နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ်

၂၀၁၉ ခုနှစ် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ

နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ် (အင်္ဂလိပ်: Angel's Last Mission: Love ၊ ဟန်းဂု: 단, 하나의 사랑) သည် ၂၀၁၉ ခုနှစ် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ရှင်းဟေဆွန်း၊ ဂင်မြောင်ဆူ၊ လီဒုံဂွမ်၊ ဂင်ဘိုမီ၊ ဒိုဂျီဝန်းနှင့် ဂင်အင်ဂွမ်တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။ ဤရုပ်သံဇာတ်လမ်းတွဲကို ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ ၂၂:၀၀ (KST) အချိန်တွင် KBS2 ရုပ်သံလိုင်း၌ မေ ၂၂၊ ၂၀၁၉ မှ ဇူလိုင် ၁၁၊ ၂၀၁၉ အထိ ထုတ်လွှင့်ပြသခဲ့သည်။

နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ်
အမျိုးအစား
  • အချစ်
  • စိတ်ကူးယဉ်
ဖွံ့ဖြိုးသူKBS Drama Production
ရေးသားသူချွဲယွန်းခယို
ဒါရိုက်တာလီဂျောင်ဆု
သရုပ်ဆောင်
  • ရှင်းဟေဆွန်း
  • ဂင်မြောင်ဆူ
  • လီဒုံဂွမ်
  • ဂင်ဘိုမီ
  • ဒိုဂျီဝန်း
  • ဂင်အင်ဂွမ်
နိုင်ငံတောင်ကိုရီးယား
ဘာသာစကားကိုရီးယား
အပိုင်းပေါင်း၃၂[မှတ်စု ၁]
ထုတ်လုပ်မှု
အမှုဆောင် ထုတ်လုပ်သူ
  • ဂျိုယွန်းဂျောင်
  • ဂျောင်ဟယ်လျောင်း
Camera setupSingle-camera
ပြသချိန်၃၅ မိနစ်[မှတ်စု ၁]
ထုတ်လုပ်သည့် ကုမ္ပဏီ
  • Victory Contents
  • Monster Union
ဖြန့်ချိသူKorean Broadcasting System
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းKBS2
ရုပ်ပုံအမျိုးအစား1080i (HDTV)
အသံထွက်အမျိုးအစားDolby Digital
မူလပြသမှုမေ ၂၂၊ ၂၀၁၉ (၂၀၁၉-၀၅-၂၂) – ဇူလိုင် ၁၁၊ ၂၀၁၉ (၂၀၁၉-၀၇-၁၁)
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

လီယွန်းဆို (ရှင်းဟေဆွန်း) သည် ဘဲလေးအကကရာ၌ အလွန်ပါရမီပါသူတစ်ဦးဖြစ်ပြီး သူမ၏ မိသားစုသည် Fantasia အမည်ရှိ ဘဲလေးအက ကုမ္ပဏီကို ပိုင်ဆိုင်သည်။ သို့သော် သူမသည် ဘဲလေးအကကနေစဉ် မတော်တဆမှုတစ်ခုကြောင့် မျက်လုံးကွယ်သွားခဲ့သည်။ သူမသည် သူမ၏ ဝန်ထမ်းများ၊ အတွင်းရေးမှူး၊ အိမ်တော်ထိန်းနှင့် မိသားစုဝင်များ အပါအဝင် လူအများအပေါ်တွင် ကြမ်းတမ်းစွာစကားပြောဆိုတတ်သည်။ ဂင်ဒန် (ဂင်မြောင်ဆူ) သည် အကောင်းမြင်တတ်၍ အပူအပင်ကင်းမဲ့သော နတ်သားတစ်ပါးဖြစ်ပြီး၊ အမြဲမပြတ် အခက်အခဲများနှင့် ကြုံတွေ့နေရတတ်သည်။ သူသည် ကောင်းကင်သို့ ပြန်သွားနိုင်ရန်အတွက် မစ်ရှင်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုမစ်ရှင်မှာ ယွန်းဆိုအား အစစ်ချစ်တစ်ခု ရှာဖွေပေးရန်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းကိုယ်တိုင် သူမအား ချစ်ကျွမ်းဝင်လာခဲ့သည်။

