အယ်လ် (တောင်ကိုရီးယား အဆိုတော်)

တောင်ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင်

ဂင်မြောင်ဆူ (မတ် ၁၃၊ ၁၉၉၂ မွေးဖွား) သည် တောင်ကိုရီးယားနိုင်ငံမှ အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အယ်လ်ဟု လူသိများသည်။ သူသည် ၂၀၁၀ ခုနှစ်တွင် Infinite အမျိုးသားအဖွဲ့၌ အဆိုရှင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၎င်း၏အဖွဲ့ခွဲ Infinite F တွင်လည်း ပါဝင်ခဲ့သည်။ သူသည် ဩဂုတ်လ ၂၀၁၉ တွင် Woollim Entertainment မှ နုတ်ထွက်ခဲ့သည်။ သို့သော် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခဲ့သည်။[၁]

အယ်လ်
၂၀၁၉ ခုနှစ်အတွင်း၌ တွေ့ရသော အယ်လ်
မွေးဖွားဂင်မြောင်ဆူ
(1992-03-13) မတ် ၁၃၊ ၁၉၉၂ (အသက် ၃၂)
ဆိုးလ်တောင်ကိုရီးယား
မိခင်ကျောင်းဒယ်ဂျောင်းတက္ကသိုလ်
အလုပ်အကိုင်
  • အဆိုတော်
  • သရုပ်ဆောင်
ဂီတခရီးလမ်း
ဂီတဟန်
  • K-pop
  • R&B
တူရိယာ
  • တေးသံရှင်
  • ဂစ်တာ
တက်ကြွသည့်နှစ်များ၂၀၁၀–လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
  • Woollim Entertainment
    (၂၀၁၀–၂၀၁၉)
  • Management Esang
    (၂၀၁၉–လက်ရှိ)
ပူးတွဲ ပါဝင်မှု
  • Infinite
  • Infinite F
ကိုရီးယားနာမည်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်김명수
ဟန်ဂျာ金明洙
RRအက္ခရာဖလှယ်ခြင်း:Gim Myeong-su
MRအက္ခရာဖလှယ်ခြင်း:Kim Myŏng-su

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

ဂင်မြောင်ဆူကို မတ် ၁၃၊ ၁၉၉၂[၂] တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် မွေးဖွားခဲ့သည်။ သူတွင် ၎င်းအောက် နှစ်နှစ်ငယ်သော ညီတစ်ဦးရှိသည်။ ဂင်သည် ဒွတ်ဆူအထက်တန်းကျောင်း၌ တက်ရောက်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃ တွင် ဒယ်ဂျောင်းတက္ကသိုလ်၌ ဂီတမေဂျာဖြင့် ဘွဲ့ရခဲ့သည်။[၃]

အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

၂၀၁၀-၂၀၁၆: Infinite F နှင့် သရုပ်ဆောင်လှုပ်ရှားမှုများ ပြင်ဆင်ရန်

ဇွန် ၂၀၁၀ ခုနှစ်တွင် အယ်လ်သည် Infinite အဖွဲ့၌ အဆိုရှင်အဖြစ် တရားဝင်ပွဲဦးထွက်ခဲ့သည်။[၄] ၂၀၁၁ ခုနှစ်တွင် ဂျပန်ဒရာမာဖြစ်သည့် Jiu Keishicho Tokushuhan Sousagakari တွင် သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့သည်။ ၎င်းဒရာမာကို TV Asahi တွင် ဇူလိုင်လတွင်း ပြသခဲ့သည်။[၅] ၂၀၁၂ ခုနှစ်တွင် tvN ၏ အချစ်ဟာသဇာတ်လမ်းတွဲဖြစ်သော Flower Band တွင် ရော့ခ်အဖွဲ့မှ ဂစ်တာတီးသူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၆] ၎င်းသည် MBC ၏ What's the Deal, Mom? အမည်ရှိ situation comedy တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[၇]

