင်းခေတ်

ပြင်ဆင်ရန်

  ၁၉ရာစုအတွင်း ၁၈၅၁ခုနှစ်တွင် နန်းတက်လာခဲ့သော မွန်ကွပ်ဘုရင်သည် သူကိုယ်တိုင် ဘုန်းကြီးအဖြစ် ၂၇ နှစ်တိုင်အောင်နေခဲ့သည်။ မွန်ကွပ်ဘုရင်သည် ဘုန်းတော်ကြီးအဖြစ်နှင့် ပါဠိဗုဒ္ဓစာပေများကို ကျွမ်းကျင်သော ပညာရှင်ဖြစ်ခဲ့သည်။ မွန်ဘူမျိုးများ၏ လွှမ်းမိုးမှုနှင့် တိပိဋကဓရ များကိုနားလည် လိုက်နာမှုဖြင့် မွန်ကွပ်ဘုရင်သည် သံဃာများအတွက် နိကာယများ ပြုပြင်ပြောင်းလဲခဲ့သည်။ တိကျသော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ခဲ့သည်။ မွန်ကွပ်၏ စည်းမျဉ်းများ လွှမ်းမိုးနေသော မဟာနိကာယသည် ၉၅ ရာခိုင်နှုန်းသော သံဃာတော်များမှ ၁၉၇၀ခုနှစ်တွင် ပြုစုခဲ့သော ဓမ္မနိကာယအောက် တိကျသောစည်းမျဉ်းများ လျော့နည်းသည်။ ၁၉၀၂ ခုနှစ်တွင် ရာမ ၅ ဘုရင်ဖြစ်သော ချူလာလောင်ကွန်းဘုရင်က ယနေ့ခေတ် သံဃာအုပ်ချုပ်မှုပုံစံဖြစ်သော ၁၉၀၂ ခုနှစ် သံဃာဥပဒေအရ သံဃာများအဆင့်ဆင့်ဖွဲ့စည်းပုံကို ပြုပြင်ခဲ့သည်။[]

အချက်အလက်များ

ပြင်ဆင်ရန်

ခန့်မှန်းခြေအရ ထိုင်းနိုင်ငံလူဦးရေ၏ ၉၄ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ [] As of 2016 ဘုရားစေတီပေါင်း ၃၉၈၈၃ ဆူ တည်ရှိသည်။ ထိုအထဲမှ အဆူပေါင်း ၃၀၀ ကျော်မှာ တော်ဝင်စေတီများဖြစ်ကြသည်။ ကျန်စေတီများမှာ အများပြည်သူကိုးကွယ်ရာ စေတီများဖြစ်သည်။ သံဃာတော် ၂၉၈၅၈၀ ရှိကာ ၂၆၄၄၄၂ မှာ မဟာနိကာယဖြစ်ကာ ၃၄၁၃၈ မှာ ဓမ္မနိကာယဖြစ်သည်။ ကိုရင် ၅၉၅၈၇ ပါးရှိသည်။[]

လွှမ်းမိုးခြင်း

ပြင်ဆင်ရန်
 

ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားမှုအတွက် အဓိက အင်အားစုသုံးခုရှိသည်။ အဓိက လွှမ်းမိုးမှုမှာ သီရိလင်္ကာနိုင်ငံမှ ပျံ့နှံ့လာသော ထေရဝါဒဗုဒ္ဓဘာသာကျောင်းဖြစ်သည်။ ဒေသတွင်း ထင်ရှားသော မူကွဲမှုများရှိနေစဉ်တွင် ထေရဝါဒကျောင်းများသည် ထိုင်းဗုဒ္ဓဘာသာ၏ အဓိကပြယုဂ်များဖြစ်သည်။ ရိုးရာအရ ထိုင်းနိုင်ငံတွင် ပါဠိဘာသာသည် ဘာသာရေး၏ ဘာသာစကားဖြစ်သည်။ ကျမ်းစာများကို ပါဠိဘာသာဖြင့်သာမက ခေတ်ပေါ်ထိုင်းစာများ၊ ရှေးဟောင်းခမာစာများနှင့် သမ်စကားလုံးများဖြင့် ပြုစုကြသည်။ ဘာသာရေးဝတ်ပြုမှုများတွင်လည်း ပါဠိဘာသာကို အသုံးပြုကြသော်လည်း ထိုင်းလူမျိုးအနည်းငယ်သာ နားလည်ကြသည်။ ပါဠိ ပိဋကတ်သုံးပုံမှာ ထိုင်းနိုင်ငံ၏ အဓိက ဘာသာရေးသင်ရိုးညွှန်းတမ်းဖြစ်သည်။

ထိုင်းဗုဒ္ဓဘာသာတွင် ဒုတိယလွှမ်းမိုးမှုမှာ သောက္ကတဲခေတ်အတွင်းက ကမ္ဘောဒီးယားမှလာသော ဟိန္ဒူ အယူဝါဒဖြစ်သည်။ ဟိန္ဒူအယူဝါဒမှာ ကမ္ဘောဒီးယားနိုင်ငံအတိုင်း အစောပိုင်းထိုင်းဖွဲ့စည်းပုံဥပဒေများတွင် လွှမ်းမိုးမှုရှိခဲ့သည်။ ထိုင်းနိုင်ငံ၏ လူမှုအဖွဲ့အစည်းသာမက ဘာသာရေးအတွက် အမိန့်များတွင် ဟိန္ဒူအယူဝါဒများ လွှမ်းမိုးခဲ့သည်။ ယနေ့ခေတ် ထိုင်းနိုင်ငံ၏ အယူဝါဒများသည် ဟိန္ဒူအယူအဆမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း ဟိန္ဒူအယူအဆများမှာ ချက္ကရီမင်းဆက်အတွင်း သိသာစွာလျော့ကျလာခဲ့သည်။

