ထူးအိမ်သင်

အဆိုတော်၊ တေးရေးသူ

ထူးအိမ်သင် (၁ ဇူလိုင် ၁၉၆၃ – ၁၄ ဩဂုတ် ၂၀၀၄) သည် ၁၉၈၀ ခုနှစ်လယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို ပေါ့ရော့ခ်၊ ပေါ့ဂျက်ဇ် စသည်ဖြင့် မတူညီသည့်အသွင်များဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။[] အနုပညာသက်တမ်း ၁၈ နှစ်တာကာလအတွင်း တကိုယ်တော် အယ်လ်ဘမ် ၁၄ ခုထိ ထုတ်လုပ်ခဲ့ပြီး သူ၏ အနုပညာလက်ရာများသည် မြန်မာပရိသတ်များကြားတွင် ယနေ့တိုင် လွှမ်းမိုးနေဆဲဖြစ်သည်။[]

ထူးအိမ်သင်
မွေးဖွားကျော်မြင့်လွင်
(1963-07-01)၁ ဇူလိုင်၊ ၁၉၆၃
ပုသိမ်မြို့မြန်မာနိုင်ငံ
ကွယ်လွန်၁၄ ဩဂုတ်၊ ၂၀၀၄(2004-08-14) (အသက် ၄၁)
ရန်ကုန်၊ မြန်မာ။
အခြား အမည်များသျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ သျှပ်မှူးကျော် (ကလောင်အမည်)၊ လင်းထက် (ကလောင်အမည်)၊ရဲသင်ရန်(ကလောင်အမည်)[]
လူမျိုးမွန်
အလုပ်အကိုင်အဆိုတော်၊ တေးရေးသူ၊ကဗျာဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၆–၂၀၀၄
ကျော်ကြားမှုအရင်းခံကျော်ကြားသော အဆိုတော် တေးရေးသူ
သားသမီးမိကွန်ထော
မိဘ(များ)ဦးထွန်းမြင့်၊ ဒေါ်မြရီ
ဝက်ဘ်ဆိုဒ်htooeainthin.com
ဂီတခရီးလမ်း
ဂီတဟန်ရော့ခ် ဂီတ၊ ပေါ့ရောခ်၊ ဂျက်စ်၊ bossa nova
တူရိယာဂစ်တာ၊ ပီယာနို၊ ဒရမ်၊ပက်ကားရှင်း၊ဟာမိုနီကာ
လက်မှတ်

ကိုယ်ရေးကိုယ်တာ

ပြင်ဆင်ရန်

အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန်ဖြစ်သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်⁠သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်သည်။

အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။

အနုပညာလှုပ်ရှားမှု

ပြင်ဆင်ရန်

မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။[] ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်သည်။ ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည်။

၁၉⁠၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီးသီချင်းကြောင့် ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရသည်။ သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြသည်။ ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

ပြင်ဆင်ရန်

၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင်‌ နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဘဝနိဂုံး

ပြင်ဆင်ရန်

နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀⁠၀၄ နံနက် ၁၁:၄၀ အသက်‌ ၄၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကိုချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက်အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။

တေးသီချင်းခွေများ

ပြင်ဆင်ရန်
စဉ် တေးအမည် ထုတ်ဝေနှစ် စတူဒီယို တီးဝိုင်း တေးသံသွင်း
နာရီပေါ်မှ မျက်ရည်စက်များ ၁၉၈၇ Oasis The Aces ဂန္ဓမာတေးသံသွင်း
မှော်ဆရာအိပ်မက် ၁၉၈၈ (Feb) Oasis The Aces ပန်းနုလဝန်းတေးသံသွင်း
သက်ငြိမ် ၁၉၈၉ (Oct) Oasis The Aces Country Boy Recording
အတ္တပုံဆောင်ခဲများ ၁၉⁠၉၁ (Jan) Oasis Emperor စံပယ်ဦးတေးသံသွင်း
အကြင်နာအိပ်မက် ၁၉⁠၉၁ (Jun) Oasis, May T Four, Emperor, Success ယင်းမာတေးသံသွင်း
အရင်အတိုင်း ၁၉⁠၉၁ (Dec) Oasis Emperor ဂျူပီတာတေးသံသွင်း, Ko Ye Music Production
စကားလုံးမရှိတဲ့ ကောင်းကင် ၁၉⁠၉၅ (Feb) Oasis Emperor နှင်းဆီလှိုင်းတေးထုတ်လုပ်ရေး
ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium) ၁၉⁠၉၆ (Dec) May Iron Cross Sein Min Music Production
မြို့ပြလရောင်တမ်းချင်း ၁၉⁠၉၆ (Oct) Oasis Session Players Mercury Recording
၁၀ ဝင်ရိုးစွန်းမီး ၁၉⁠၉၇ (Feb) LYNN Session Players NASA Recording
၁၁ အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း ၁၉⁠၉၇ (May) LYNN Iron Cross IC Music Production
၁၂ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉⁠၉၉ (Jun) Oasis Emperor Heart Music Production
၁၃ အစိမ်းရောင် ရက်စွဲများ ၂၀⁠၀၁ (Nov) Oasis Iron Cross စံပယ်ဦးတေးသံသွင်း
၁၄ တစ်နေ့စာအလွဲများ ၂၀⁠၀၃ (Oct) Oasis Emperor မန်းသီရိတေးသံသွင်း
၁၅ ချစ်ခြင်းအားဖြင့် ၂၀⁠၀၅ (Aug) Oasis, PTL, Nawarat Iron Cross, The Trees, Session Players
  1. အဆုံးအစမဲ့ မိုးသားထဲသွားရဦးမယ် (ထူးအိမ်သင်ကောက်ကြောင်း)၊ နိုင်ဇော်၊ သိရိဝစ္ဆစာပေ
  2. Min Zin (2002-09-01). "Burmese Pop Music: Identity in Transition". Irrawaddy News.  မော်ကွန်းတင်ပြီးမိတ္တူ။ 3 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2018 တွင် ပြန်စစ်ပြီး။
  3. Kyaw Kyaw Tun။ "With Love: a final farewell to the legendary Htoo Ein Thin"၊ The Myanmar Times၊ 2005-08-22။ Archived from the original on 2008-02-26။ 
  4. Moe Moe Aung (April 2006). "Musical Bird That Has Flown Away" 3.  Archived 29 April 2011 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 29 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်