မြန်မာတိုင်းရင်းသားမျိုးနွယ်များ
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ယင်းတို့ကို အဓိကလူမျိုးစုကြီးရှစ်ခုအဖြစ် အောက်ပါအတိုင်း အုပ်စုခွဲထားသည်။[၁]
၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။[၁]
"အဓိကလူမျိုးစုကြီးများ" ကို ပြောဆိုကြသော ဘာသာစကား သို့မဟုတ် တိုင်းရင်းသားနှီးနွယ်မှုများထက် နေထိုင်ရာဒေသအလိုက် အုပ်စုခွဲထားခြင်း ဖြစ်သည်။ ဥပမာ ရှမ်းလူမျိုးစုကြီးတွင် မတူညီသော ဘာသာစကားအုပ်စု လေးခုရှိ ဘာသာစကားများကို ပြောဆိုသုံးနှုန်းကြသော တိုင်းရင်းသား ၃၃ မျိုးပါဝင်သည်။[၃]
ထို့အပြင် အသိအမှတ် မပြုထားသော အခြား လူမျိုးစုများလည်း ရှိနေပြီး အများဆုံးမှာ တရုတ်မြန်မာလူမျိုးများနှင့် ပန်းသေးလူမျိုးများ (ယင်းနှစ်စုသည် လူဦးရေ၏ ၃%)၊ အိန္ဒိယမြန်မာနွယ်များ (လူဦးရေ၏ ၂%)၊ အင်္ဂလိပ်မြန်မာနွယ်များနှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်ကြသည်။ နောက်ဆုံးအုပ်စုနှစ်ခုအတွက် တိကျသော တရားဝင်စာရင်းထုတ်ပြန်ချက် မရှိသော်လည်း အင်္ဂလိပ်မြန်မာနွယ်များသည် မြန်မာနိုင်ငံတွင်းတွင် ၅၂,၀၀၀ ခန့်နှင့် နိုင်ငံပြင်ပတွင် ၁.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား မျိုးနွယ်စုများ
အောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည်။[၁][၄][၅]
ကချင်
ကချင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၂ ခု ပါဝင်သည်။
- ကချင်လူမျိုး
- ထရုမ်းလူမျိုး
- ဒလောင်လူမျိုး[၆]
- ဂျိမ်းဖောလူမျိုး (သိန်းပေါ်၊ ဂျင်းဖော)
- ဂေါ်ရီလူမျိုး (ဂေါ်ရစ်)[၆]
- ခါ့ခူးလူမျိုး (ခခု)
- ဒူးလင်းလူမျိုး (ဒူးလန်း)[၆]
- လော်ဝေါ်လူမျိုး (မရူ၊ လော်ဂေါ်)
- ရဝမ်လူမျိုး
- လရှီလူမျိုး (လာချိဒ်)
- အဇီးလူမျိုး (ဇိုင်ဝါး)
- လီဆူလူမျိုး
ကယား
ကယားလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။[note ၁][၇]
- ကယားလူမျိုး (ကရင်နီ)
- ဇယိန်လူမျိုး (ကယန်း လထာ)
- ကယန်းလူမျိုး (ပဒေါင်)
- ဂေခိုလူမျိုး (ကယန်းကယ်ခို)
- ဂေဘားလူမျိုး
- ပရဲလူမျိုး (ကယော၊ ကယော်)
- မနူမနောလူမျိုး (မနုမနော)
- ယင်းတလဲလူမျိုး
- ယင်းဘော်လူမျိုး
- ↑ The source of this list is the nine captions from an unscientific Italian book, using Italian spelling.
ကရင်
ကရင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၁ ခု ပါဝင်သည်။
- ကရင်လူမျိုး
- ကရင်ဖြူလူမျိုး (ဂေဘားကရင်)
- ပလေကီးလူမျိုး (ပလေချီး)
- မွန်ကရင်လူမျိုး (စာဖြူ)[၆]
- စကောကရင်လူမျိုး
- တလှေပွာလူမျိုး (တလှေပွား)[၆]
- ပကူးလူမျိုး
- ဘွဲလူမျိုး
- မောနေပွားလူမျိုး
- မိုးပွလူမျိုး (မိုးပွား)[၆]
- ပိုးကရင်လူမျိုး (ရှို)
ချင်း
ချင်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၅၃ ခု ပါဝင်သည်။
- ချင်းလူမျိုး
- ကသည်းလူမျိုး (မေ့ထေး၊ မယ်တိုင်[၁])
- ဆလိုင်းလူမျိုး
- ကလင်ကော့လူမျိုး (လူရှေ၊ လုရှေ)
- ခမီလူမျိုး
- ခေါနိုးလူမျိုး
- ခေါင်စိုလူမျိုး
- ခေါင်ဆိုင်ချင်းလူမျိုး
- ခွာဆင်းမ်လူမျိုး
- ခွန်လီလူမျိုး (ဆင်မ်)
- ဂန်တဲ့လူမျိုး
- ဂွေးတဲလူမျိုး
- ငွန်းလူမျိုး
- ဆီစာန်လူမျိုး[၆]
- ဆင်တန်လူမျိုး
- ဆိုင်းဇန်လူမျိုး (ဆိုင်းတန်)
- ဇာဟောင်လူမျိုး (ဇာတောင်)
- ဇိုတုံးလူမျိုး
- ဇိုဖေလူမျိုး
- ဇိုလူမျိုး
- ဇန်ညှပ်လူမျိုး
- တပေါင်လူမျိုး
- တီးတိန်လူမျိုး (တဲဒင်မ်)
- တေဇန်လူမျိုး
- တိုင်ချွန်းလူမျိုး (တာရွှန်း)
- တာ့ဒိုးလူမျိုး
- တောရ်လူမျိုး
- ဒင်မ်လူမျိုး
- ဒိုင်လူမျိုး (ယင်ဒူး)
- နာဂလူမျိုး
- တန်ဒူးလူမျိုး (တန်ခူး)
