ဒုတိယ မြောက်ပြင်သည် (နရပတိစည်သူ)

မြောက်ပြင်သည် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် မြောက်ပြင်သည် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

မြောက်ပြင်သည် ("မြောက်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် ထီးလိုမင်းလိုမင်း၏ ဒုတိယမြောက် မြောက်နန်းမတော် မိဖုရား ဖြစ်သည်။

မြောက်ပြင်သည်
မြောက်နန်းမတော်မိဖုရား
နန်းသက်c. ၁၁၉၀ ဆယ်စုနှစ် – ၁၂၁၁
ရှေ့မင်းဆက်စောလတ်
နောက်မင်းဆက်မြောက်ပြင်သည် (ထီးလိုမင်းလို)
အိမ်ထောင်ဖက်နရပတိစည်သူ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

နန်းတွင်းရာဇဝင်ကျမ်းများက ပထမ မြောက်နန်းမတော်မိဖုရား စောလတ် ပြီးနောက် ဆက်ခံသူကို ကွဲလွဲစွာ ဖော်ပြကြသည်။ ရာဇဝင်သစ်ကျမ်း (၁၇၈၉) က ဒုတိယ မြောက်နန်းမတော် မိဖုရားသည် ကျန်စစ်သား၏ သူငယ်ချင်းနှင့် ရဲဘော်ရဲဖက်ဖြစ်သော ညောင်ဦးဖီး၏ မြစ် ဖြစ်သည်ဟု ဆိုသည်။[၁] သို့သော် မဟာရာဇဝင်တော်ကြီး (၁၇၂၄) နှင့် မှန်နန်း ရာဇဝင် (၁၈၃၂) တို့ကမူ ညောင်ဦးဖီး၏ မြစ်မှာ တောင်နန်းမတော် မိဖုရားဖြစ်သည်ဟု ဆိုသည်။[၂][၃] ယင်းအစား မဟာရာဇဝင်နှင့် မှန်နန်းတို့က ပန်းရင်း ကို မြောက်နန်းမတော် မိဖုရားအဖြစ် ဖော်ပြသည်။[၂][၃] ရာဇဝင်သစ် က ပန်းရင်းကို အနောက်နန်းမတော် မိဖုရားဟု ဖော်ပြသည်။[၁]

ရာဇဝင်ကျမ်းသုံးစောင်စလုံးက ညောင်ဦးဖီး၏ မြစ်တွင် သားတော် သုံးပါးရှိပြီး၊ မိဖုရား ပန်းရင်းတွင် သားတော် တစ်ပါးရှိသည်ကို တူညီစွာ ဖော်ပြကြသည်.[၂][၁][၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
  2. ၂.၀ ၂.၁ ၂.၂ မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၂
  3. ၃.၀ ၃.၁ ၃.၂ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇

ကျမ်းပြုစာရင်း ပြင်ဆင်ရန်

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန်မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ဒုတိယ မြောက်ပြင်သည် (နရပတိစည်သူ)
Royal titles
ယခင်က
စောလတ်
မြောက်နန်းမတော်မိဖုရား
c. ၁၁၉၀ ဆယ်စုနှစ် – ၁၂၁၁
ဆက်ခံသူ
မြောက်ပြင်သည် (ထီးလိုမင်းလို)