သရုပ်ဆောင်များ ပြင်ဆင်ရန်

ဇာတ်ဆောင်များ၊ ဇာတ်ပို့များ ပြင်ဆင်ရန်

  • လီယွန်းဆို အဖြစ် ရှင်းဟေဆွန်း

အချစ်ကို မယုံကြည်သော ဘဲလေးကချေသည်တစ်ဦးဖြစ်သည်။

  • ဒန်/ ဂင်ဒန်/ ယူဆောင်းဝူ အဖြစ် ဂင်မြောင်ဆူ

တာဝန်ပြီးမြောက်မှ ကောင်းကင်သို့ ပြန်သွားနိုင်မည့် နတ်သားတစ်ပါးဖြစ်သည်။

  • ဂျီဂန်ဝူ အဖြစ် လီဒုံဂွမ်

လီယွန်းဆို၏ နည်းပြဆရာနှင့် ဘဲလေးအကသင်တန်းနည်းပြတစ်ဦးဖြစ်သည်။ ၎င်းသည် ယခင်ကနတ်သားတစ်ပါးဖြစ်ခဲ့ဖူးပြီး၊ သူသည် လီယွန်းဆိုအ‌ပေါ် စိတ်ဝင်စားမှုရှိသည်။

  • ဂန်နီနာ အဖြစ် ဂင်ဘိုမီ

လီယွန်ဆို၏ ဝမ်းကွဲညီမတစ်ဦးဖြစ်ပြီး ဘဲလေးကချေသည်တစ်ဦးလည်း ဖြစ်သည်။ သူမသည် ဂျီဂန်ဝူကို တစ်ဖက်သတ်စိတ်ဝင်စား‌ခဲ့သည်။

  • ချွဲယောင်းဂျာ အဖြစ် ဒိုဂျီဝန်း

ဂန်နီနာ၏ အမေဖြစ်ပြီး Fantasia ဘဲလေးအက ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သည်။ သူမသည် လောဘစိတ်ကြီးသူတစ်ဦးလည်း ဖြစ်သည်။

  • ဟူး အဖြစ် ဂင်အင်ဂွမ်

ဒန်အား တာဝန်များပေးအပ်သည့် ကောင်းကင်တမန်မင်းဖြစ်သည်။

ဇာတ်ရံများ ပြင်ဆင်ရန်

  • ဟွမ်ဂျောင်အန်း အဖြစ် လီယီနာ
  • ဂျောင်ယူမီ အဖြစ် ဝူဟီးဂျင်
  • ဘတ်ဂယောင်အီလ် အဖြစ် လီဟွာလျောင်း
  • ဂန်ရူနာ အဖြစ် ဂီလ်အန်းဟေး
  • ဂန်ဂီချန်း အဖြစ် ဂင်ဆောင်းဝတ်
  • ဂီဂျွန်းဆူ အဖြစ် လီဂျီယွမ်
  • ဂိုဆောင်းမင် အဖြစ် ဂျိုဆောင်းဟွန်း

အထူးပါဝင်မှုများ ပြင်ဆင်ရန်

  • ချိုဆောင်းဝမ် အဖြစ် ဂျန်ဟွန်းဆောင်း (အပိုင်း ၁-၂)
  • Doe stealer အဖြစ် ဂင်ဂီမူ (အပိုင်း ၁)
  • ယွန်းဆို၏အမေ အဖြစ် လီဆီနာ (အပိုင်း ၂)
  • ယွန်းဆို၏အဖေ အဖြစ် လီချွတ်ဂျွန် (အပိုင်း ၂)
  • ဘတ်ဆောင်းမြောင် (အပိုင်း ၂၊ ၇၊ ၉၊ ၁၁-၁၂)
  • ဘဲလေးအကကုမ္ပဏီ ဒါရိုက်တာ အဖြစ် ဘတ်ဝန်ဆောင်း (အပိုင်း ၄)