 

ရိုးရာကိုးကွယ်မှုတွင် ရိုးရာနတ်များဖြစ်သော ဖိ တို့သည် တတိယမြောက် လွှမ်းမိုးသူများဖြစ်သည်။ အနောက်ပိုင်းဓလေ့လေ့လာသူများ (အနောက်နိုင်ငံတွင် ပညာသင်ခဲ့သူများ)က ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုများအကြား တိကျစွာ ခွဲခြားလေ့ရှိသည်။ ထိုရောယှက်မှုမှာ ကျေးလက်ဒေသများတွင် ပို၍ များပြားသည်။

နောက်တစ်ခုအနေဖြင့် အခြား အသေးစားလွှမ်းမိုးမှုအဖြစ် မဟာယနဗုဒ္ဓဘာသာဖြစ်သည်။ ထိုင်းနိုင်ငံတွင် အစောပိုင်းကာလက မဟာယနဗုဒ္ဓဘာသာ လွှမ်းမိုးခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မဟာယနဗုဒ္ဓဘာသာသည် တိမ်မြုပ်သွားသော်လည်း အချို့တွင် လွှမ်းမိုးမှုရှိသေးသည်။

 

ယနေ့ခေတ်အချိန်တွင် ထိုင်းလူမှုအဖွဲ့အစည်းအတွင်းရှိ တရုတ်များအတွင်း မဟာယနမှာ လွှမ်းမိုးနေသည်။ အချို့သောတရုတ်များမှာ ထိုင်းရိုးရာအတိုင်း ထေရဝါဒဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲလာပြီဖြစ်သော်လည်း များစွာသောတရုတ်များမှာမူ အရှေ့အာရှမဟာယနရိုးရာ သီးခြား ဘုန်းကြီးကျောင်းများ ထားရှိလေသည်။

အစိုးရပိုင်းဆိုင်ရာ

ပြင်ဆင်ရန်

ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်သည့်အားလျော်စွာ အရှေ့တောင်အာရှ၏ ဘုရင်နှင့်မိဖုရားတို့သည် ဗုဒ္ဓဘာသာ လူမှုအဖွဲ့ အစည်းမှဖြစ်သည့် အစဉ်အလာရှိသည်။ ထို့ကြောင့် တိုင်းပြည်အတွက် ဗုဒ္ဓဘာသာသည် အာမခံချက်ရှိသည်။ ဗုဒ္ဓဘာသာအဖွဲ့အစည်းများကို အစိုးရဘက်မှ အထူးပကျိုးခံစားခ့င့်များ ခွင့်ပြုထားသည်။ ထိုင်းဘုရင်များ၏ ဘိသိတ်ခံနန်းတက်ပွဲများတွင်လည်း ဗုဒ္ဓဘာသာသည် အရေးကာသော ကဏ္ဍမှ ပါဝင်နေသည်။ ဗုဒ္ဓဘာသာ ဘုရားစေတီများနှင့် ဘုန်းကြီးများကိုလည်း အစိုးရဝန်ကြီးဌာနတစ်ခုမှ ကြီးကြပ်သည်။

ခရီးသွား နိုင်ငံကူးလက်မှတ် ရရှိရန်အတွက် ထိုဘုန်းကြီးအနေဖြင့် သံဃာ့ကောင်စီမှ တရားဝင်စာ ပါရှိရမည်။ ထို့အပြင် သာသနာဝင်စိစစ်ရေးကတ်ပြားများ၊ ဘုန်းကြီးကျောင်းမှထောက်ခံချက်များလည်း လိုအပ်သည်။

အစိုးရ သို့မဟုတ် တော်ဝင်မိသားစု၏ ပွဲများ (ဥပမာ-ကထိန်)များအတွက် ဘုန်းကြီးများအား အထူးအခွင့်အရေးများပေးအပ်ထားသည်။ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အခမဲ့ လိုက်ပါခွင့်ပြုခြင်း၊ ဘူတာအများစုနှင့် လေဆိပ်များတွင် ဆရာတော်များအတွက် သီးသန့်နေရာများလည်း ထားရှိသည်။ သို့သော် သံဃာတော်များအနေဖြင့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်မရှိပေ။

  1. The World Factbook — Central Intelligence Agency (in en)။ 29 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2019 တွင် ပြန်စစ်ပြီး။
  2. CIA World Factbook: Thailand။ Central Intelligence Agency (2007-02-08)။ 29 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. 'Lamphun's Little-Known Animal Shrines' in: Forbes, Andrew, and Henley, David, Ancient Chiang Mai Volume 1. Chiang Mai ,Cognoscenti Books, 2012.
  4. "Some Aspects of Asian History and Culture" by Upendra Thakur p.157
  5. Sujato၊ Bhante (2012)၊ Sects & Sectarianism: The Origins of Buddhist Schools၊ Santipada၊ p. 72၊ ISBN 9781921842085
  6. Gombrich၊ Richard F. (2006)။ Theravāda Buddhism : a social history from ancient Benares to modern Colombo (2nd ed.)။ London: Routledge။ p. 3။ ISBN 978-0-415-36509-3
  7. Tuchrello, William P. "The Society and Its Environment" (Religion: Historical Background section). Thailand: A Country Study. Archived 2007-11-14 at the Wayback Machine. Federal Research Division, Library of Congress; Barbara Leitch LePoer, ed. This article incorporates text from this source, which is in the public domain.[၁] Archived 2012-07-10 at Archive.is
  8. Major Religions in Thailand
  9. Educational Statistics 2016