သာသနာ့၌ ထင်ရှားသော ဓမ္မပါလထေရ် နှစ်ပါး ရှိပါသည်။

(၁) အဘိညာဉ် ၆-ပါးပိုင်ရှင် အရှင်ဓမ္မပါလထေရ်[]။ (ယင်းသည် ဘဝထိုထို၌ ကုသိုလ်ကောင်းမှုကို ဆည်းပူးခဲ့သူပေတည်း။ အတ္ထဒဿီဘုရားရှင် လက်ထက် အတ္ထဒဿီ ဘုရားရှင်အား ညောင်ကြပ်သီးလှူခဲ့ဘူးသော ကောင်းမှုကြောင့် ဤ ဘုရားရှင်လက်ထက်တွင် အရှင်ဓမ္မပါလထေရ်အမည်ဖြင့် အဘိညာဉ် ၆-ပါး ပိုင်ရှင် ရဟန္တာ ဖြစ်လာသည်။) []

(၂) ဗဒရတိတ္ထကျောင်း နေ အဋ္ဌကထာ, ဋီကာကျမ်းပြု အရှင်ဓမ္မပါလထေရ်။ (ယင်းသည် A.D. ၅-ရာစု ကုန်ခါနီး ၆-ရာစု သို့မဟုတ် A.D. ၁၀-ရာစုတွင် ပေါ် ထွန်းခဲ့သည်၊ အိန္ဒိယတောင်ပိုင်း ကဉ္ဇိပူရမြို့ ဇာတိ ဖြစ်သည်၊ သီဟိုဠ်ကျွန်း အနုရာဓမြို့ မဟာဝိဟာရကျောင်းတိုက်၌ ပညာသင်ကြားပြီး အိန္ဒိယ တောင်ပိုင်း တန်ဂျိုမြို့ အရှေ့ဖက် ၃၅-မိုင်ကွာ နာဂပဋ္ဋမြို့ ဓမ္မာသောကမင်းကြီး၏ ကောင်းမှုတော် ရှေး ဟောင်းကျောင်းတိုက်ဖြစ်သည့် ဗဒရတိတ္ထ ကျောင်းတိုက် (ဆီးပင်ဆိပ်ကျောင်းတိုက်)၌ ကြာမြင့်စွာ သီတင်း သုံးတော် မူခဲ့သည်။

ပြုစုခဲ့သော ကျမ်းများ

ပြင်ဆင်ရန်

ဥဒါနဋ္ဌကထာ, ဣတိဝုတ္တကဋ္ဌကထာ, ဝိမာနဝတ္ထုအဋ္ဌကထာ, ပေတဝတ္ထုအဋ္ဌကထာ, ထေရဂါထာအဋ္ဌကထာ, ထေရီဂါထာအဋ္ဌကထာ, စရိယာပိဋကအဋ္ဌကထာ, နေတ္တိအဋ္ဌကထာ, ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ, ဒီဃနိကာယဋီကာ, မဇ္ဈိမနိကာယဋီကာ, သံယုတ္တနိကာယဋီကာ, အင်္ဂုတ္တရနိကာယဋီကာ (မပြီးဆုံး), နေတ္တိဋီကာ, အဘိဓမ္မာ အနုဋီကာတို့ကိုလည်း ပြုစုတော်မူခဲ့သည်။ အကျယ် ဝိသုတာ။ ၄၂-၅၀။ D.P. P.L.C., သီဟိုဠ် ပါဠိသာဟိတျ-တို့ ကြည့်။) [] []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ဓမ္မပါလတ္ထေရ (ပု) [ဓမ္မပါလ+ထေရ] ဓမ္မပါလထေရ်၊
  2. ယော ဟဝေ ဒဟရော ဘိက္ခူတိ အာယသ္မတော ဓမ္မပါလတ္ထေရဿ ဂါထာ။ ထေရ၊ဋ္ဌ၊၁၊၄၁၆။
  3. “ကောသေယျကဋ္ဋိဿမယန္တိ ကောသေယျကသဋ္ဌမယ”န္တိ အာစရိယဓမ္မပါလတ္ထေရေန ဝုတ္တံ။ သာရတ္ထ၊၃၊၂၉၅။ (သီ၊ဋီ၊သစ်၊၂၊၃၃။ အံ၊ဋီ၊၁၊၁၉၈။)
  4. တိပိဋကအဘိဓာန် အတွဲ-၁၁