ဒိဋ္ဌိသုတ်
(၂)သုတ် ရှိပါသည်။
[၁] ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်, မိစ္ဆာဒိဋ္ဌိဟူသော တရား (၄)ပါးနှင့်ပြည့်စုံသူသည် ငရဲသို့ရောက်ရ၏။ ကာယသုစရိုက်, ဝစီသုစရိုက်, မနော သုစရိုက်, သမ္မာဒိဋ္ဌိဟူသော တရားသုံးပါးနှင့် ပြည့်စုံသောသူသည် နတ်ပြည်သို့ ရောက်ရ၏ဟု ကဏှပက္ခ, သုက္ကပက္ခ တရားလေးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ မိစ္ဆာဒိဋ္ဌိသည် မနောဒုစရိုက်တွင်ပါဝင်သော်လည်း အပြစ်ကြီးသောကြောင့် သီးခြားထုတ်၍ ဟောတော်မူကြောင်း ဖွင့်ပြထားပါသည်။
[၂] အထက်သုတ်ပါ ကဏှပက္ခတရားလေးပါးနှင့်ပြည့်စုံ မိုက်မဲ, မလိမ္မာသော သူယုတ်မာသည် မိမိခန္ဓာကိုယ်ကို တူးဖြိုဖျက်ဆီးလျက် ဆောင်ရွက်၏။ အပြစ် လည်းရှိ၏။ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏။ များစွာသော မကောင်းမှုကို ဖြစ်ပွားစေ၏။ သုက္ကပက္ခတရားလေးပါးတို့နှင့် ပြည့်စုံသောပညာရှိ လိမ္မာသော သူတော်ကောင်းသည် မိမိကိုယ်ခန္ဓာကို မတူးဖြို မဖျက်ဆီးပဲဆောင်၏၊ အပြစ်လည်းမရှိ၊ ပညာရှိတို့သည်လည်း မကဲ့ရဲ့အပ်၊ များစွာသောကောင်းမှုကို ဖြစ်ပွားစေ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
ကိုးကား
ပြင်ဆင်ရန်- ↑ အံ၊၁၊၅၄၈။ အံ၊မြန်၊၁၊၅၆၃-၄။ အံ၊ဋ္ဌ၊၂၊၃၈၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၂)၂-ပရိသသောဘနဝဂ္ဂ၊ ဒုတိယသုတ်။
- ↑ -အံ၊၁၊၅၅၀-၁။ အံ၊မြန်၊၁၊၅၆၆။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၃) ၃-ဒုစ္စရိတဝဂ္ဂ၊ ဒုတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