ထွန်းထွန်းဟိန်
ဦးထွန်းထွန်းဟိန် (ဦးထွန်းအောင်) မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည်။ နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သမ္မတဖြစ်ပြီးနောက် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်မှာ ဥက္ကဋ္ဌဖြစ်လာပြီး ဦးထွန်းထွန်းဟိန်မှာ ဒုဥက္ကဋ္ဌဖြစ်လာသည်။၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ထိန်းသိမ်းခံရပြီးနောက် လားရှိုးအကျဉ်းထောင်သို့ပို့ကာ ထောင်(၃၃) နှစ်ချခံထားရသည်။
ထွန်းထွန်းဟိန် | |
---|---|
![]() | |
တတိယမြောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၂ မတ် ၂၀၁၈ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးတီခွန်မြတ် |
ပြည်သူ့လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | နောင်ချိုမြို့နယ် |
ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် (၁၉၉၀) | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ရာထူးဖျက်သိမ်း |
မဲဆန္ဒနယ် | နောင်ချိုမြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၁၈၈၈၆ (၅၆.၅၉%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဇီးပင်ကြီးရွာ၊ ပြင်ဦးလွင်မြို့နယ် | ၃၀ ဧပြီ၊ ၁၉၄၉
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | NLD |
ကြင်ဖော်(များ) | စိန်စိန်သိန်း (m. 1973) |
သားသမီး | မေသင်္ကြန်ဟိန် |
မိဘ | ဦးကျဟိန် ဒေါ်မြခင် |
နေထိုင်ရာ | ကော့မှူး၊ ရန်ကုန် |
ပညာရေး | B.Sc. Zoology |
မိခင်ကျောင်း | မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ် |
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များပြင်ဆင်
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် ဦးထွန်းထွန်းဟိန်သည် အခြားသောထိပ်တန်းနိုင်ငံရေးသမားများနည်းတူ အစောဆုံးထိန်းသိမ်းခံရသည်။ [၁] စစ်ကောင်စီ က ၎င်းကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနေအိမ်ထဲမှာပင် အကျယ်ချုပ်ချသည်။တစ်ပါတ်ကြာ အကျယ်ချုပ်ထားပြီး ၂၀၂၁ ဖေဖော်ဝါရီ၇ ရက်နေ့ မနက်ပိုင်းတွင် အကျယ်ချုပ်ထားရှိရာနေရာမှနေ၍ အပြင်သို့ ပြန်လွတ်ပေးသည်။ ရန်ကုန်သို့ မသွားရန် တားမြစ်ခံရသည့်အတွက် ဦးထွန်းထွန်းဟိန်သည် ဇာတိ နောင်ချို ကျောက်တောကျေးရွာ သို့ ပြန်ရောက်ပြီး ၃ရက်အကြာ ဖေဖော်ဝါရီ ၁၀ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရသည်။ လားရှိုးအကျဉ်းထောင်တွင် ချုပ်နှောင်ခံရသည်။[၂] [၃]
အကျဉ်းချခံရခြင်းပြင်ဆင်
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ရက်တွင် ပုဒ်မ ၅၀၅ (က)၊ (ခ) အမှုများဖြင့် လားရှိုးထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ်၊[၄] ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လားရှိုးထောင်တွင်းတရားရုံးကပင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ဖြင့် ထောင်နှစ် ၂၀ ဖြင့် အသီးသီးချမှတ်သည်။[၅] ဦးထွန်းထွန်းဟိန် က စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး ၎င်းတွင် အပြစ်မရှိဟု ထုချေကာ အယူခံတက်သည်။[၆]အယူခံများ ပယ်ချခံရသည်။
၂၀၂၃ ဇန်နဝါရီ ၂၇တွင် နောင်ချိုတရားရုံးက ရွေးကောက်ပွဲမသမာမှုစွဲစွပ်ချက် အမှုသုံးမှုဖြင့် တစ်မှုလျှင် ထောင်(၃) နှစ်စီ စုစုပေါင်း ထောင်ကိုးနှစ် ချခဲ့သည်။ ယင်းကြောင့် ဦးထွန်းထွန်းဟိန်သည် ရှေ့အမှုများပါ ပေါင်းလျှင် ကျခံရမည့် အရေအတွက်မှာ ထောင်ဒဏ် (၃၃) နှစ် အထိ ရှိလာခဲ့သည်။[၇]
ကိုးကားပြင်ဆင်
- ↑ နောင်ချို ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ထိန်းသိမ်းခံရ။
- ↑ “ခေါင်းငုံ့ခံနေရင် ဒီမိုကရေစီဆိုတာ ကျမတို့နဲ့ အဝေးကြီးဖြစ်သွားပြီ”- ဒေါ်မေသင်္ကြန်ဟိန်။
- ↑ လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကို ထပ်မံဖမ်းဆီးထိန်းသိမ်း။
- ↑ ဦးထွန်းထွန်းဟိန် အလုပ်ကြမ်းနဲ့ ထောင်လေးနှစ် အမိန့်ချခံရ။
- ↑ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ။
- ↑ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ထောင်နှစ် ၂၀ထပ်ချ။
- ↑ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ကိုးနှစ်ထပ်ချခံရ၊ ပေါင်း ၃၃ နှစ်ရှိလာ။