ဂဠုန်ပြည် ဂဠုန်၊ နဂါးပြည် နဂါး
မြန်မာစကားပုံ
(နဂါးပြည် နဂါး၊ ဂဠုန်ပြည် ဂဠုန် မှ ပြန်ညွှန်းထားသည်)
ဂဠုန်ပြည် ဂဠုန်၊ နဂါးပြည် နဂါး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ဂဠုန်ပြည်တွင် ဂဠုန်မင်းမူ၍ နဂါးပြည်တွင် နဂါးမင်းမူသကဲ့သို့ သူ့နေရာတွင်သူ ကိုယ့်နေရာတွင်ကိုယ် တွင်ကျယ်ကြသည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်
- နဂါးပြည် နဂါး၊ ဂဠုန်ပြည် ဂဠုန် နှင့်အတူတူဖြစ်သည်။
မူလရင်းမြစ် ပြင်ဆင်ရန်
- "နဂါးပြည် နဂါး၊ ဂဠုန်ပြည် ဂဠုန်ဆိုတဲ့စကားအတိုင်း ကိုယ်အစိုးရတဲ့နေရာမှာတော့ ကြိမ်းဝါးတတ်တာမျိုးမို့" [၁၂၈၆] သောတ၊ တ။ ၁၉၀။
- "မြန်မာ့သနင်း၊ မင်းတို့ပိုင်လျဉ်၊ ဆိုစဉ်စကား၊ မည်မကြားတည့်၊ နဂါးတစ်သုန်၊ ဂဠုန်ဝဲပျံ၊ လဲလက်ပံဟု၊ အသံဟဟ၊ ဟုံးစုံးကြလျက်၊" [၁၁၈၄] အာသံ * ၂၃။