နရပတိ (အင်းဝ)

အင်းဝဘုရင်
နရပတိ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် နရပတိ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

နရပတိ (အင်းဝ) (၇ ဇွန် ၁၄၁၃ – ၂၄ ဇူလိုင် ၁၄၆၈) သည် အင်းဝထီးနန်းကို ၁၄၄၂ မှ ၁၄၆၈ အထိ အုပ်စိုးခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။

နရပတိ (အင်းဝ)
အင်းဝဘုရင်
နန်းသက်၂၅ ဧပြီ ၁၄၄၂ – ၂၄ ဇူလိုင် ၁၄၆၈
ရှေ့မင်းဆက်မင်းရဲကျော်စွာ (၁)
Successorသီဟသူရ (၁)
Viceroy of Prome
နန်းသက်၁၄၂၉ – ၁၄၄၂
ရှေ့မင်းဆက်မင်းမဟာ
နောက်မင်းဆက်မင်းရဲကျော်စွာ
မွေးဖွား၇ ဇွန် ၁၄၁၃
မြန်မာသက္ကရာဇ် ၇၇၅ ပထမဝါဆိုလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့
မိုးညှင်းမြို့
ကွယ်လွန်၂၄ ဇူလိုင်၊ ၁၄၆၈(1468-07-24) (အသက် ၅၅)
မြန်မာသက္ကရာဇ် ၈၃၀၊ ဝါခေါင်လဆန်း ၅ ရက်၊ တနင်္ဂနွေနေ့[၁]
ပြည်မြို့
ကြင်ရာတော်အတုလ သီရိ မဟာရာဇ ဒေဝီ[၂]
သားသမီးများသီဟသူရ
မင်းကြီးစွာ
သတိုးမင်းစော အပါအဝင်
သားသုံးဦး၊ သမီး ငါးဦး
စံအိမ်မိုးညှင်း
ခမည်းတော်မိုးညှင်းသတိုး
မယ်တော်ရှင်မြတ်လှ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ငယ်ဘဝပြင်ဆင်

မိုးညှင်းမင်းတရားနှင့် ရှင်မြတ်လှတို့၏ သားတော်အငယ် ဖြစ်သည်။

အိမ်နိမ့်ဘဝပြင်ဆင်

သီဟသူထံတွင် ကွမ်းရေကိုင်အဖြစ် အမှုထမ်းစဉ် အင်းဘဲရွာကို စားရသည်။

သီဟသူ အောင်ပင်လယ်တွင် လွန်သည်နောက် တိုင်းရေးပြည်ရာရှုပ်ထွေးစဉ် ရည်ငံရင်းဖြစ်သည့် တန်ဆောင်းမိဖုရားထံ၌ ကွမ်းခွက်ကိုင်အဖြစ် အမှုထမ်းသော မိလှညှက်ကို ခေါ်ကာ ဖခင်ရှိရာ မိုးညှင်းသို့ သွားသည်။ မိုးညှင်းသတိုးက ဝန်းသိုကို စားစေသည်။

မိုးညှင်းမင်း အင်းဝ၌ နန်းတက်သည်နောက် နော်ရထာဘွဲ့နှင့် ကန္နီကို ပေးသည်။

နောက် သီဟသူဘွဲ့နှင့် ပြည်မြို့ကို စားရလေသည်။

နန်းစံကာလပြင်ဆင်

ခမည်းတော်နှင့် နောင်တော်အရိုက်အရာ အဝထီးနန်းကိုစိုးစံတော်မူရန် ပြည်မှ အဝသို့ ဆန်ရာတွင် မိကျောင်း တစ်ကောင်သည် ဖောင်တော်နောက်ကသည် ရှေ့သို့ကူးသန်းပြေးလေ၏။ ရှေ့တော်မှ ချီတက်သော တပ်သားတို့က တွေ့မြင်ကြရာ မိကျောင်းကို ထိုးခုတ်သတ်ဖြတ်ကြလျှင် နောက်သို့ဆုတ်၍ ပြန်လည်သေ၏။ ထိုအခါ ပြည်မင်းသီဟသူက ပညာရှိ နန္ဒသူအမတ်အား မေးလေရာ -

မြင်တွေ့ရသော နိမိတ်မှာ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့ မင်းချည်းဖြစ်တော်မူမည်။ အရှင်မှာကား ပြည်မြို့သို့ ပြန်လည်၍ နတ်ပြည်စံတော်မူရမည့် နိမိတ်ဖြစ်ကြောင်းပါဟု လျှောက်တင်သည်။

အင်းဝသို့ရောက်လျှင် ပညာရှိမှူးမတ်တို့နှင့် တိုင်ပင်တော် မူပြီးလျှင် သက္ကရာဇ် (၈၀၄)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ သောကြာနေ့ နက္ခတ် ၂၃-လုံး တူလဂ်တွင် နန်းတက်သည်။ "'သီရိတြိဘဝနာဒိတျာပဝရနရပတိ မဟာရာဇာဓိပတိ"' ဘွဲ့တော်ခံယူသည်။ မိဘုရားမှာ "'အတုလသိရီမဟာဓမ္မရာဇဒေဝီ"' ဘွဲ့တော်ခံသည်။ သားတော်အကြီးအား မဟာသီဟသူ အမည်ဖြင့် အိမ်ရှေ့အပ်နှင်းသည်။

ကိုးကားပြင်ဆင်

  1. Hmannan Vol. 2 2003: 99
  2. Hmannan Vol. 2 2003: 82–83