မေ ၁၅၊ ၂၀၁၃ ခုနှစ်တွင် အယ်လ်သည် L's Bravo Viewtiful အမည်ရှိ ဓာတ်ပုံအက်ဆေးစာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် အယ်လ်၏ ၉၃ ရက်ကြာ ခရီးအတွင်း ကိုယ်တိုင်ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသထားသည်။ ၎င်းစာအုပ်သည် အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး အွန်လိုင်းစာအုပ်အရောင်းဆိုင်များဖြစ်သည့် YES24 နှင့် Kyobo တို့တွင် ကြိုတင်မှာယူမှုစာရင်း၌ နံပါတ် ၁ ဖြစ်ခဲ့သည်။[၈] ဩဂုတ် ၂၀၁၃ ခုနှစ်တွင် SBS ၏ Master's Sun တွင် ဆိုးဂျီဆု၏ငယ်ဘဝအဖြစ် အသေးစားပါဝင်သရုပ်ဆောင်ခဲ့သည်။[၉]

၂၀၁၄ ခုနှစ်တွင် MBC ၏ Cunning Single Lady နှင့် SBS ၏ My Lovely Girl တို့တွင် ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၀][၁၁]

အယ်လ်သည် အဖွဲ့ဝင်များဖြစ်သည့် ဆန်းယောလ်နှင့် ဆန်းဂျုံတို့ဖြင့် Infinite F အဖွဲ့ခွဲကို ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့မှ နိုဝင်ဘာ ၁၉၊ ၂၀၁၄ တွင် Koi No Sign အမည်ရှိ စင်ဂယ်လ်အယ်လ်ဘမ်ကို ဂျပန်တွင် ထုတ်ဝေခဲ့သည်။ ဒီဇင်ဘာ ၂၀၁၄ တွင် Love Sign အမည်ရှိ ကိုရီးယားအယ်လ်ဘမ်ကို ထုတ်ဝေခဲ့သည်။[၁၂]

၂၀၁၅ ခုနှစ်တွင် ၎င်း၏ ပထမဆုံးရုပ်ရှင်ဖြစ်သည့် ငါးမန်းတစ်ကောင်နှင့် သူငယ်ချင်းဖြစ်သွားသောကောင်လေးတစ်ယောက်‌အကြောင်းကို ရိုက်ကူးထားသော Mister Shark တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၃]

၂၀၁၆ ခုနှစ်တွင် အယ်လ်သည် ကိုရီးယား-တရုတ် ဝက်ဘ်ဒရာမာဖြစ်သည့် My Catman တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၄] သူသည် အထူးဒရာမာဖြစ်သည့် The Day After We Broke Up တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းဇာတ်လမ်းတွဲသည် သူ၏ ပထမဆုံးဇာတ်ဆောင်နေရာ၌ ပါဝင်သရုပ်ဆောင်ရခြင်းဖြစ်သည်။[၁၅]

၂၀၁၇-လက်ရှိ: လူသိများထင်ရှားလာခြင်း ပြင်ဆင်ရန်

၂၀၁၇ ခုနှစ်တွင် အယ်လ်သည် MBC ၏ နန်းတွင်းကားဖြစ်သည့် The Emperor: Owner of the Mask တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၆] ထိုဇာတ်လမ်းတွဲသည် သူသည် ဘုရင့်အရာဆက်ခံသော နန်းတွင်းသားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ကြည့်ရှုသူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ၎င်းနောက် MBC Dramanet ၏ Actor of the Month အဖြစ် ရွေးချယ်ခြင်းခံရခဲ့သည်။[၁၇]

၂၀၁၈ ခုနှစ်တွင် အယ်လ်သည် ဥပဒေဒရာမာတစ်ခုဖြစ်သည့် Miss Hammurabi တွင် တရားသူကြီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၈][၁၉] ဤဇာတ်လမ်းတွဲတွင် သူ၏ သရုပ်ဆောင်မှုအ‌ပေါ် လူကြိုက်များခဲ့ပြီး နာမည်ကျော်လာခဲ့သည်။[၂၀][၂၁][၂၂]

၂၀၁၉ ခုနှစ်တွင် အယ်လ်သည် စိတ်ကူးယဉ်အချစ်ဒရာမာဖြစ်သည့် နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၂၃] ဩဂုတ် ၂၀၁၉ ခုနှစ်တွင် အယ်လ်သည် Woollim Entertainment မှ နုတ်ထွက်ခဲ့သည်။[၂၄]

