ဒိုရေမွန်:နိုဘိတ၏ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း
ဒိုရေမွန်:နိုဘိတ၏ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း (ဂျပန်: ドラえもん のび太たの月面探査記 ၊ အင်္ဂလိပ်: Doraemon: Nobita's Chronicle of the Moon Exploration) သည် ဂျပန်သိပ္ပံခေတ်လွန် အန်နီမေးရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်သည်။ ဤရုပ်ရှင်ကို၂၀၁၉-မတ်လ-၁ ရက်၌ရုံတင်၍ စတင်ပြသခဲ့သည်။ ဤကားသည် ဒိုရေမွန်တို့အုပ်စု၏ လပေါ်စူးစမ်းရေးခရီးစဉ် အကြောင်းဖြစ်သည်။
ဒိုရေမွန် ရုပ်ရှင် (၂၀၁၉) : နိုဘိတ၏ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း | |
---|---|
ဖိုင်:Doraemon movie 2019.jpeg ရုံတင်ပိုစတာ | |
ဂျပန် | 映画ドラえもん のび太の月面探査記 |
Hepburn | Eiga Doraemon Nobita no Getsumen Tansa-ki |
Literally | ဒိုရေမွန်ရုပ်ရှင်: နိုဘိတ၏ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း |
ဒါရိုက်တာ | Shinnosuke Yakuwa |
စာရေးသူ | ဖူဂျီကို အက်ဖ် ဖူဂျီအို |
ဇာတ်ညွှန်း | Mizuki Tsujimura |
အခြေခံထားသည်မှာ | ဖူဂျီကို အက်ဖ် ဖူဂျီအို၏ ဒိုရေမွန် |
သရုပ်ဆောင် |
|
ဂီတမှူး | Takayuki Hattori |
ထုတ်လုပ်ရေး ကုမ္ပဏီ |
|
ထုတ်ဝေသူ | Toho |
ဖြန့်ချိသည့်နေ့ |
|
ကြာမြင့်ချိန် | ၁၁၁ မိနစ်[၁] |
နိုင်ငံ | ဂျပန် |
ဘာသာစကား | ဂျပန်ဘာသာ |
Box office | US$၆၆ million[၂] |
ရောင်းရငွေ | US$၆၆ million[၂] |
ဇာတ်လမ်းအကျဉ်းပြင်ဆင်
အစ၌ နိုဘိတသည် လပေါ်မှာယုန်ရှိတယ်ဆိုပြီးယုံနေ၏။ သူသည် ကကျောင်းမှာသူငယ်ချင်းများကို လပေါ်၌ ယုန်ရှိတယ်လို့ပြောလိုက်သောအခါ လှောင်ပြောင်ခြင်းခံရခဲ့သည်။ သူသည် ခါတိုင်းကဲ့သို့ ဒိုရေမွန်ကိုအကူအညီတောင်း၏ ။ ဒိုရေမွန်ဟာ သူ့ကို အိုပီနွန်အမှတ်တံဆိပ်ကဒ်ပြားလေးကို အသုံးပြုပြီး လပေါ်ကို လေ့လာရေးခရီးခေါ်သွားခဲ့သည်။ တစ်နေ့၌ နနိုဘိတတို့ကျောင်းကို တက်စကီနိုလူကာဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ကျောင်းပြောင်းလာခဲ့လေသည်။ နိုဘိတနှင့်သူငယ်ချင်းကောင်းများ ဖြစ်သွားကြသည်။ တစ်နေ့တွင် နိုဘီတနှင့် ဒဒိုရာချန်းတို့က လူကာကိုလပေါ်သို့ ခေါ်သွားခဲ့သည်။ လူကာသည် ၎င်း၏လျှို့ဝှက်ချက်ကိုနောက်တော့ နိုဘိတတို့ကိုပြောပြခဲ့သည်။ သူဟာလရဲ့ယုန်တိုင်းပြည်က မင်းသားတစ်ပါးဖြစ်တယ် ဆိုတာပြောပြပြီး နိုဘီတာတို့ကို သူ့ရဲ့ယုန်တိုင်းပြည်ကိုခေါ်သွားခဲ့ပါတယ်။ နိုဘိတတို့သည် အံ့ဩသွားပါလေသည်။ တစ်နေ့၌ လူကာဟာ နိုဘိတတို့ကို သူ့ရဲ့အခက်အခဲတစ်ခုကို ပြောပြခဲ့ပါတယ်။ ဒီယာဘိုလိုဆိုတဲ့လူကြီးဟာ လကမ္ဘာကို ဖျက်ဆီးချင်နေကြာင်းပြောပြခဲ့ပါတယ်။ နိုဘိတတို့အုပ်စုက ဒီတစ်ခါရော တားဆီးနိုင်မလား မတားဆီးနိုင်ဘူးလား၊ လမင်းကြီးပေါ်က စိတ်ဝင်စစားဖို့ကောင်းသောအကြောင်းများကို ဖော်ပြထားသည်။ ယခုဇာတ်ကားသည် သူငယ်ချင်းမေတ္တာကိုဖော်ကျူးထားသော ရုပ်ရှင်တစ်ကားဖြစ်၏ ။
ရုပ်ရှင်ဇာတ်ဝင်တေးအမည်မှာ The Gift ဖြစ်သည်။
ကိုးကားပြင်ဆင်
- ↑ 塚口サンサン劇場「映画ドラえもん のび太の月面探査記」 (in ja)။[လင့်ခ်သေ]
- ↑ Doraemon: Nobita's Chronicle of the Moon Exploration။ Box Office Mojo။ August 17, 2019 တွင် ပြန်စစ်ပြီး။