ဒေးလီး တယ်လီဂရပ်ဖ် (အင်္ဂလိပ်: The Daily Telegraph, The Telegraph; /ˈtɛlɪɡræf/) သည် ဗြိတိသျှ နေ့စဉ်သတင်းစာဖြစ်၍ လန်ဒန်မြို့၊ တယ်လီဂရပ်ဖ် မီဒီယာအုပ်စုက ဖြန့်ချိကာ ယူနိုက်တက်ကင်းဒမ်းသာမက နိုင်ငံတကာသို့လည်း ဖြန့်ဖြူးကြသည်။ ဆိုက်ကြီးသတင်းစာအမျိုးအစားဖြစ်၏ ။

The Daily Telegraph
Was, is, and will be[၁]
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူTelegraph Media Group
အယ်ဒီတာChris Evans[၂]
တည်ထောင်ခြင်း၂၉ ဇွန် ၁၈၅၅; ၁၆၈ နှစ် အကြာက (၁၈၅၅-၀၆-29) (Daily Telegraph & Courier အဖြစ်စတင်)
Political alignmentကွန်ဆာဗေးတစ်[၃]
ဌာနချုပ်များအင်္ဂလန်၊ လန်ဒန်
စောင်ရေ၃၁၇,၈၁၇ (as of ၂၀၁၉ ဒီဇင်ဘာ)[၄]
ညီအစ်မ သတင်းစာများThe Sunday Telegraph
ISSN0307-1235
OCLC နံပါတ်49632006
ဝက်ဘ်ဆိုဒ်telegraph.co.uk
နိုင်ငံယူနိုက်တက်ကင်းဒမ်း

အာသာ ဘီ. ဆလေး (Arthur B. Sleigh) က ၁၈၅၅ တွင် The Daily Telegraph & Courier အမည်ဖြင့် စတင်ထုတ်ဝေခဲ့ကာ ကွန်ဆာဗေးတစ်ပါတီအာဏာရလာသည့်အခါ ယူကေ၌ တိုင်းစ်သတင်းစာထက်ပို၍ပင် ခိုင်မာယုံကြည်နိုင်သည်ဟု ယူဆသတ်မှတ်ကြလေသည်။[၅] "တယ်လီဂရပ်ဖ်"တွင် အရည်အသွေး အဆင့်မြင့်သည့် သတင်းပညာရပ်/ဆောင်ရွက်မှု ရှိသည်ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကာ ကမ္ဘာပေါ်၌ ကြီးမားခမ်းနားသော ခေါင်းစဉ်များထဲက တစ်ခုဟူ၍လည်း ဖော်ပြလေ့ရှိကြသည်။[၆]

သတင်းစာ၏ ဆောင်ပုဒ်ဖြစ်သော "ယခင်၊ ယခု၊ အနာဂတ်" (Was, is, and will be) စာသားသည် ခေါင်းကြီးပိုင်းစာမျက်နှာများတွင် ပါ၍ ၁၈၅၈ ဧပြီ ၁၉ မှစကာ သတင်းစာ၏ ထုတ်ဝေမူတိုင်း၌ ထည့်သွင်းခဲ့ကြလေသည်။[၇] ၂၀၁၈ ဒီဇင်ဘာတွင် စောင်ရေ ၃၆၃,၁၈၃ အထိရှိခဲ့၍[၈] ညီအမသတင်းစာဖြစ်သည့် "The Sunday Telegraph" ကို ၁၉၆၁ မှစတင်ထုတ်ဝေခဲ့၍ ၂၀၁၈ ဒီဇင်ဘာမှစ၍ စောင်ရေ ၂၈၁,၀၂၅ ရှိခဲ့သည်။[၈] ဤနှစ်စောင်ကို သီးခြားစီလည်ပတ်ကြ၍ သတင်းသမား၊ အယ်ဒီတာများမှာလည်း မတူကြပေ။[၉] သို့ရာ၌ တူညီသော အကြောင်းအရာများ ထည့်သွင်းမှုရှိသည်။

"တယ်လီဂရပ်ဖ်"သည် ထင်ရှားကျော်ကြားသော သတင်းဦးများစွာကို တင်ပြသော ပထမဆုံးသတင်းစာ တစ်စောင်ဖြစ်ရာ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခြင်းများကို တင်ဆက်ဖော်ပြနိုင်ခဲ့သည်။[၁၀] ထို့အပြင် ၂၀၀၉ ၌ ယူနိုက်တက်ကင်းဒမ်းပါလီမန် အမတ်များ၏ အသုံးအဖြုန်းများကို ဖော်ပြခဲ့ရာ၌ လူသိများထင်ရှားလှသည့် နိုင်ငံရေးသမားများနုတ်ထွက်ခြင်းများ ဖြစ်ပေါ်စေခဲ့ပြီးရယင်းဖော်ပြမှုအတွက် သတင်းစာဆု (The Press Awards) ချီးမြှင့်ခံရသည်။[၁၁] ၂၀၁၆ တွင်လည်း အင်္ဂလန် ဘောလုံးမန်နေဂျာ ဆမ် အလာဒိုက်စ်ကို ပုန်းလျှိုးစစ်ဆေးမှုများအကြောင်းကိုလည်း ပထမဆုံးရေးသားခဲ့သည့် သတင်းစာဖြစ်သည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. The Daily Telegraph motto: Was, is, and will be
  2. Fred McConnell (21 January 2014)။ Tony Gallagher exits as Daily Telegraph editor | MediaThe Guardian။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2016 တွင် ပြန်စစ်ပြီး။
  3. General Election 2015 explained: Newspapers Archived 22 October 2017 at the Wayback Machine. The Independent, 28 April 2015. Retrieved 9 December 2016.
  4. The Daily Telegraph - Data - ABC | Audit Bureau of Circulations။ 19 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2019 တွင် ပြန်စစ်ပြီး။
  5. "The UK's 'other paper of record'"၊ BBC News၊ 19 January 2004။ 
  6. Rajan၊ Amol။ "What does the future hold for the Daily Telegraph?" (in en-GB)၊ 21 December 2016။ 
  7. "The Daily Telegraph motto: Was, is, and will be"။ 
  8. ၈.၀ ၈.၁ National newspaper ABCs: Telegraph y-o-y circulation decline slows as bulk sales distortion ends (17 January 2019)။ 9 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2019 တွင် ပြန်စစ်ပြီး။
  9. During 1989, the daily and Sunday papers were merged into a seven-day operation under Max Hastings's overall control, but then the editorship was split again.[ကိုးကားချက်လိုသည်]
  10. "Clare Hollingworth: British war correspondent dies aged 105"၊ BBC News၊ 10 January 2017။ 
  11. MPs' expenses: Full list of MPs investigated by The Telegraph။ 4 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 September 2016 တွင် ပြန်စစ်ပြီး။
  12. "Sam Allardyce on the brink of being sacked as England manager after Telegraph investigation"၊ 27 September 2016။