၂၀၂၀ ခုနှစ်တွင် စိတ်ကူးယဉ်အချစ်ဒရာမာဖြစ်သည့် ညောင်၊ လျှို့ဝှက်သောကောင်လေးတွင် လူသားအသွင်ပြောင်းနိုင်သောကြောင်လေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၂၅][၂၆]

Discography ပြင်ဆင်ရန်

Singles ပြင်ဆင်ရန်

ခေါင်းစဉ် နှစ် Peak chart position ရောင်းအား အယ်လ်ဘမ်
KOR
[၂၇]
ခေါင်းဆောင်အနုပညာရှင်အဖြစ်
"It's All For You" ၂၀၁၃ N/A Single (အယ်လ်ဘမ်မဟုတ်သော)
"Reminisce" ၂၀၁၈ N/A Top Seed
Soundtrack များ၌ ပါဝင်မှု
"Love U Like U"
(ဂင်ယီရင် နှင့်အတူ)
၂၀၁၂ ၂၇ Flower Band OST'
"It's Okay Even If It's Not Me" (내가 아니어도 좋아) ၂၀၁၇ N/A The Emperor: Owner of the Mask OST
"The Nights That I Miss You" (널 그리는 밤) ၂၀၁၉ TBA Angel's Last Mission: Love OST
Compilation
"Go Get Her" (그녀를 잡아요)
(ပတ်ဂျယ်ဂျန် နှင့်အတူ)
၂၀၁၆ N/A King of Mask Singer အပိုင်း ၆၃
"In the Rain" (빗속에서) N/A
"—" သည် စာရင်းမဝင်ခြင်း သို့မဟုတ် ၎င်းနေရာ၌ မထွက်ရှိခြင်းကို ကိုယ်စားပြုသည်။

သီချင်းရေးသားခြင်းနှင့် ထုတ်လုပ်ခြင်း ပြင်ဆင်ရန်

နှစ် အယ်လ်ဘမ် အဆိုရှင် သီချင်း စာသား သံစဉ်
Credited နှင့်အတူ Credited နှင့်အတူ
၂၀၁၃ Single (အယ်လ်ဘမ်မဟုတ်သော) အယ်လ် "It's All For You" ရှိ ရှိ
၂၀၁၈ Top Seed အယ်လ် "Reminisce" ရှိ ဂျွန်းမင်ဂျီ မရှိ

Filmography ပြင်ဆင်ရန်

ရုပ်သံဇာတ်လမ်းတွဲ ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် နေရာ ကွန်ယက် မှတ်ချက် ကိုးကား
၂၀၁၁ Jiu Jiu TV Asahi ဂျပန်ဒရာမာ [၅]
Welcome to the Wara Store ၎င်းကိုယ်တိုင် Tooniverse အသံသီးသန့် [၂၉][၃၀]
၂၀၁၂ Flower Band လီဟွန်းဆူ tvN [၆]
Salamander Guru and The Shadows ၎င်းကိုယ်တိုင် SBS အသေးစားပါဝင်မှု၊ အပိုင်း ၃ [၃၁]
What is Mom? ဂင်မြောင်ဆူ MBC [၇]
၂၀၁၃ Master's Sun ဂျိုဂျွန်းဝန် (ငယ်ဘဝ) SBS [၉]
၂၀၁၄ Cunning Single Lady ဂီလ်ယိုဟန် MBC [၁၀]
My Lovely Girl ရှီဝူ SBS [၁၁]
၂၀၁၅ The Time We Were Not in Love ဂီဆန်းဂျယ် အသေးစားပါဝင်မှု၊ အပိုင်း ၂-၄ [၃၂]
၂၀၁၆ The Day After We Broke Up ယူတန် KBS2 ၊ KBS Japan နှင့် Netflix အထူးဒရာမာ [၁၅]
My Catman ဂျန်ဟိုယွန်း Tencent နှင့် MBC ဝက်ဘ်ဒရာမာ (မထွက်ရှိသေး) [၁၄]
၂၀၁၇ The Emperor: Owner of the Mask လီဆန်း MBC [၁၆]
၂၀၁၈ Ms. Hammurabi အင်ဘာရွန်း JTBC [၁၈]
၂၀၁၉ နတ်သားလေးရဲ့ နောက်ဆုံးမစ်ရှင်: အချစ် (Angel's Last Mission: Love) ဂင်ဒန် KBS2 [၂၃]
၂၀၂၀ ညောင်၊ လျှို့ဝှက်သောကောင်လေး (Meow, the Secret Boy) ဟုန်းဂျို [၂၅]
၂၀၂၀ – ၂၀၂၁ တော်ဝင်လျှို့ဝှက်အ​ထောက်​တော် ရှင်းအီဂ​ယောင်း

