ဒစ်မောခရစ်တပ်စ်

(ဒီမိုခရိတပ် မှ ပြန်ညွှန်းထားသည်)

ဒစ်မောခရစ်တပ်စ် (အင်္ဂလိပ်: Democritus /dɪˈmɒkrɪtəs/; ဂရိ: Δημόκριτος, Dēmókritos) သည် ဆိုကရေးတီးအကြို ဒဿနခေတ်၊ ရှေးခေတ်ဂရိ တွေးခေါ်ပညာရှင်တစ်ဦးဖြစ်၍ အဓိကအားဖြင့် ၎င်းကို စကြဝဠာဆိုင်ရာ အက်တမ်သီအိုရီ ဖော်ထုတ်ခြင်းအတွက် သတိတရရှိကြသည်။[]

Democritus
မွေးဖွားc. 460 BC
Abdera, Thrace
ကွယ်လွန်c. 370 BC (aged around 90)
ခေတ်Pre-Socratic philosophy
ဒေသအနောက်တိုင်း အတွေးခေါ်
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)Pre-Socratic philosophy
အဓိက စိတ်ဝင်စားရာ
မှတ်သားလောက်သည့် အတွေးအကြံ
  • Atomism
  • Aetiology
  • The Milky Way (Via Lactea) as a concentration of distant stars[]

ဒီမော့ခရစ်တပ်စ်ကို ခရစ်ကြို ၄၆၀ ၌ သရေ့စ်ပြည် အာ့ဘ်ဒီရာမြို့ (Abdera) တွင် ဖွားမြင်ခဲ့သည်။[] သို့သော် မွေးသောသက္ကရာဇ်နှင့်ပတ်သက်၍ အငြင်းပွမှုများလည်း ရှိကြသည်။ ၎င်း၏ တိကျသောဆောင်ရွက်မှုနှင့်ပတ်သက်၍လည်း သဲသဲကွဲကွဲသိရန် အတော်ပင်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ရင်းမြစ်စာပေများ၌ ၎င်း၏ လမ်းပြဆရာ လူးဆစ်ပပ်စ်နှင့်တွဲ၍ အတူယှဉ်တွဲဖော်ပြကြသောကြောင့်ဖြစ်၏ ။

အက်တမ်အပေါ် ၎င်းတို့၏ တွေးထင်ယူဆချက်သည် ၁၉ ရာစု၏ အက်တမ်တည်ဆောက်ပုံကို နားလည်ခြင်းနှင့် အနည်းငယ်၊ တစ်ဝက်တစ်ပျက်တူညီမှုရှိရာ ၁၉ ရာစု ပုဂ္ဂိုလ်များက ဒစ်မောခရစ်တပ်စ်ကို အတွေးခေါ်ဆရာထက် သိပ္ပံဆရာတစ်ဦးနှင့် ပို၍တူသည်ဟု ယူဆသတ်မှတ်စေနိုင်ခဲ့သည်။[] ရှေးခေတ်အေသင်မြို့၏ မသိကျိုးကျွန်ပြုခြင်းခံရသူ ဒစ်မောခရစ်တပ်စ်ကို ပလေတိုက ၎င်း၏ စာအုပ်များကို မီးရှို့ဖျက်ဆီးချင်ခဲ့သည်အထိ မနှစ်မြို့ခဲ့ပေ။[] မြောက်ပိုင်းဇာတိသား အတွေးခေါ်ဆရာ အရစ္စတိုတယ်က ၎င်းကို ကောင်းစွာအသိအမှတ်ပြုခဲ့ကာ ပိရုတာဂိုးရပ်စ်၏ ဆရာလည်းဖြစ်သည်။[]

အများက ဒစ်မောခရစ်တပ်စ်သည် ခေတ်သစ်သိပ္ပံဘာသာရပ်၏ ဖခင်အဖြစ် ယူဆသတ်မှတ်ကြလေသည်။[][] ၎င်း၏ လက်ရာများ ရှင်သန်ကျန်ရစ်မှုမရှိပေ။ ၎င်း၏ကျယ်ပြန့်လှသော စာပေလက်ရာများထဲမှ အပိုင်းအစများကိုသာလျှင် ယခု၌ ၎င်း၏လက်ရာအဖြစ်သိရှိကြသည်။[]

  1. DK 59 A80: Aristotle, Meteorologica 342b.
  2. Barnes (1987).
  3. Russell, pp. 64–65.
  4. Stephen Toulmin and June Goodfield, The Architecture of Matter (Chicago: University of Chicago Press, 1962), 56.
  5. Diogenes Laërtius, Lives and Opinions of Eminent Philosophers, ix. 40: "Aristoxenus in his Historical Notes affirms that Plato wished to burn all the writings of Democritus that he could collect".
  6. Diogenes Laertius, Lives of Eminent Philosophers Book IX, Chapter 8, Section 50.
  7. Pamela Gossin, Encyclopedia of Literature and Science, 2002.
  8. "Who Was Democritus?"၊ 11 December 2015။ 
  9. Democritus at Stanford Encyclopedia of Philosophy