ဒေးဒရဲတံတား သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တို့ကို ဆယ်သွယ်ပေးထားသော ဧရာဝတီမြစ်ကူးတံတား တစ်စင်းဖြစ်သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ၂၀၀၀ ခုနှစ် ဇွန်လတွင် စတင်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ဒေးဒရဲတံတား
ကိုဩဒိနိတ် 16°24′48″N 95°53′25″E / 16.4132241°N 95.8903438°E / 16.4132241; 95.8903438ကိုဩဒိနိတ်: 16°24′48″N 95°53′25″E / 16.4132241°N 95.8903438°E / 16.4132241; 95.8903438
သယ်ဆောင်မှုနှစ်လမ်းသွားကားလမ်း၊ လူသွားလမ်း
ဖြတ်သန်းမှုဧရာဝတီမြစ်
တည်နေရာရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်
အမည်ဒေးဒရဲတံတား
ပြုပြင်ထိန်းသိမ်းသူဆောက်လုပ်ရေး ဝန်ကြီးဌာန
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိသံပေါင်
စုစုပေါင်းအရှည်၄၀၈၈.၃ ပေ (၁၂၄၆.၁ မီတာ)
အကျယ်ကားလမ်း ၂၈ ပေ
အမြင့်၃၆ ပေ (၁၁ မီတာ)
ခံနိုင်ဝန်အားယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန် တန် ၆၀
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၀ ဇွန် ၂၀၀၀
လုပ်ငန်းပြီးဆုံးချိန်၂၃ မတ် ၂၀၀၃
ဖွင့်လှစ်သည့်နေ့၂၃ မတ် ၂၀၀၃

တံတားအချက်အလက်များ ပြင်ဆင်ရန်

ပင်မတံတားအုတ်မြစ်မှာ ဘိုးပိုင်သံကူကွန်ကရစ် အမျိုးအစား၊ တံတားတိုင်များမှာ သံကူကွန်ကရစ် အမျိုးအစားနှင့် တံတားအပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်သည်။ တံတားအရှည်မှာ ၄၀၈၈.၃ ပေ ဖြစ်ပြီး ၂၈ ပေ အကျယ်ရှိ နှစ်လမ်းသွားကားလမ်းနှင့် ၆ ပေစီကျယ်သော လူသွားလမ်းနှစ်ခု ပါရှိသည်။ ရေလမ်းကင်းလွတ်အကျယ် ၃၅၀ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၃၆ ပေရှိသည်။ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၆၀ တန် ဖြစ်သည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၃၅၅၀ နှင့် အမေရိကန်ဒေါ်လာ ၁.၆ သန်း ဖြစ်သည်။