ဒါနီယယ် ဇဲနတ် (ဂျာမန်: Daniel Sennert) သည် ဂျာမန် သမားတော်၊ အဂ္ဂိရတ်၊ ဓာတုဗေဒကဲ့သို့သော ပညာရပ်ဆိုင်ရာစာပေအများအပြားရေးသားသူတစ်ဦးဖြစ်၍ ဗစ်တန်ဘာ့ဂ် တက္ကသိုလ် (Wittenberg) တွင် ဆေးပညာ ပါမောက္ခတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ထမ်းရွက်ခဲ့သူတစ်ဦးဖြစ်သည်။

ဒါနီယယ် ဇဲနတ်
မွေးဖွား၁၅၇၂ နိုဝင်ဘာ ၂၅
Breslau, Habsburg Monarchy
ဆုံးပါး၁၆၃၇ ဇူလိုင် ၂၁
ဗစ်တန်ဘာ့ဂ်မြို့
နိုင်ငံလူမျိုးဂျာမန်
နယ်ပယ်ဆေးပညာ
အဖွဲ့အစည်းဌာနဗစ်တန်ဘာ့ဂ် တက္ကသိုလ်
ပညာရေးဗစ်တန်ဘာ့ဂ် တက္ကသိုလ်
ကြီးကြပ်သူများJan Jesenius
တပည့်ကျော်များWerner Rolfinck

ကိုယ်ရေးအချက်အလက် ပြင်ဆင်ရန်

ဒါနီယယ် ဇဲနတ်ကို ၁၅၇၂ တွင် ဘရဲဆလောင် (Breslau; ယခု ပိုလန်ရှိ ဗရော့စဝ(ဖ်)မြို့ (Wrocław)) တွင် မွေးဖွားခဲ့သည်။ မြို့သည် ထိုအချိန်က ဟဘ်စဘာ့ဂ် မင်းဆက်အောက်တွင်ဖြစ်၏ ။ ဖခင်ဖြစ်သူမှာ ဖိနပ်ချုပ်သူတစ်ဦးဖြစ်သည်။

ဗစ်တန်ဘာ့ဂ် တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ကာ ၁၅၉၈ တွင် မဟာဘွဲ့၊ ၁၆၀၁ တွင် ဆေးပညာဘွဲ့တို့ ရရှိခဲ့သည်။ အစောပိုင်းလက်ရာအဖြစ် အဂ္ဂိရတ်သီအိုရီ ရှောင်ရှားခြင်းနှင့် အရစ္စတိုယ်ဝါဒ လက်ခံခြင်း တို့ကို ဖော်ထုတ်သရုပ်ပြခဲ့သည်။ သို့ရာတွင် ဆေးပညာဘွဲ့ရရှိပြီး ဆယ်နှစ်အတွင်း၌ သတ္တုများတစ်ခုမှ တစ်ခုသို့ အသွင်ပြောင်းခြင်း၊ စမ်းသပ်ခြင်း အယူအဆကို လက်ခံခဲ့လေသည်။[၁] အဂ္ဂိရတ်နှင့် ဓာတုဗေဒဆိုင်ရာ ကျမ်းအများအပြား ထုတ်ဝေခဲ့၍ အချို့ကို ပြန်လည်ထုတ်ဝေခြင်းများ၊ ဘာသာပြန်ခြင်းများ ရှိခဲ့သည်။ ဗစ်တန်ဘာ့ဂ် တက္ကသိုလ် ဆေးပညာမဟာဌာနတွင် ဌာနမှူးအဖြစ် ခြောက်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး အထက်တန်းလွှာ၊ မင်းမျိုးမင်းနွယ်များ၏ သမားတော်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗစ်တန်ဘာ့ဂ်မြို့၌ပင် ၁၆၃၇ ၌ ပလိပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Newman၊ William Royall (2006)။ Atoms and alchemy: chymistry and the experimental origins of the scientific revolution။ University of Chicago Press။ ISBN 978-0-226-57697-87 March 2011 တွင် ပြန်စစ်ပြီး
  2. The Galileo Project