နက္ခတ္တပညာရှင် သည် သိပ္ပံပညာရှင်တစ်မျိုးဖြစ်ပြီး ကမ္ဘာအပြင်ဘက် ဂြိုဟ်များ ကြယ်များ ဂယ်လက်ဆီများအား လေ့လာသော ပညာရှင်ဖြစ်သည်။ ထိုပညာရှင်များသည် နေစကြဝဠာ၊ ကြယ်တို့၏ ဆင်းကဲပြောင်းလဲမှု ဂလက်ဆီများ ဖွဲ့တည်ပုံ အစရှိသည်များကို လေ့လာကြသည်။ စကြဝဠာတစ်ခုလုံးအား လေ့လာသည့် စကြဝဠာဗေဒ ဘာသာရပ်နှင့်လည်း ဆက်စပ်လေသည်။

The Astronomer by Johannes Vermeer

နက္ခတ္တပညာရှင်အား ၂ မျိုး ခွဲခြားနိုင်သည်။ ကြယ် ဂြိုဟ်များအား တိုက်ရိုက် အမြင်အားဖြင့် လေ့လာသောပညာရှင်နှင့် လေ့လာ၍မရနိုင့်သည့် သီအိုရီဆိုင်ရာ model များအား ကြံဆသော ပညာရှင်များဟူ၍ ၂ မျိုး ခွဲခြားနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော်​ ကြယ် သို့မဟုတ် ဂယ်လက်ဆီတစ်ခု သေဆုံးချိန်သည် နှစ်ပေါင်း ဘီလီယံများစွာ ကြာမြင့်ရာ ပညာရှင်များအနေဖြင့် မတူညီသော စနစ်များအား လေ့လာ သုံးသပ်ရသောကြောင့်ပင်ဖြစ်သည်။ ထို့အပြင် ဂြိုဟ်များဆိုင်ရာ နက္ခတ္တဗေဒ၊ ဂယ်လက်ဆီများအား လေ့လာသာ နက္ခတ္တဗေဒ၊ စကြဝဠာဗေဒ အစရှိသည်ဖြင့် ဘာသာရပ်ခွဲများလည်း ရှိသေးသည်။