ထုတ်လုပ်ရေး ပြင်ဆင်ရန်

ဤဇာတ်လမ်းတွဲ၏ ပထမဆုံးဇာတ်ညွှန်းဖတ်ပွဲကို ဇန်နဝါရီ ၁၈၊ ၂၀၁၉ တွင် ယိုအီဒို၊ တောင်ကိုရီးယားရှိ KBS Annex Broadcasting Station ၌ ကျင်းပပြုလုပ်ခဲ့သည်။

Ratings ပြင်ဆင်ရန်

  • ဇယားထဲတွင် အပြာဖြင့်ဖော်ပြထားသောနံပါတ်များသည် အနိမ့်ဆုံးအဆင့်များဖြစ်ပြီး အနီဖြင့်ဖော်ပြထားသောနံပါတ်များသည် အမြင့်ဆုံးအဆင့်များဖြစ်သည်။
  • N/A သည် အဆင့်သတ်မှတ်ချက် မသိရှိရကြောင်းကို ရည်ညွှန်းသည်။
အပိုင်း မူလထုတ်လွှင့်သည့်နေ့စွဲ ပျမ်းမျှပရိသတ်မျှဝေမှု
AGB Nielsen[၂] TNmS
နိုင်ငံတစ်ဝန်း ဆိုးလ် နိုင်ငံတစ်ဝန်း
မေ ၂၂၊ ၂၀၁၉ ၇.၃% (8th) ၇.၇% (7th) ၇.၃%
၉.၂% (6th) ၉.၅% (5th) ၇.၇%
မေ ၂၃၊ ၂၀၁၉ ၆.၆% (12th) ၇.၅% (7th) ၆.၃%
၈.၆% (6th) ၈.၉% (4th) ၇.၂%
မေ ၂၉၊ ၂၀၁၉ ၈.၂% (8th) ၈.၆% (5th) ၇.၄%
၉.၄% (6th) ၉.၇% (3rd) ၈.၈%
မေ ၃၀၊ ၂၀၁၉ ၆.၇% (15th) ၆.၈% (12th) ၆.၅%
၈.၄% (8th) ၈.၇% (4th) ၇.၈%
ဇွန် ၅၊ ၂၀၁၉ ၆.၇% (11th) ၆.၉% (10th) ၅.၉%
၁၀ ၇.၉% (6th) ၈.၃% (5th) ၇.၄%
၁၁ ဇွန် ၆၊ ၂၀၁၉ ၆.၉% (12th) ၇.၇% (11th) ၆.၉%
၁၂ ၈.၇% (5th) ၉.၇% (5th) ၇.၅%
၁၃ ဇွန် ၁၂၊ ၂၀၁၉ ၆.၃% (12th) ၆.၆% (11th) ၆.၆%
၁၄ ၇.၃% (8th) ၇.၃% (9th) ၇.၆%
၁၅ ဇွန် ၁၃၊ ၂၀၁၉ ၇.၀% (11th) ၇.၂% (10th) ၅.၉%
၁၆ ၇.၈% (8th) ၇.၉% (7th) ၇.၅%
၁၇ ဇွန် ၁၉၊ ၂၀၁၉ ၆.၈% (11th) ၇.၀% (10th) ၆.၁%
၁၈ ၇.၉% (7th) ၈.၀% (7th) ၇.၀%
၁၉ ဇွန် ၂၀၊ ၂၀၁၉ ၆.၅% (13th) ၇.၄% (9th) ၅.၃%
၂၀ ၇.၉% (6th) ၈.၃% (7th) ၆.၆%
၂၁ ဇွန် ၂၆၊ ၂၀၁၉ ၇.၆% (9th) ၇.၇% (9th) ၆.၁%
၂၂ ၈.၁% (6th) ၈.၅% (7th) ၆.၇%
၂၃ ဇွန် ၂၇၊ ၂၀၁၉ ၅.၈% (16th) ၆.၆% (13th) ၅.၁%
၂၄ ၇.၁% (11th) ၇.၉% (9th) ၆.၂%
၂၅ ဇူလိုင် ၃၊ ၂၀၁၉ ၅.၅% (17th) ၅.၈% (15th) ၅.၆%
၂၆ ၆.၆% (9th) ၆.၈% (9th) ၆.၀%
၂၇ ဇူလိုင် ၄၊ ၂၀၁၉ ၅.၈% (15th) ၆.၃% (13th) N/A
၂၈ ၇.၂% (8th) ၇.၄% (7th) ၅.၁%
၂၉ ဇူလိုင် ၁၀၊ ၂၀၁၉ ၆.၈% (16th) ၇.၆% (10th) N/A
၃၀ ၇.၈% (9th) ၈.၇% (6th)
၃၁ ဇူလိုင် ၁၁၊ ၂၀၁၉ ၅.၁% (19th) ၅.၅% (18th) ၄.၁%
၃၂ ၇.၂% (12th) ၇.၇% (9th) ၅.၆%
ပျမ်းမျှ ၇.၃% ၇.၇% [မှတ်စု ၂]

