ဒိုင်းနက်လူမျိုး
ဒိုင်းနက်လူမျိုး (သက္ကမလူမျိုး[၁]) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံတိုင်းရင်းသားများ ဖြစ်သည်။ ဒိုင်းနက်လူမျိုးများသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် အပါအဝင် ဖြစ်သည်။ ဒိုင်းနက်လူမျိုးသည် တိဘက်-ဗမာနွယ် လူမျိုးကြီးအုပ်စုတွင် အပါအဝင်ဖြစ်ပြီး မျိုးရိုးဗီဇအရ တိဘက်လူမျိုး၊ ဗမာလူမျိုးနှင့် ရခိုင်လူမျိုးများနှင့် နီးစပ်သည်။ ဒိုင်းနက်လူမျိုးများ၏ ၁၉၉၅ ခုနှစ် စာရင်းများအရ လူဦးရေ ၆၀,၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၈၀,၀၀၀ အထိ ရှိလာခဲ့သည်။ အသွင်အပြင်အရ ရခိုင်လူမျိုးများနှင့် ခွဲခြားရန်ခက်သော်လည်း ဒိုင်းနက်လူမျိုးများတွင် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှုများ ရှိကြသည်။ လူမျိုးစုအရ ဒိုင်းနက်လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ သက္ကမလူမျိုးများနှင့် နီးစပ်သည်။ ဒိုင်းနက်နှင့် သက္ကမလူမျိုးတို့၏ ဘာသာစကားစကားမှာ အပြန်အလှန်နားလည်နိုင်စွမ်းရှိသည်။
လူဦးရေ စုစုပေါင်း | |
---|---|
၈၀,၀၀၀ () | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာ (ရခိုင်ပြည်နယ်) | |
ဘာသာစကား | |
သက္ကမ ၊ ဗမာ | |
ကိုးကွယ်မှု | |
ထေရဝါဒဗုဒ္ဓဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
သက္ကမ၊ ဗမာ၊ ရခိုင်၊ တိဘက် |
ဒိုင်းနက်လူမျိုးများသည် ဒိုင်းပညာရပ်များကို တတ်ကျွမ်းသူများ ဖြစ်ခဲ့ကြ၍ ဒိုင်းနက်လူမျိုးဟုခေါ်တွင်ကြောင်း သိရသည်။ မူလ ဒိုင်းတတ် မှ ဒိုင်းဒက် ဒိုင်းနက်ဟုပြောင်းလဲလာသည်။ ဒိုင်းနက်လူမျိုးတွင် မျိုးနွယ်ကွဲ ၈မျိုးရှိသည်။ ဒိုင်းနက်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။
ဒိုင်းနက်အများဆုံး နေထိုင်ရာဒေသမှာ စစ်တွေမြို့နယ်ပင်ဖြစ်သည်။ ဒိုင်းနက်၈ မျိုးအနက် လက်ဝဲထောင်ဒိုင်းနက်များသည် ကျောက်တော်၊ပုဏ္ဏားကျွန်း မြို့များတွင်နေထိုင်ကြသည်။ မောင်ညိုထောင် ဒိုင်းနက်တို့သည် မြောက်ဦး၊မင်းပြား၊ရသေ့တောင်တို့တွင် နေထိုင်ကြသည်။ ဒိုင်းနက်တို့သည် ဘူးသီးတောင်မောင်တော မြို့နယ်များနှင့် လေးမြို့ချောင်းဖျားတွင်လည်း နေထိုင်ကြသည်။
ကိုးကား
ပြင်ဆင်ရန်1.ရခိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများ
- ↑ သက္ကမ (ဒိုင်းနက်) တိုင်ရင်းသားများ အမျိုးသားနေ့ ကျင်းပ (in my)။ 2018-09-20 တွင် ပြန်စစ်ပြီး။