ထုတ်ဝေမှု ပြင်ဆင်ရန်

ဓာတ်ပုံစာအုပ် ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ထုတ်ဝေသူ ကိုးကား
၂၀၁၃ L's Bravo Viewtiful Tokyo [၈]
L's Bravo Viewtiful Part. 2 Tokyo

ဆုများနှင့် ဆန်ကာတင်များ ပြင်ဆင်ရန်

နှစ် ဆု ကဏ္ဍ Nominated Work ရလဒ် ကိုးကား
၂၀၁၃ Korea Drama Awards Best Young Actor Master's Sun ဆန်ခါတင်
၂၀၁၇ Seoul Webfest Awards Best Rising Star My Catman ဆန်ခါတင်
အထူးဆု ဆုရရှိ [၃၃]
Korea Drama Awards Best New Actor The Emperor: Owner of the Mask ဆန်ခါတင်
The Seoul Awards Popularity Award, actor ဆန်ခါတင်
2017 MBC Drama Awards Excellence Award, Actor in a Miniseries ဆန်ခါတင်
Best New Actor ဆန်ခါတင်
Popularity Award, actor ဆုရရှိ [၃၄]
Best Character Award, Fighting Spirit Acting ဆုရရှိ
Korea First Brand Awards Male Acting Idol N/A ဆန်ခါတင်
၂၀၁၈ 12th Soompi Awards Best Idol Actor The Emperor: Owner of the Mask ဆန်ခါတင် [၃၅]
6th APAN Star Awards Best New Actor Ms. Hammurabi ဆန်ခါတင် [၃၆]
3rd Asia Artist Awards Best Icon N/A ဆုရရှိ [၃၇]
2019 Asia Model Award Popular Star (Actor) Angel's Last Mission: Love ဆုရရှိ [၃၈]
၂၀၁၉ 12th Korea Drama Awards Best New Actor Angel's Last Mission: Love ဆုရရှိ [၃၉]
2019 KBS Drama Awards Excellence Award, Actor in a Miniseries ဆန်ခါတင် [၄၀]
Best New Actor ဆုရရှိ
Netizen Award, actor ဆန်ခါတင်
Best Couple Award

