နန်းတက်ပွဲ(အင်္ဂလိပ်: Coronation)ဟူသည် တစ်စုံတစ်ဦးအား အုပ်ချုပ်သူအဖြစ် သရဖူကို အပ်နှင်းသည့် ပွဲဖြစ်သည်။ အပ်နှင်းခံရသူသည် အပ်နှင်းခံရသည့် နေ့မှ စ၍ သေဆုံးချိန် သို့မဟုတ် အာဏာလွှဲပြောင်းချိန်တို့ အထိ သက်ဆိုင်ရာ ဒေသကို အုပ်ချုပ်ပိုင်ခွင့်ရှိသူ ဘုရင်အဖြစ် သတ်မှတ်ခံရသည့် ပွဲဖြစ်သည်။ ဤသို့သော ပွဲမျိုးကို ယခုထိတိုင် ဘုရင်စနစ် ကျင့်သုံးနေဆဲ ဖြစ်သော အင်္ဂလန်ထိုင်းစသော နိုင်ငံများ၌ ကျင်းပလျက် ရှိသည်။

ဥရောပပုံစံ နန်းတက်ပွဲ