နည်းပညာတက္ကသိုလ်(မိတ္ထီလာ)

မြန်မာနိုင်ငံ မိတ္ထီလာမြို့ရှိ တက္ကသိုလ်

နည်းပညာတက္ကသိုလ်(မိတ္ထီလာ) သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့တွင် တည်ရှိသည်။ အစိုးရနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။

သင်ကြားရေးဌာနများ ပြင်ဆင်ရန်

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တွင် အောက်ပါသင်ကြားရေးဌာနများ ပါရှိသည်။

  • မြို့ပြအင်ဂျင်နီယာဌာန
  • အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာ ဌာန
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • သတင်းအချက်အလက်နည်းပညာဌာန

ဘာသာရပ်များ ပြင်ဆင်ရန်

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တွင် အောက်ပါ ဘာသာရပ်များအတွက် ဘွဲ့ကြို သင်တန်းများကို တက်ရောက်နိုင်သည်။

ဘာသာရပ် ဘွဲ့ (၅ နှစ်) မဟာဘွဲ့ (၇ နှစ်) ဒီပလိုမာ (၂ နှစ်)
မြို့ပြအင်ဂျင်နီယာ B.E A.G.T.I
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး B.E. A.G.T.I
လျှပ်စစ်စွမ်းအား B.E. A.G.T.I
စက်မှုအင်ဂျင်နီယာ B.E. A.G.T.I
သတင်းအချက်အလက်နည်းပညာ B.E. A.G.T.I

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်