နန်းခမ်းနောင့်(၁၉၉၁ဖွား)[၁] သည် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်း၏ သမီးလတ်ဖြစ်သည်။ နန်းသည် I-KBZ Insurance ၏ သဘာပတိဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးတို့ကို ပံ့ပိုးပေးသည့် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း Brighter Future Myanmar Foundation ၏ ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။ သူမသည် ပရဟတိတစိတ်ရှိပြီး ကျားမတန်းတူညီမျှမှုအရေး နက်ရှိုင်းစွာဆောင်ရွက်သူဖြစ်သည်။ အမျိုးသမီးများကဏ္ဍကို မြှင့်တင်ပေးမှုကြောင့် အာဆီယံစီးပွားရေးစွမ်းဆောင်ရှင်ဆု ချီးမြှင့်ခံထားရသည်။[၂]

နန်းခမ်းနောင့်
မွေးဖွား၁၉၉၁
တောင်ကြီးမြို့
အခြား အမည်များMarlene
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇−ယနေ့ထိ
အိမ်ထောင်ဖက်(များ)Arno Willemink
မိဘ(များ)အောင်ကိုဝင်း
နန်းသန်းထွေး
ဆွေမျိုးသားချင်းနန်းလိုင်းခမ်း (အမ)
နန်းမိုဟွမ်(ညီမ)

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

သူမကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖခင်ဦးအောင်ကိုဝင်း၊မိခင် နန်းသန်းထွေးတို့က ၁၉၉၁တွင် မွေးဖွားသည်။မွေးချင်း (၃) ဦးအနက် ဒုတိယမြောက် သမီးဖြစ်သည်။ ငယ်စဉ်အခါက တောင်ကြီးမြို့တွင်ပင် ပညာသင်ကြားသည်။ယင်းနောက် စင်ကာပူ၊ လန်ဒန်နှင့် ကာတာတို့တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။

စီးပွားရေးနယ်ပယ်ထဲရောက်ရှိလာပုံ ပြင်ဆင်ရန်

သူမအသက် ၂၄နှစ်အရွယ်မှာပင် ကမ္ဘောဇဘဏ်၏ လူငယ် အမှုဆောင် ဒါရိုက်တာ ဖြစ်လာခဲ့သည်။[၃] ၂၀၁၇ ခုနှစ်တွင် သူမသည် ကမ္ဘောဇဘဏ်၏ Deputy CEO 3 အဖြစ် ရာထူးတိုးမြင့် ခံရသည်။[၄] သူမသည် ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မိုဘိုင်းပိုက်ဆံအိတ် KBZ Pay ကို မိတ်ဆက်ခဲ့သည်။[၅]

ပရဟိတဆောင်ရွက်မှုများ ပြင်ဆင်ရန်

၂၀၀၈ဆိုင်ကလုန်းမုန်တိုင်း နာဂစ် မြန်မာနိုင်ငံသို့ ရိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြစဉ် သူမသည် အမဖြစ်သူ နန်းလိုင်းခမ်း[၆] နှင့်အတူ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းမျာအား ဆောင်ရွက်သည်။ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ အိုးအိမ်ဆုံးရှုံးခဲ့ရသူများနှင့် မိသားစုများနှင့် တွေ့ဆုံကာ အားပေးသည်။ယင်းအပြင် ဖောင်ဒေးရှင်းတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင်း ပရဟိတကိစ္စများ အင်တိုက်အားတိုက်ဆောင်ရွက်သည်။

ရရှိခဲ့သော ဆုများ ပြင်ဆင်ရန်

အမေရိကန်အခြေစိုက် Forbesမဂ္ဂဇင်းက သူမကို မြန်မာနိုင်ငံရှိ လူငယ်စီးပွားရေးခေါင်းဆောင်များ၏ အတောက်ပဆုံးအလင်းတန်းများထဲမှ တစ်ခုဟု ဖော်ပြသတ်မှတ်သည်။သူမ၏ အောင်မြင်သော စီးပွားရေးလုပ်ကိုင်ပုံကိုလည်း ချီးကျူးသည်။[၇] ၂၀၂၀ခုနှစ်တွင် အာဆီယံက ချီးမြှင့်သော အာဆီယံ၏ ထူးချွန်သော စီးပွားရေးသမားများဆု( 5th ASEAN Entrepreneur Award 2020 )အား သူမရရှိသည်။[၈] ထိုဆုသည် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အမျိုးအစားဆု ဖြစ်သည်။[၉]

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် ခင်ပွန်းဖြစ်သူ နယ်သာလန်နိုင်ငံသား Arno Willemink နှင့် ၂၀၂၃ ခုနှစ် တွင် မင်္ဂလာဆောင်သည်။ကုန်ကျစရိတ်ကြီးမားသော ဧည့်ခံပွဲများ မပြုလုပ်ဘဲ လိုအပ်သည့်နေရာများသို့ သိန်းပေါင်း၉၀၀၀၀ ကျော် ရေစက်ချလှူသည်။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. The KBZ heiress bringing digital development to MyanmarEUROMONEY (12 October 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  2. Three winners picked for the 5th fifth ASEAN Entrepreneur Award at WKFPulse by Maeil Business News Korea (31 August 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်မှ Mr. Mike DeNoma ကို Special Advisor to the Chairman ခန့်အပ်KBZ Bank (၁၀ မေ ၂၀၁၇)။ ၁၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. KBZ Appoints New CEOThe Irrawaddy (11 May 2017)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  5. Working Lives Yangon: BankerBBC English (4 September 2015)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  6. Banking on changeChina Daily (22 February 2019)။ 10 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2023 တွင် ပြန်စစ်ပြီး။
  7. A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In MyanmarForbes (4 October 2017)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  8. Myanmar business woman wins 5th ASEAN Entrepreneur AwardMinistry of Information Myanmar (9 September 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  9. KBZ Bank Deputy CEO Marlene Nang Kham Noung Receives ASEAN Entrepreneur Award for Deepening Financial Inclusion and EqualityEleven Media Group (10 September 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  10. ကမ္ဘောဇဘဏ်သူဌေးဦးအောင်ကိုဝင်းရဲ့ သမီးလတ် ထိမ်းမြှား လက်ထပ်Myanma Moethauk Media (၂၈ နိုဝင်ဘာ ၂၀၂၃)။ ၂၈ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။