ရှင်းဟေဆွန်းနှင့်အတူ

ဆုရရှိ
K-Drama Hallyu Star ဆုရရှိ

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. 울림 측 "엘, 전속계약 종료‥인피니트 해체 NO"(공식입장 전문) (in ko) (August 19, 2019)။
  2. Mark Russell (April 29, 2014)။ K-Pop Now!: The Korean Music Revolution။ Tuttle Publishing။ p. 63။ ISBN 978-1-4629-1411-1
  3. 5 Infinite Members to Graduate from University Together (February 15, 2013)။ 10 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in Korean)။ Newsen (June 9, 2010)။ Retrieved March 15, 2010.
  5. ၅.၀ ၅.၁ 인피니트 엘, 일드 시청률 1위 日 시끌 (in ko) (August 9, 2011)။
  6. ၆.၀ ၆.၁ Lee၊ Nancy (January 6, 2012)။ Infinite's L Rocks Out in Flower Boy Band Still CutsenewsWorld။ CJ E&M။ July 3, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 30, 2013 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ INFINITE's L may land a role in MBC sitcom (September 3, 2012)။ 3 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ 인피니트 엘 포토에세이, 하루만에 베스트셀러 등극 (in ko) (May 16, 2013)။ 7 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Lee၊ Eun-ah (July 17, 2013)။ INFINITE's L to Make Cameo Appearance in So Ji-sub DramaTenAsia။ March 28, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  10. ၁၀.၀ ၁၀.၁ Jeong၊ Jee-won (January 20, 2014)။ Infinite's L Cast in Cunning Single Lady with Lee Min Jung and Joo Sang WookenewsWorld။ January 22, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 21, 2014 တွင် ပြန်စစ်ပြီး။
  11. ၁၁.၀ ၁၁.၁ ‘My Lovely Girl’ blends K-pop eye-candy and romance (September 15, 2014)။
  12. Infinite F unveils first Korean EP ‘Love's Sign’ (December 15, 2014)။
  13. Infinite L to make silver screen debut (August 18, 2015)။
  14. ၁၄.၀ ၁၄.၁ '마이캣맨' 임시완X엘, 채수빈 놓고 아슬아슬 삼각로맨스 '포착' (in ko) (September 24, 2016)။
  15. ၁၅.၀ ၁၅.၁ 인피니트 측 "엘, 단막극으로 연기돌 도전…연기연습 중" (in ko) (October 10, 2016)။
  16. ၁၆.၀ ၁၆.၁ Infinite's L to star in drama as Yoo Seung-ho's double (November 24, 2016)။
  17. Korean actor Kim Myung Soo has crushes on anime characters with long, wavy hair (September 28, 2017)။
  18. ၁၈.၀ ၁၈.၁ ‘Miss Hammurabi’ to search for warmhearted justice (May 21, 2018)။
  19. JTBC '미스 함무라비' 고아라X김명수X성동일 캐스팅 확정 (in ko) (January 15, 2018)။
  20. Kim Myung-soo receives praise for role in 'Miss Hammurabi' (July 19, 2018)။
  21. A career shift: From Infinite to beyond : After first lead role in a drama, Kim Myung-soo is ready to take on more (July 23, 2018)။
  22. Interview "Miss Hamurabi's" Kim Myung-soo (L) Talks about His Future as an Actor and Solo Music (July 18, 2018)။ 21 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  23. ၂၃.၀ ၂၃.၁ 김명수, ‘단, 하나의 사랑’ 출연 확정…천사 된다 [공식] (in ko) (December 17, 2018)။
  24. 울림 측 "엘, 전속계약 종료‥인피니트 해체 NO"(공식입장 전문) (in ko) (August 19, 2019)။
  25. ၂၅.၀ ၂၅.၁ L Confirms Role in KBS's "Welcome" (August 26, 2019)။
  26. Kim Myung Soo and Shin Ye Eun talk about their co-stars in Welcome (March 25, 2020)။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  27. Charted songs:
  28. Gaon Download Chart – March, 2012 (n.d.)။ April 14, 2017 တွင် ပြန်စစ်ပြီး။
  29. 인피니트 엘, ‘와라! 편의점’ 애니 캐릭터로 더빙도전 (in ko) (January 14, 2012)။ 18 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  30. Lee, Nancy။ "Infinite Members Become Voice Actors for ‘Wara! Store’ Cartoon"၊ enewsWorld၊ n.d.။ May 31, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 15 December 2015။ 
  31. 용준형 도롱뇽도사 카메오, 인피니트 엘+민호와 '꽃도둑 3인방' (in ko) (February 8, 2012)။ 10 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  32. Infinite's L talks about his role in weekend drama (July 6, 2015)။
  33. ‘서울웹페스트 2017’ 수상 후보 발표.. 30개국 124개 작품 경합 (in ko) (July 7, 2017)။ 20 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 April 2020 တွင် ပြန်စစ်ပြီး။
  34. Winners of the 2017 MBC Drama AwardsHancinema (December 30, 2017)။
  35. 13th Annual Soompi Awards: The WinnersSoompi (April 16, 2018)။ November 10, 2019 တွင် ပြန်စစ်ပြီး။
  36. 이병헌·손예진·아이유 APAN스타어워즈 노미네이트 (in ko) (September 27, 2018)။
  37. BTS win the Daesang at Asia Artist Awards 2018 – and are among Artists of the Year (November 28, 2018)။
  38. INFINITE's L, Lai Kuanlin, Stray Kids, Lovelyz, And More Win at 2019 Asia Model Awards (June 9, 2019)။
  39. '2019코리아드라마어워즈(KDA)' 연기대상 후보..김해숙·최수종·염정아·조정석 등 (in ko) (September 27, 2019)။
  40. Winners of the 2019 KBS Drama Awards (December 31, 2019)။