ဆုများနှင့် ဆန်ကာတင်များ ပြင်ဆင်ရန်

နှစ် ဆု အမျိုးအစား Recipient ရလဒ် ကိုးကား
၂၀၁၉ 12th Korea Drama Awards Best New Actor ဂင်မြောင်ဆူ ဆန်ခါတင် [၃]
2019 KBS Drama Awards Top Excellence Award, Actress ရှင်းဟေဆွန်း ဆုရရှိ [၄]
Excellence Award, Actor in a Miniseries ဂင်မြောင်ဆူ ဆန်ခါတင်
Excellence Award, Actress in a Miniseries ရှင်းဟေဆွန်း ဆန်ခါတင်
Best Young Actor ဂိုဝူရင် ဆန်ခါတင်
Best New Actor ဂင်မြောင်ဆူ ဆုရရှိ
Netizen Award, Actor ဆန်ခါတင်
Netizen Award, Actress ရှင်းဟေဆွန်း ဆန်ခါတင်
Best Couple Award ဂင်မြောင်ဆူ နှင့် ရှင်းဟေဆွန်း ဆုရရှိ
K-Drama Hallyu Star ဂင်မြောင်ဆူ ဆုရရှိ

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

မှတ်စုများ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ In order to circumvent Korean laws that prevent commercial breaks in the middle of an episode, what would previously have been aired as single 70 minute episodes are now being repackaged as two 35 minute episodes, with two episodes being shown each night with a commercial break between the two.[၁]
  2. အချို့သောအဆင့်သတ်မှတ်ချက်များမှာ မှတ်တမ်းတင်ထားခြင်း မရှိသောကြောင့် ပျမ်းမျှအဆင့်သတ်မှတ်ချက်ကို ဖော်ပြ၍ မရနိုင်ပါ။

ကိုးကား ပြင်ဆင်ရန်

  1. "Drama viewers angry over commercial breaks"၊ The Korea TimesPressReader၊ May 16, 2017။ April 17, 2020 တွင် ပြန်စစ်ပြီး 
  2. Nielsen Korea (in ko)။ AGB Nielsen Media Research။ March 17, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 22, 2019 တွင် ပြန်စစ်ပြီး။
  3. '2019코리아드라마어워즈(KDA)' 연기대상 후보..김해숙·최수종·염정아·조정석 등 (in ko) (September 27, 2019)။
  4. Winners of the 2019 KBS Drama Awards (December 31, 2019)။ 6 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 31, 2019 တွင် ပြန်စစ်ပြီး။