ဓနု နက္ခတ်တာရာ
ဓနု နက္ခတ်တာရာ (Sagittarius) သည် ၁၂ ရာသီခွင်၏ နက္ခတာရာတစ်ခုဖြစ်ပြီး တောင်ကမ္ဘာလုံးခြမ်းဘက်တွင် တည်ရှိသည်။ ယင်းသည် နက္ခတ္တပညာရှင် တော်လမီပြုစုသော ကြယ်စုတန်း ၄၈ ခုစာရင်းတွင်ပါဝင်ပြီး ခေတ်သစ် ၈၈ ကြယ်စုတန်းများစာရင်း၌လည်း ပါဝင်လျက်ရှိသည်။ ဆာဂျစ်ထယ်ရီယပ်စ် (Sagittarius) ဆိုသည်မှာ လက်တင်ဘာသာစကားဖြင့် မြားပစ်သမားဟု အဓိပ္ပာယ်ရသည်။ သင်္ကေတမှာ (U+2650 ♐ sagittarius) မြားပုံစံဖြစ်သည်။ ဓနု နက္ခတာရာဓနုသည် မြင်းတပိုင်းလူတပိုင်း သတ္တဝါ စန်းတောမှ လေးမြားကိုဆွဲတင်နေသည့်ပုံစံဖြင့် ဖော်ပြသည်။ ဓနု နက္ခတာရာသည် အနောက်ဘက်တွင် ဆကော်ပီယပ်နှင့် အော်ဖီယူကပ် ကြယ်စုတန်းတို့၏ကြား၊ အရှေ့ဘက်တွင် ကာပရီကော်နပ်နှင့် မိုက်ခရိုစကော်ပီယမ် တို့၏ကြား၌ တည်ရှိသည်။
ကြယ်စုတန်း | |
အတိုကောက် | Sgr |
---|---|
မူလ | Sagittarii |
အသံထွက် | /ˌsædʒɪˈtɛəriəs/, genitive /-iaɪ/ |
သင်္ကေတ | မြားပစ်သမား |
ညာဘက်တိမ်းစောင်းမှု | 19° |
နိမ့်ဆင်းမှု | −25° |
ကြယ်စုတန်း မိသားစု | ရာသီခွင် |
ဂယ်လက်တစ် ကွာဒရပ် | SQ4 |
ဧရိယာ | 867 sq. deg. (15th) |
ပင်မကြယ်များ | 12, 8 |
Bayer/Flamsteed ကြယ်များ | ၆၈ |
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ | ၃၂ |
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ | ၇ |
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ | ၃ |
အတောက်ပဆုံးကြယ် | ε Sgr (Kaus Australis) (1.79m) |
အနီးဆုံးကြယ် | Ross 154 (9.69 ly, 2.97 pc) |
Messier objects | ၁၅ |
အနီးအနား ကြယ်စုတန်းများ | |
လတ္တီကျု +၅၅° နှင့် −၉၀° ကြားတွင် မြင်နိုင်သည် ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဩဂုတ်လဖြစ်သည်။ |
နဂါးငွေ့တန်း ဂလက်ဆီ၏ အလယ်ဗဟိုသည် ဓနု နက္ခတ်တာရာ၏ အနောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ (ဆာဂျစ်ထယ်ရီယပ်စ် အေ ကိုကြည့်ပါ)
ကိုးကား
ပြင်ဆင်ရန်ဤ နက္ခတ္တဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |