ဒေါင်း၊ ရစ်နှင့် အလားတူငှက်များ

ဒေါင်း၊ ရစ်နှင့် အလားတူငှက်များ
Temporal range: Eocene-Recent, 55–0 Ma
[၁]Possible earlier origin based on molecular clock[၂]
ထိပ်ဆုံးဘယ်ဘက်မှ နာရီလက်တံအတိုင်း- Indian peafowl (Pavo cristatus), red junglefowl (Gallus gallus), golden pheasant (Chrysolophus pictus), Chukar partridge (Alectoris chukar), Gunnison grouse (Centrocercus minimus), wild turkey (Meleagris gallopavo), great curassow (Crax rubra), ရစ်ကြီးငှက် (Numida meleagris)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Pangalliformes
မျိုးစဉ်: Galliformes
Temminck, 1820
မျိုးရင်းများ
  • Megapodiidae
  • Cracidae
  • Superfamily Phasianoidea
    • Odontophoridae
    • Numididae
    • Phasianidae
Synonyms

Phasianiformes

ဒေါင်း၊ ရစ်နှင့် အလားတူငှက်များ[မှတ်စု ၁] (Galliformes) (/ˌɡælɪˈfɔːrmz/) သည် ကိုယ်အလေးချိန်လေးလံပြီး မြေပြင်တွင် ကျက်စားသွားလာသောငှက်များ၏ မျိုးစဉ်တစ်ခုဖြစ်သည်။ ယင်းငှက်မျိုးစဉ်တွင် ကြက်ကြက်ဆင်တို့ ပါဝင်သည်။ ယင်းငှက်တို့သည် သစ်ပင်အစေ့များ ဖြန့်ဝေသူများနှင့် သားရဲတိရစ္ဆာန်များဖြစ်ကြပြီး ဂေဟစနစ်အတွက် အရေးပါကြသည်။ လူသားများက ယင်းငှက်ကို အစာနှင့် ဥအတွက် တခါတရံ အမဲလိုက်ကြသည်။

မျိုးစဉ်တွင် မျိုးစိတ်ပေါင်း ၂၉၀ ပါဝင်ပြီး အန္တာတိကတိုက်မှလွဲ၍ တိုက်ကြီးတိုင်းတွင် တွေ့ရှိရသည်။ ဒေါင်း၊ ရစ်နှင့် အလားတူငှက်များကို မျိုးရင်း ၅ ခု ထပ်မံခွဲခြားပြီး ယင်းငှက်တို့သည် အတွင်းပိုင်းအကျဆုံး ကန္တာရနှင့် ရေခဲဒေသများမှလွဲလျင် နေရာတိုင်းတွင် လိုက်လျောညီထွေနေထိုင်နိုင်ကြသည်။ မျိုးစိတ်အများစုသည် အပြေးသန်ကြပြီး သားရဲတိရစ္ဆာန်များ၏အန္တရာယ်မှ လွတ်မြောက်ရန် ပျံသန်းခြင်းထက် ပြေးလွှားခြင်းကို အသုံးပြုကြသည်။ ငှက်အဖိုသည် အမထက် အရောင်အသွေး ပိုမိုစုံလင်ကြသည်။ ယင်းငှက်တို့သည် အဓိကအားဖြင့် ပြောင်းရွေ့သွားလာမှု မရှိတတ်ကြပေ။ အချို့မှာ လူသားများနှင့် ရင်းနှီးကျွမ်းဝင်မှုများသောကြောင့် အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးစားခြင်းခံကြရသည်။


မှတ်စု ပြင်ဆင်ရန်

  1. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။

ကိုးကား ပြင်ဆင်ရန်

  1. Mourer-Chauviré et al. (2013) A new taxon of stem group Galliformes and the earliest record for stem group Cuculidae from the Eocene of Djebel Chambi, Tunisia.
  2. "An unbiased molecular approach using 3'UTRs resolves the avian family-level tree of life." (2020). Molecular Biology and Evolution 38: 108–127. doi:10.1093/molbev/msaa191. PMID 32781465.