ထေဂျို

ကိုရီးယားနိုင်ငံ ဂျိုဆွန်မင်းဆက်၏ တည်ထောင်သူနှင့်ဘုရင်၊ ၁၃၉၂ ခုနှစ်မှ ၁၃၉၈ ခုနှစ်အထိ

ထယ်ဂျို သို့မဟုတ် ထေကျို (ကိုရီးယား: 태조; 太祖 ၁၃၃၅ အောက်တိုဘာ ၂၇ - ၁၄၀၈ မေ ၂၄ ) သည် ဂျိုဆွန်းမင်းဆက်ကို စဦးတည်ထောင်သူ ဖြစ်သည်။ အမည်ရင်းမှာ လီဆောင်ဂျယ်ဖြစ်သော်လည်း နန်းတက်သည်နောက် လီဒန်ဟူသောအမည်ကို ခံသည်။ [၁] ၁၃၉၂ မှ ၁၃၉၈ ကာလတွင် မင်းပြုပြီး ဂိုလျောမင်းဆက်ကို ဖြုတ်ချရာတွင် အဓိကပုဂ္ဂိုလ်အဖြစ် ပါဝင်သည်။

ထယ်ဂျုံး၏ဖခင် လီဂျာချွန်သည် တရုတ်ပြည် ယွမ်မင်းဆက်အောက်တွင် အမှုထမ်းသူဖြစ်ပြီး မိခင်သည် တရုတ်လူမျိုးဖြစ်၏။ [၂][၃][၄] ထယ်ဂျုံးသည် ဂိုလျောတပ်သို့ ဝင်ရောက်အမှုထမ်းရာ ရာထူးအဆင့်ဆင့်တိုးခဲ့ပြီး ဗိုလ်ချုပ်အဆင့်ထိဖြစ်လာခဲ့သည်။ နောက် ၁၃၉၂ ခုတွင် နန်းတော်ကိုပါ ပုန်ကန်တော့သည်။ ၁၃၉၈ ခုတွင် သားများအကြား နန်းလုသည့်အရေးကြောင့် ပလ္လင်မှ ဆင်းပေးရသည်။ ၁၄၀၈ ခုတွင် လွန်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Lee, Ki-Moon; Ramsay, Robert (2011). A History of the Korean Language. Cambridge University Press. p. 153. ISBN 978-1139494489.
  2. 태조실록 5권, 태조 3년 4월 28일 정유 3번째기사
  3. "의혜왕후 懿惠王后 - Doosan Encyclopedia". Doosan Encyclopedia. Archived from the original on November 4, 2020.
  4. "뿌리를 찾아서 의혜왕후(懿惠王后)". Archived from the original on June 3, 2018.