- မာရင်လူမျိုး
- ပနမ်းလူမျိုး (မနန်း)
- မကန်းလူမျိုး
- မတူလူမျိုး
- မီရမ်လူမျိုး (မိရမ်၊ မရာ)
- မီအဲလူမျိုး (မိအဲ)
- မွင်းလူမျိုး
- လူရှည်လူမျိုး (လူရှေ၊ လူရှိုင်း)
- လေးမြို့လူမျိုး
- လင်တဲလူမျိုး
- လောက်ထူလူမျိုး (လောက်ကု)
- လိုင်လူမျိုး (ဟားခါးချင်း)
- လိုင်ဇိုလူမျိုး
- မြို(ခမိ)လူမျိုး (ဝါကုန်း)
- ထမန်းလူမျိုး
- အနူးလူမျိုး
- အနန်းလူမျိုး
- အူပူလူမျိုး (အုပု)
- လျင်းတုလူမျိုး (လျင်းကု)
- အရှိုချင်းလူမျိုး
- ရောင်ထုလူမျိုး (ရောင်ကု)
ဗမာ
ဗမာလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။
- ကဒူးလူမျိုး
- ကနန်းလူမျိုး
- ဆလုံလူမျိုး (မော်ကင်း)
- ဖွန်းလူမျိုး (ဖုန်း၊ ဖွန်)
မွန်
မွန်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁ ခု ပါဝင်သည်။
ရခိုင်
ရခိုင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၇ ခုပါဝင်သည်။
ရှမ်း
ရှမ်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၃၂ ခု ပါဝင်သည်။
- ရှမ်းလူမျိုး (တိုင်း)
- ယွန်းလူမျိုး (တိုင်းယွန်း/မြောက်ပိုင်းထိုင်း)
- ကွီလူမျိုး
- ဖျင်လူမျိုး
- ယောင်လူမျိုး (မှောင်)
- ထနော့လူမျိုး (ဓနော)
- ပလေးလူမျိုး
- အင်လူမျိုး
- မုံလူမျိုး (စုံ)
- ခမူလူမျိုး
- အာခါလူမျိုး (ကော၊ အီကော)
- ကိုးကန့်လူမျိုး
- ခန္တီးရှမ်းလူမျိုး
- ဂုံရှမ်းလူမျိုး (ခွန်)
- တောင်ရိုးလူမျိုး
- ဓနုလူမျိုး
- ပလောင်လူမျိုး
- မြောင်ဇီးလူမျိုး
- ယင်းကျားလူမျိုး
- ယင်းနက်လူမျိုး
- ရှမ်းကလေးလူမျိုး (တိုင်းနွဲ့)
- ရှမ်းကြီးလူမျိုး (တိုင်းလုံ)
- လားဟူလူမျိုး
- အင်းသားလူမျိုး
- အိုက်ဆွယ်လူမျိုး
- ပအိုဝ်းလူမျိုး (တောင်သူ၊ ကရင်မည်း)
- တိုင်းလွယ်လူမျိုး
- တိုင်းလျမ်လူမျိုး (ရှမ်းနီ၊ တိုင်းလိုင်)
- တိုင်းလုံလူမျိုး
- တိုင်းလေ့လူမျိုး (လိရှမ်း)
- မိုင်းသာလူမျိုး (အာချန်)
- မောရှမ်းလူမျိုး
- ဝလူမျိုး
အသိအမှတ်မပြုထားသော မျိုးနွယ်စုများ
မြန်မာအစိုးရ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် မပါဝင်သော အစိုးရမှ အသိအမှတ်မပြုထားသည့် မျိုးနွယ်စုများလည်း ရှိသေးသည်။
ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း။ 3 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2020 တွင် ပြန်စစ်ပြီး။
- ↑ Retrieved from Myanmar Ministry of Hotels and Tourism webpage at Archived 20 December 2007 at the Wayback Machine.
- ↑ Archived copy။ 9 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-14 တွင် ပြန်စစ်ပြီး။
- ↑ Gamanii။ "135: Counting Races in Burma"၊ 25 September 2012။ 26 August 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2014။
- ↑ Composition of the Different Ethnic Groups။ 10 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2020 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ ၆.၆ Ethnologue။ 13 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 May 2006 တွင် ပြန်စစ်ပြီး။
- ↑ Manna၊ Paolo (1902)။ I Ghekù, tribù cariana della Birmania orientale | WorldCat.org (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Milan: Tipografia pontificia S. Giuseppe။ 30 September 2024 တွင် ပြန်စစ်ပြီး။
- ↑ "Panthay Muslims protect their name"၊ Myanmar Times၊ 30 March 2014။
- ↑ Tracing an Indian Diaspora: Contexts, Memories, Representations – Google Books