ဤဆောင်းပါးသည် နက္ခတ္တဗေဒဆိုင်ရာ ကြယ်စုတန်း အကြောင်း ဖြစ်သည်။ ရာသီခွင် သင်္ကေတ အတွက် ဓနု (ဗေဒင်) ကို ကြည့်ပါ။

ဓနု နက္ခတ်တာရာ (Sagittarius) သည် ၁၂ ရာသီခွင်နက္ခတာရာတစ်ခုဖြစ်ပြီး တောင်ကမ္ဘာလုံးခြမ်းဘက်တွင် တည်ရှိသည်။ ယင်းသည် နက္ခတ္တပညာရှင် တော်လမီပြုစုသော ကြယ်စုတန်း ၄၈ ခုစာရင်းတွင်ပါဝင်ပြီး ခေတ်သစ် ၈၈ ကြယ်စုတန်းများစာရင်း၌လည်း ပါဝင်လျက်ရှိသည်။ ဆာဂျစ်ထယ်ရီယပ်စ် (Sagittarius) ဆိုသည်မှာ လက်တင်ဘာသာစကားဖြင့် မြားပစ်သမားဟု အဓိပ္ပာယ်ရသည်။ သင်္ကေတမှာ (U+2650 sagittarius) မြားပုံစံဖြစ်သည်။ ဓနု နက္ခတာရာဓနုသည် မြင်းတပိုင်းလူတပိုင်း သတ္တဝါ စန်းတောမှ လေးမြားကိုဆွဲတင်နေသည့်ပုံစံဖြင့် ဖော်ပြသည်။ ဓနု နက္ခတာရာသည် အနောက်ဘက်တွင် ဆကော်ပီယပ်နှင့် အော်ဖီယူကပ် ကြယ်စုတန်းတို့၏ကြား၊ အရှေ့ဘက်တွင် ကာပရီကော်နပ်နှင့် မိုက်ခရိုစကော်ပီယမ် တို့၏ကြား၌ တည်ရှိသည်။

Sagittarius
ကြယ်စုတန်း
Sagittarius
အတိုကောက်Sgr
မူလSagittarii
အသံထွက်/ˌsæɪˈtɛəriəs/,
genitive /-i/
သင်္ကေတမြားပစ်သမား
ညာဘက်တိမ်းစောင်းမှု19°
နိမ့်ဆင်းမှု−25°
ကြယ်စုတန်း မိသားစုရာသီခွင်
ဂယ်လက်တစ် ကွာဒရပ်SQ4
ဧရိယာ867 sq. deg. (15th)
ပင်မကြယ်များ12, 8
Bayer/Flamsteed
ကြယ်များ
၆၈
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ၃၂
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ
အတောက်ပဆုံးကြယ်ε Sgr (Kaus Australis) (1.79m)
အနီးဆုံးကြယ်Ross 154
(9.69 ly, 2.97 pc)
Messier objects၁၅
အနီးအနား
ကြယ်စုတန်းများ
လတ္တီကျု +၅၅° နှင့် −၉၀° ကြားတွင် မြင်နိုင်သည်
ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဩဂုတ်လဖြစ်သည်။

နဂါးငွေ့တန်း ဂလက်ဆီ၏ အလယ်ဗဟိုသည် ဓနု နက္ခတ်တာရာ၏ အနောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ (ဆာဂျစ်ထယ်ရီယပ်စ် အေ ကိုကြည့်ပါ)